ဒီနေ့အထိ ဂုဏ်ပြောင်၊ ဒီနေ့အထိ စံပြဖြစ်နေတဲ့ အရေးတော်ပုံကြီး
ဗမာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံလို့ ပြောလိုက်ရင် မျက်နှာဝင်းပသွားသူ၊ မျက်စိမျက်နှာ ပျက်သွားသူ၊ မျက်ရည်လည်လာသူ၊ မျက်နှာလွှဲသွားသူ စသဖြင့် အမျိုးမျိုးရှိပါတယ်။ အံကြိတ်တဲ့လူ၊ တက်ခေါက်တဲ့လူ ရှိသလို၊ သရော်ပြုံးပြုံးသူ၊ ကျေနပ်ပြုံးပြုံးသူတွေလည်း ရှိပါမယ်။ ရှစ်လေးလုံးရဲ့ တောင်းဆိုချက်တွေလို့ ပြောလိုက်ရင်လည်း တုံ့ပြန်ချက်တွေ အမျိုးမျိုးတွေ့ရမှာပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ၊ တောင်းဆိုချက်တွေ ဘယ်အထိအကောင်အထည် ပေါ်ခဲ့ပြီလဲလို့ မေးလိုက်ရင် လေးလေးနက်နက်ပြန်ဆွေးနွေးတဲ့လူလည်းရှိ၊ ကိုယ်နဲ့မဆိုင်သလို ရှောင်ဖယ်သူ၊ ဒိတ်အောက်နေတဲ့/ခေတ်နောက်ကျတဲ့ ပြဿနာကို တင်လာရကောင်းလားလို့ နှာခေါင်းရှုံ့သူလည်း ရှိပါမယ်။ ဘာပဲပြောပြော စစ်အုပ်စုထိပ်သီးတွေကတော့ ဒီလိုငြင်းခုံနေတာကိုကြည့်ပြီး ဒူးနှန့် ပြုံးနေကြမှာ…
