ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းအကျဉ်း
၁၉၃၉ တွင် မြေအောက်ပါတီအဖြစ် စတင်ထူထောင်သည်။ ပါတီဝင်အများအပြားသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သည့် “တပ်မတော်” တရပ် ထူထောင်ရာတွင် ပါဝင်ခဲ့သည်။
၁၉၄၂ မှ ၁၉၄၅ အထိ ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်ခဲ့သည်။ “တပ်မတော်” ကို ဖက်ဆစ်တော်လှန်ရေး တပ်မတော် ဖြစ်လာစေဖို့ နိုင်ငံရေးအတွေးအခေါ်အရ ပြုပြင်ရာတွင် ကွန်မြူနစ်များသည် အဓိကအခန်းက ပါခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေး အတွင်းတွင် ပါတီ၏ “ရဲခေါင်ပြောက်ကျားတပ်” များသည် အရေးပါသည့် အခန်းက ပါဝင်တိုက်ခိုက်ခဲ့သည်။ မြေအောက်အစုအဖွဲ့ကလေးဘဝမှ တပြည်လုံး လက္ခဏာဆောင်သည့် ဥပဒေတွင်းပါတီ အဖြစ် ပေါ်ထွက်လာသည်။
၁၉၄၅ မှ ၁၉၄၈ အထိ ဥပဒေတွင်းပါတီအဖြစ် ရပ်တည်ခဲ့သည်။ ပါတီ၏ သက်တမ်း “၆၅” နှစ်တွင် ထို (၃) နှစ်သာလျှင် ဥပဒေတွင်း ပါတီဘဝ ဖြစ်သည်။
၁၉၄၈ မှ ၁၉၈၉ အထိ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲကို ခေါင်းဆောင်ဆင်နွှဲခဲ့သည်။
၁၉၉၀ မှ ယခုအထိ မြေအောက်ပါတီအဖြစ်ဖြင့် ဒီမိုကရေစီအရေးတော်ပုံတွင် တတပ်တအား ပါဝင်ဆင်နွှဲနေသည်။
× × × × ×