Category Archives: သတင္း

ဗမာပြည်သူတွေမှာ အနာဂတ်ကိုထူထောင်နိုင်စွမ်းအပြည့်ရှိတယ်

ဗမာပြည်သူတွေမှာ အနာဂတ်ကိုထူထောင်နိုင်စွမ်းအပြည့်ရှိတယ် ရဲရင့်သံလွင် ခုတလော ဗမာပြည်ပြည်တွင်းစစ် ဖြစ်ပေါ်တိုးပွားမှုအပေါ် ကျရှုံးနိုင်ငံ ဖြစ်နိုင်တယ်ဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောသံတွေထွက်လာ သလို စစ်ကောင်စီရှုံးနိမ့်သွားရင် ဗဟိုမှာအာဏာကွက်လပ်ဖြစ်လာမယ်လို့စိုးရိမ်ပူပန်သံတွေပေးနေကြတယ်။ စစ်အုပ်စုမရှိရင်ဗမာပြည်သူတွေ ဘာမှမလုပ်တတ်ဘူးဆိုပြီး VOA ကနေမကြာခဏတက်ပြောနေတဲ့ ဂျိုးဇက်ဆီးဗားစတိုင်းလည်း ခါတော်မီ ပြန်ထွက်လာပြီး အနာဂတ်မှာ စစ်တပ်မပါလို့မဖြစ်ဘူးဆိုပြီးပြောပြန်တယ်။ စစ်အုပ်စုနဲ့တိုက်ပွဲတွေမှာ တိုင်းရင်းသားတပ်တွေ လှိုင်းလုံးစစ်ဆင်ရေးလုပ်တဲ့အတွက် အကျအဆုံးသိပ်များတယ်လို့ မကြာခဏပြောခဲ့တဲ့၊ အခုထိလဲ စစ်တပ်ကိုနိုင်ဖို့မလွယ်ဘူးလို့ပြည်သူကို စိတ်ခွန်အားပျက်အောင်လုပ်နေတဲ့ သတင်းသမား ဘာတေးလစ်တနာလမ်းကြောင်းခဲ့တဲ့အတိုင်းစစ်လော်ဘီတွေက ကိုးကန့်မှာအလောင်း ၂၀၀၀ ရရှိတယ်လို့မရှက်မကြောက်လိမ်ညာ ဝါဒဖြန့်နေသလို အမေရိကန် ၂၀၂၂ နိုင်ငံခြားရေးဌာနအကြမ်းဖက်ကိစ္စ အစီရင်ခံစာကလည်း ရွာတွေကိုမီးလောင်တိုက်သွင်း စပါးတွေနွားတွေ ပါမကျန်မီးရှို့၊ ခလေးမိန်းမသက်ကြီးရွယ်အိုတွေမကျန်သတ်နေတဲ့ ၊ လေကြောင်းကနေ တိုက် ခိုက်ဗုံးကြဲနေတဲ့စစ်အုပ်စုကို အကြမ်းဖက်စာရင်းထဲတောင်မထည့်ဘဲ ဒေသပြောက်ကျားတွေ၊ ပကဖတွေကိုပဲ အကြမ်းဖက်သမားအဖြစ် အစီရင်ခံနေတယ်။ လက်ရှိ ၁၀၂၇ စဆရနဲ့ ကရင်နီ ၁၁,၁၁ စဆရတွေ ချင်းတောင်တန်းတိုက်ပွဲတွေ စစ်ကိုင်းတိုင်းတိုက်ပွဲတွေကြောင့်ဖက်ဆစ်စစ်အုပ်စု အထိနာနေပုံတွေကိုအထူးမပြောတော့ပါ။ လက်ရှိအခြေအနေဘယ်ဖက်ကို ဦးတည်နေပါသလဲ။ အလွန်အကင်းပါးကြတဲ့ နိုင်ငံရေးမှာအံတိုနေကြပြီဖြစ်တဲ့အနောက်အုပ်စုက လှုပ်လှုပ်ရှားရှားဖြစ်နေကြတာကိုကြည့်ရုံနဲ့ သိသာထင်ရှားနေပါပြီ။ ဒါကြောင့်လဲ လစ်ဘရယ်သင်ရိုး ထဲက… Read More »

ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု ဘရစ် BRICS ရဲ့ ဖွံ့ဖြိုးရေးဘဏ်သစ် NDB

ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု ဘရစ် BRICS ရဲ့ ဖွံ့ဖြိုးရေးဘဏ်သစ် NDB မြစမ်းအေး ဘရာဇီး ရုရှား အိန္ဒိယ တရုတ် တောင်အာဖရိက တို့ပါဝင်တဲ့ BRICS အုပ်စုဟာ ဆက်လက်တိုးချဲ့ပြီး ဒေါ်လာလွှမ်းမိုးမှုကို စိန်ခေါ်မယ့် စီးပွားရေးဗိသုကာပုံစံသစ်ကို တည်ဆောက်လာနေပြီဖြစ်တယ်။ BRICS က ဖန်တီးလိုက်တဲ့ အရေးအကြီးဆုံး အဖွဲ့အစည်းကတော့ ဖွံ့ဖြိုးရေးဘဏ်သစ် New Development Bank (NDB) ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ (ဖွံ့ဖြိုးဆဲ) အတွက် အမေရိကန်ထိန်းချုပ်တဲ့ ကမ္ဘာ့ဘဏ်အစား အပြောင်းအလဲဖြစ်စေမယ့်ဘဏ်ဖြစ်ပါတယ်။ မတ်လ ၂၃ ရက်နေ့ (၂၀၂၃) က NDB အကြီးအကဲသစ်အဖြစ် တောင်အမေရိက လက်ဝဲအလုပ်သမားပါတီ ဘရာဇီးသမ္မတဟောင်း Dilma Rousfess ဒလ်မာရောစ်ဖက် ကို ခန့်အပ်လိုက်တယ်။ သူမက NDB ရဲ့ ရည်မှန်းချက်ဟာ အခြေအခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ဖို့၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့နဲ့၊ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးပဲ ဖြစ်တယ်လို့ ပြောတယ်။ သူမက… Read More »

ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေးပဲလုပ်ပါစေ၊ နိုင်ငံရေးမလုပ်ပါစေနဲ့-တဲ့

ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေးပဲလုပ်ပါစေ၊ နိုင်ငံရေးမလုပ်ပါစေနဲ့-တဲ့ ရဲဘော်ဖိုးသံချောင်း ဇွန်လ ၈ ရက်နေ့က သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရက ဦးတင်ဦးကိုပြောတဲ့ ဒေါ်စုကို နိုင်ငံရေးထဲမှာမပါပါစေနဲ့၊ ငြိမ်းချမ်းရေးကိစ္စပဲလုပ်ပါစေဆိုတဲ့ သတင်းတရပ်ဟာ မီဒီယာပေါ်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးအပါအဝင် စစ်အုပ်စုထိပ်သီးဗိုလ်ချုပ်တွေ မေလ၂၄ ရက်နေ့နဲ့ ဇွန်လ၄ရက်နေ့တွေတုန်းက နေပြည်တော်အချုပ်ထောင်ထဲမှာရှိတဲ့ ဒေါ်အောင် ဆန်းစုကြည်ကိုနှစ်ကြိမ်တောင်သွားတွေ့ပြီး ငြိမ်းချမ်းရေး အတွက် လုံးပန်းခိုင်းတယ်ဆိုတဲ့ သတင်းလည်း ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ စစ်အုပ်စုထိပ်သီးဗိုလ်ချုပ်တွေ မေလ ဒေါ်စုကို သွားတွေ့တယ်ဆိုတဲ့ သတင်းကိုတော့ စစ်ကောင်စီဘက်က ကောလာဟလ သတင်းတွေဆိုပြီး ငြင်းပါတယ်။ အဖြစ်မှန်ကို ဘူးခံငြင်းတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ စကစရဲ့ ပြန်ကြားရေးကိုက သတင်းမမှန် ပြန်ကြားရေးလို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ မဟုတ်လား။ ဒီလို ငြင်းဆန်တဲ့ မလိမ့်တပတ် ပြောစကားတွေထဲမှာကို စစ်တပ်အရာရှိတချို့ အရင်က သွားတွေ့ခဲ့ဖူးတာတွေ ရှိခဲ့ကြောင်း၊ ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့သွားစေဖို့ ဒေါ်စုကို တိုက်တွန်းမယ့်သူတွေကို သူတို့ပဲ ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း သူတို့ ဖုံးတဝက် ဖော်တဝက် ဝန်ခံလိုက်ရပါတယ်။ သူတို့က ဒေါ်စုနဲ့ ဒီချုပ်ကို ဒီမိုကရေစီရေးမှာ… Read More »

စည်းလုံးခြင်းဟာ အမြှောက်လက္ခဏာ

စည်းလုံးခြင်းဟာ အမြှောက်လက္ခဏာ မြစမ်းအေး ပါတီစုံစနစ်နဲ့ စစ်အာဏာရှင်စနစ်ဆိုတာ ပြဒါးတလမ်းသံတလမ်းပါပဲ။ သန်းရွှေစစ်အုပ်စုက အင်ဒိုနီးရှားဆူဟာတိုရဲ့ ဂိုလ်ခါပါတီကို အတုယူပြီး ၂၀၀၈ ကို ရေးဆွဲခဲ့တာပါ။ ၂၀၀၈ခြေဥမှာ ၂၅% အသာစီးယူထားတာတောင် စစ်အုပ်စု ရွေးကောက်ပွဲမနိုင်ဘူး။ လူထုက နိုင်ငံရေး အတွေ့ အကြုံများပြီး နိုင်ငံရေးအသိ နိုးကြားနေလို့ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရွေးကောက်ပွဲရှုံးလို့ အာဏာထပ်သိမ်းတာ ရှင်းပါတယ်။ လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတက သူတို့နိုင်ငံရဲ့ အတွေ့အကြုံကို လာပြောပြ စည်းရုံးဖို့ ဗိုလ်ချုပ်ကြီးတယောက်ကို လွှတ်ဦးမယ်ဆိုတော့ မင်းအောင်လှိုင်က စိတ်ဝင်စားပါ့မလား။ မင်းအောင်လှိုင်စစ်မျိုဆက် စိတ်ဝင်စားတာက စစ်အာဏာ အဓွန့်ရှည်ဖို့ပါ။ ပါတီစုံတွေ ဒီမိုကရေစီ တွေ ဖယ်ဒရယ်တွေ မဟုတ်ပါဘူး။ သူတို့က ၂၀၀၈ ခြေဥကိုလည်း ပြင်ဦးမယ်။ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီဥပဒေ စတာတွေကိုလည်း ပြင်ဦးမယ်။ ၁၉၇၄ မဆလတပါတီ အာဏာရှင်စနစ်ခြေဥလို (ဗြောင်လုပ်လို့ မကောင်းလို့) လက်ဝေခံပါတီအချို့နဲ့ အတုအယောင်ပါတီစုံကိုလုပ်ပြီး စစ်အာဏာရှင်စနစ် ပိုခိုင်မာအောင်၊ ရေရှည်တည်တံ့အောင် လုပ်နေတာပါ။ ဒေါ်စုနဲ့ဒီချုပ်ကို ဦးချိုးမှာပါ။ အပြတ်ရှင်းမှာပါ။ နိုင်ငံရေးရှင်သန်ခွင့်… Read More »

ရဲဘော်ထွန်း (သို့ မဟုတ်) ဗမာပြည် ရဲ့ ကြီးမြတ်တဲ့ ကြယ်နီ

ရဲဘော်ထွန်း (သို့ မဟုတ်) ဗမာပြည် ရဲ့ ကြီးမြတ်တဲ့ ကြယ်နီ —————————————————————– ( ရဲဘော်ထွန်း ရာပြည့် – သို့ အထိမ်းအမှတ်ပြု ချက် ) ဝင်းတင့်ထွန်း ( ၁ ) ဒီ ၂၀၂၃ ခုနှစ်ဟာ ‘ ရဲဘော်ထွန်း ရာပြည့်နှစ် ’ ။ ဗိုလ်ကြင်မောင် (ခေါ်) ရဲဘော်ထွန်း ကို ၁၉၂၃ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)ရက်နေ့ မှာ မွေးဖွားခဲ့တာဖြစ်တဲ့အတွက် ဒီ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)ရက်နေ့ မှာဆိုရင်- ရဲဘော်ထွန်း နှစ်(၁၀၀)တင်းတင်းပြည့်ပြီလေ-။ ဒီတော့ – ဒီနှစ်ဟာ ရဲဘော်ထွန်း ရာပြည့်နှစ်- ရဲဘော်ထွန်းရာပြည့်သမယ။ ၂၀၁၇ ခုနှစ်ထဲတုန်းက သခင်ဗဟိန်းရာပြည့် ။ ၂၀၁၉ ခုနှစ်ထဲမှာက လေထီးဗိုလ်အုန်းမောင် နဲ့ ဗိုလ်ချုပ်ကျော်ဇောတို့ ရာပြည့် ။ ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ ဗန်းမော်တင်အောင် နဲ့ ဗိုလ်မှူးချစ်ကောင်းရာပြည့် ။ ၂၀၂၁… Read More »

စာတည်းအဖွဲ့အမှာ

စာတည်းအဖွဲ့အမှာ အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် (၆) စာတည်းအဖွဲ့အမှာ (အပိုင်း ၁) (နိဒါန်း) (မင်းအောင်လှိုင်တို့ရဲ့ သွေးခွဲနည်းပရိယာယ်ခြေလှမ်းတွေကို သတိထားနိုင်ဖို့ လျှို့ဝှက်ချက်တခုကို မိတ်ဆက်ပေးပါမယ်။ မင်းအောင်လှိုင်က ကျွန်တော်တို့ပါတီဆီကို စိတ်ချရတဲ့ ပုဂ္ဂိုလ်တဦးကတဆင့် အတွင်းစကားတခု ပို့ဖူးတယ်။ “ကျွန်တော်တို့အတွင်းမှာ ဒီငါတကောကော လုပ်တဲ့မိန်းမကြီးနဲ့တော့ အလုပ်တွဲလုပ်သွားလို့ မဖြစ်တော့ဘူး”တဲ့။ (အေး-မင်းပြောတာတွေ ငါကတော့ ပါတီကို အစီရင်ခံရမှာပဲ)ဆိုတော့ “ခင်ဗျားတို့ပါတီ သိစေချင်လို့ ပြောတာပဲ”တဲ့။ ဒါဟာ ကြောင်လက်နဲ့ ပြာပူ အယက်ခိုင်းတဲ့ ကိစ္စ၊ လမ်းစဉ်မတူကြလို့ NLD နဲ့ CPB သဟဇာတမဖြစ်၊ ကွဲနေတာကို တည်ပေးလိုက်တာ ဖြစ်တယ်။ ဒီပြဿနာ ပွထလာရင် ပထမဆုံး ကျွန်တော်တို့ရဲဘော်ရဲ့ လျှို့ဝှက်ရေး လုံခြုံရေး ထိခိုက်မယ်။ မင်းအောင်လှိုင်ကတော့ ငါ့ရန်သူရဲ့ရန်သူဟာ ငါ့မိတ်ဆွေ ဖြစ်တယ်ဆိုတဲ့ လောဂျစ်ကို ကိုင်စွဲပြီး ခပ်တိမ်တိမ် တွက်ပုံရတယ်။ သိပ်မကြာလိုက်ပါ။ ဒီဝေါဟာရဟာ တပ်နဲ့ အရပ်ထဲ ပြန့်လာခဲ့တယ်။ ခုတော့ ကျွန်တော်တို့ ရဲဘော်ကွယ်လွန်သွားတာလည်း ကြာပါပြီ။ နောက်… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ(တော်လှန်ရေး ရုပ်ပုံလွှာ)မောင်လှဝင်း(မြင်းခြံ)အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်-၅ မှာ ဖော်ပြမယ့်ဆောင်းပါး> ဗမာပြည်ကွန်မြူနစ်ပါတီပါတီရဲ့ “တော်လှန်ရေးဂျာနယ်”(၁၉၅၀ ခုနှစ်ထုတ်)ထဲမှာ ဒို့ခေါင်းဆောင်ကြီး သခင်သန်းဖေဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ဖူးတယ်။ ဆောင်းပါးရဲ့အဆုံးသတ်မှာ (သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့)လို့ ဥဒါန်းကျူးရင့်ခဲ့တယ်။ ဂျာနယ်ကျော် ဒေါ်မမလေးဟာ သူ့ရဲ့ “သွေး”နဲ့ “ရင်နင့်အောင်မွှေး”ဝတ္တုတွေ ဂျပန်ဘာသာပြန်ဆိုဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဂျပန်ပြည်ကို သွားရောက်ခဲ့တယ်။ ဗမာပြည် စစ်အတွင်းကာလတုန်းက ကင်ပေတိုင်စစ်ဗိုလ်လုပ်ခဲ့ဖူးတဲ့ ဂျပန်တယောက်နဲ့ ဂျပန်ပြည်မှာတွေ့ဆုံမိတော့ “သခင်သန်းဖေ ရှိသေးလား”လို့ စိတ်ဝင်တစား မေးမြန်းတယ်။ ဂျာနယ်ကျော် ဒေါ်မမလေးက “မရှိတော့ဘူး”လို့ ပြန်ဖြေတော့ အဲဒီကင်ပေတိုင်စစ်ဗိုလ်ဟောင်းက “အဲဒီသခင်သန်းဖေဟာ လူမဟုတ်ဘူး။ နတ်ဘီလူး”ဆိုပြီး အံ့သြချီးမွမ်း ပြောဆိုခဲ့ဖူးတယ်။ သူ့ကို ဖြူး သခင်သန်းဖေလို့ လူသိများတယ်။ တချို့ကတော့ သခင်သန်းဖေ(တောင်ငူ)လို့ ရေးသားဖော်ပြတယ်။ တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စစ်ရေးတာဝန်ကို မယူတော့ဘဲ နိုင်ငံရေးကိုပဲ နှစ်မြှုပ်လုပ်မယ်လို့ ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားခဲ့ဖူးတယ်။ အဲဒီအခါ စစ်တပ်အတွက်စိတ်ချရအောင် စစ်တပ်ကို ခေါင်းဆောင်သွားနိုင်မယ့်သူကို ဗမာပြည် ကွန်မြူနစ်ပါတီထံက သူတောင်းတယ်။ ပထမဆုံး… Read More »