လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၏ ပါတီထူထောင်သည့် (၃၈)နှစ်ပြည့်မွေးနေ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သဝဏ်လွှာ
သို့ ဗဟိုကော်မတီ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အကြောင်းအရာ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၈) နစ်မြောက် တည်ထောင်သည့်နေ့ အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခြင်း။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခဲ့ သည်မှာ ၃၈ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ် အတွက် ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။ ရဲဘော်တို့ပါတီသည် ၈၈ အရေးတော်ပုံအတွင်း မွေးဖွားပေါ်ပေါက်လာသည့်ပါတီ ဖြစ်ပါသည်။ ထူထောင်ခဲ့သည့်အချိန်မှစ၍ စစ် ၃ စစ်အမြစ်ဖြတ်ရေးတိုက်ပွဲတွင်…


