ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇) နှစ်ပြည့် အထိမ်းအမှတ် ရုပ်သံမှတ်တမ်း

၁၉၃၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ က ရန်ကုန်မြို့မှာ စတင် ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၂၀၂၆ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့မှာ ၈၇ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်ထူထောင်ခဲ့ချိန်ကနေစလို့ ယနေ့အချိန်အထိ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး ခရီးရှည်ကြီးကို ချီတက်ပြီး တော်လှန်ရေး မိုးသက်လေပြင်းတွေကြား ဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဆက်ဆက်နဲ့ ပါတီဝင်တွေဟာလည်း သူတို့ရဲ့ အသွေး၊ အသားနဲ့ အသက်ကို အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တွန့်ဆုတ်မှု တချက်မရှိ ပေးဆပ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၇ နှစ်ကြာ အနိမ့်အမြင့် အတက်အကျတွေနဲ့ သေလောက်တဲ့ ဒဏ်ရာတွေကြား ပြန်ရုန်းထ အသက်ဝင်လာတဲ့ ပြည်သူ့ဒီိမိုကရေစီတော်လှန်ရေး ခရီးကြမ်းကို​ ယခု ရုပ်သံမှတ်တမ်းတိုမှာ မြင်တွေ့ရမှာပါ။ “ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး မုချအောင်ရမည်”

ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့် ပါတီမွေးနေ့အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာကြသော ပါတီဝင် ရဲဘော်အပေါင်းသို့ ပါတီပြောရေးဆို ခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း၏ နှုတ်ခွန်းဆက်အမှာစကား

ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့် ပါတီမွေးနေ့အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာကြသော ပါတီဝင်ရဲဘော်အပေါင်းသို့ ပါတီဗဟိုမှ ရဲဘော်ကြီး ရဲဘော်ကြည်အေး၏ အားပေးစကား

၈၇ နှစ်ပြည့် ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ

ဥဩချို အဓွန့်ရှည်ပါစေဆိုတာ သက်တမ်းရှည်ရေး သက်သက်မဟုတ်ဘူး။ ကောင်းမြတ်ဂုဏ်ရည်တွေ အောင်လံလွှင့်ပြီး ဆက်လက်တည်တံ့သွားစေရေးကို ပြောတာ။ အလုပ်သမားတပ်ဦး ပါတီတရပ်အနေနဲ့ ကိုလိုနီဘဝက လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပြီး ကိုလိုနီတပိုင်း အခြေအနေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်စစ်အုပ်စုစိုးမိုးတဲ့ အခြေအနေအောက်မှာ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့ ၈၇ နှစ် ခရီးဟာ ကြမ်းတမ်းပါတယ်။ ပါတီရဲဘော်တွေ ပေးခဲ့ရတဲ့ သွေးတွေဟာ မြစ်မရေစီးပဲ။ မီးတောက်မီးလျှံတွေ ဖြတ်ခဲ့ရ။ မိုးသက်မုန်တိုင်းမှာ နာကျင်ခဲ့ရ။ ပါတီဟာ မီးလျှံ၊ မိုးသက်မုန်တိုင်းတွေ ဖြတ်၊ ရုန်းထ ရှင်သန်လာရတဲ့ မသေငှက်ပဲ။ သေလုမျောပါး ဖြစ်ခဲ့ရတဲ့အကြိမ်တွေ ရှိခဲ့တယ်။ ၇၅ ခုနှစ်တုန်းကတကြိမ်။ ပဲခူးရိုးမရဲ့ မုန်တိုင်းသံတွေ ထစ်ချုန်းညံနေရာကနေ ရပ်စဲခဲ့ရ။ ဒီကာလမှာ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ ဥက္ကဋ္ဌ သခင်ဇင်၊ အတွင်းရေးမှူးသခင်ချစ်တို့ကအစ ပါတီရဲဘော်အပေါင်းဟာ တော်လှန်တဲ့သူရဲကောင်းဝါဒ စိတ်ဓာတ်ကို မြင့်မြင့်မား လွှင့်သွားခဲ့ပေမယ့် တခြားအကြောင်းများအပြင် စစ်ရေး နိုင်ငံရေး လက်ဝဲစွန်းလမ်းစဉ်အမှား-ဖြုတ်ထုတ်သတ်ခေါ် ပါတီတွင်းတော်လှန်ရေးလမ်းစဉ်အမှား၊ ခွင်ထဲက မထွက်ရေးစစ်ရေးအမှားတွေကြောင့် ပဲခူးရိုးမ တော်လှန်ရေးအခြေခံစခန်း လက်လွှတ်ခဲ့ရ။ ဒါနဲ့အတူ… Read More »

မာက့်စ်လီနင်ဝါဒ ၊ မော်စီတုန်းအတွေးသမားကြီး၊ ပစ္စည်းတော်လှန်ရေးရဲဘော်ကြီး၊ ဗမာပြည်အမျိုးသားပေါင်းစုံ ပြည်သူတို့ရဲ့ ခေါင်းဆောင်ကြီး ဥက္ကဌကြီး ရဲဘော်သခင်သန်းထွန်း

ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့် ပါတီမွေးနေ့အထိမ်းအမှတ် အနေနဲ့ ဗဟိုမော်ကွန်းတိုက် သုတေသီတဦးမှ “မာက့်စ်လီနင်ဝါဒ ၊ မော်စီတုန်းအတွေးသမားကြီး၊ ပစ္စည်းတော်လှန်ရေးရဲဘော်ကြီး၊ ဗမာပြည်အမျိုးသားပေါင်းစုံ ပြည်သူတို့ရဲ့ ခေါင်းဆောင်ကြီး ဥက္ကဌကြီး ရဲဘော်သခင်သန်းထွန်း” အမည်ရှိ စာတမ်းတစောင်ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့် ပါတီမွေးနေ့အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာကြသော ပါတီဝင်ရဲဘော်အပေါင်းအား ပါတီဗဟိုမှ ကြိုဆိုနှုတ်ခွန်းဆက်စကား

(ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့်အဖြစ် ပြုလုပ်သော မွေးနေ့အထိမ်းအမှတ်ပွဲတွင် – ရဲဘော်မင်းနိုင်မှ ဖတ်ကြားခဲ့ပါတယ်။)

ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်ဖိုးသံချောင်း(ကိုကိုးကျွန်းပြန်) ရဲဘော်ရဲ့ ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့အတွက် ဂုဏ်ပြုအမှာစကား

လူတ‌‌ယောက်ရဲ့ တဘဝ တနေရာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်တုန်းက၊ ကျနော့်ရဲ့လက်ရှိအသက်ရဲ့ တဝက် သာသာ လောက်တုန်းကဗမာပြည်ကြီးရဲ့အနောက်တောင်ဘက် လူမနီးသူမနီး ငါးမန်းကြီးတွေနဲ့ လှိုင်းကြီးတွေသာ စိုးမိုးတဲ့နေရာ လူလုပ်လှောင်ချိုင့်တွေထဲရောက်သွားပြီး ညလည်းရောက်က‌‌ရော ပင်လယ်ရေနဲ့ ခြေဆေးတဲ့ဘဝကို ရောက်သွားတယ်။ ဒီလိုနဲ့ နောက်တနေ့ကစပြီး ဗမာပြည်သမိုင်းမှာ တခါမှ မကြားဖူးတဲ့ ထောင်ဇာတ်လမ်း၊ထောင်အတွေ့….ဒီနောက်မှာတော့ ဗမာပြည်သမိုင်းမှာ ဘယ်တုန်းကမှ မကြားဖူး တဲ့တိုက်ပွဲမျိုးတွေ၊ မဟာမိတ်ဖွဲ့မှုတွေ၊ ရယ်မောသံတွေကို အဲဒီအဆောင် တွေထဲမှာတွေ့ရ၊ တိုးတိုးရော ကျယ်ကျယ်ပါ ကြားကြရပါတော့တယ်။ ဒီလိုနဲ့ဒီကျွန်းပေါ်မှာ ဗမာပြည်သမိုင်းတစ်လျှောက်တခါမှ၊ ဘယ်နေ ရာမှာမှ မကြားဖူး၊ မတွေ့ဖူးတဲ့ ထောင်တွင်းတိုက်ပွဲတွေ၊ လူတ‌ယောက် သေတိုင်း သွားလေသူသူတို့ရဲ့ရဲဘော်အတွက် သီချင်းသံပြိုင် အော်ဆိုကြတာတွေ မြင်ရ၊ ကြားရပါတော့တယ်၊၊ အလောင်း ၈ လောင်း အကြားမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ လူ၂၀၀ကျော်၊ အကုန်လုံးမကြားဖူး မကြုံဖူးတာတွေချည့်ဖြစ်နေလို့ ကိုယ့်ဘဝနဲ့အသိတွေ တဆစ်ချိုးပြောင်းသွားတဲ့နေရာလို့ပဲ မှတ်တမ်းထိုးလိုက်ပါတော့တယ်။ ဖိုးသံ (လူထု) ၃၁-၇-၂၀၂၆