PLA’s medic unit provide health and social care to displaced communities in Pale township

5 September 2025 PLA’s medical unit from Northwestern region has been providing health services and food to displaced communities in Pale township, Sagaing region, since 4 September. The fascist army’s scorched earth campaign along Pale-Min Taing Pin-Gang Gaw motorway torched nearby thirty villages and displaced thousands of local population. PLA’s medical unit offered healthcare to displaced masses and provided rice and 100,000 kyat for each household. Every step of the… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၆ နှစ်မြောက်မွေးနေ့အတွက် ပါတီဗဟိုရဲ့ အမှာစကား

ဒီနေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ (၈၆) နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ပြည်တွင်းဒေသအသီးသီးက လက်နက်ကိုင် တိုက်ပွဲဝင်နေကြ တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မှူး ၊ တပ်သားများနဲ့ အတူ ပါဝင်တက်ရောက် အထိမ်းအမှတ် ပြုကြရတာကြောင့် ဝမ်းမြောက်မိပါတယ်။ ရဲဘော်အားလုံးကို အလေးနီပြုလိုက်ပါတယ်။ ပါတီ စတင် ထူထောင်ခဲ့ချိန်မှစ ဒီနေ့ထိ ပြည်သူလူထုနဲ့ ပါတီအကျိုးအတွက် လုံးပန်းတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်များအားလုံးကိုလည်း ဦးညွှတ်အလေးပြုလိုက်ကြောင်း ပြောလိုပါတယ်။ ပါတီရဲ့သမိုင်းမှာ မြေအောက်ပါတီအဖြစ်၊ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ ပါတီအဖြစ် အနိမ့်အမြင့်၊ အတက်အကျ ကာလအသီးသီးကို ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာပါတီဟာ မြေအောက်ပါတီ အနေအထားရော၊ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ပါတီ အနေအထားနဲ့ပါ ပုံစံနှစ်မျိုးလုံးနဲ့ ရပ်တည်တိုက်ပွဲ ဝင်နေတဲ့ကာလ ဖြစ်ပါတယ်။ ၁၉၉၀ မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြေအောက်ပါတီအဖြစ် ရပ်တည်ရင်း ဗမာပြည်ရဲ့ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွဲခဲ့ပါတယ်။ မြေအောက်ပါတီအဖြစ်ရပ်တည်ရင်း လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲနိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းမှုကို တလျှောက်လုံး လုပ်လာရင်းက ၂၀၂၁ မှာ နွေဦး… Read More »

ဒူးရင်းဆန့်ကျင်ရေး

ဖရက်ဒရစ်အိန်ဂယ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၈၆ နှစ်မြောက် ပါတီမွေးနေ့ အထိမ်းအမှတ်အဖြစ် ပါတီ (ဗဟိုဝါဒဖြန့်ချိရေးဌာန) မှ ဘာသာပြန်ဆိုထားသည့် ဖရက်ဒရစ်အိန်ဂယ်၏ “ဒူးရင်းဆန့်ကျင်ရေး (Anti-Dühring)” အား ရဲဘော်များ၊ ပြည်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ လေ့လာရေးပိုမို လွယ်ကူစေရန် ရည်ရွယ်ပြီး အပိုင်းများခွဲကာ ဖော်ပြသွားမည်ဖြစ်ကာ နောင်အခါတွင်လည်း တစုတစည်းတည်း စာအုပ်အဖြစ် ထပ်မံ ထုတ်ဝေဖြန့်ချိမည် ဖြစ်ပါသည်။ စာအုပ်ကို မူလက “Herr Eugen Dühring’s Revolution in Science” (Dühring ၏ “သိပ္ပံတော်လှန်ရေး” ကို သရော်သည့် ခေါင်းစဉ်) ဟု အမည်ပေးခဲ့သော်လည်း၊ နောက်ပိုင်းတွင် “Anti-Dühring” ဟုသာ လူသိများလာခဲ့သည်။ လီနင်က လေ့လာရေး လက်စွဲစာအုပ် တအုပ်အဖြစ် သတ်မှတ်ခဲ့ပြီး၊ ဆိုဗီယက်ယူနီယံနှင့် ကမ္ဘာတဝန်းရှိ ကွန်မြူနစ်ပါတီများတွင် အခြေခံဖတ်စာအုပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ “ဒူးရင်းဆန့်ကျင်ရေး (Anti-Dühring)” တွင် အဓိကအားဖြင့် အပိုင်း (၁) အဘိဓမ္မာ ၊ အပိုင်း (၂) နိုင်ငံရေးဘောဂဗေဒ… Read More »

ကန့်ဒေါင့် ရဲ့ ကြေညာစာတမ်း

လင်းကြက်တွန် ပြီးစ ဒီ မနက်ခင်းမှာပဲ ခက်ခဲတယ်ပြောတဲ့ စခန်းကုန်း မိုး ထစ် ချုန်းသံထက် ပြင်းထန်တဲ့ အသံလှိုင်းတွေနဲ့ မုန်တိုင်း တက် ထိုးကြလေပြီ … ။ ငါတို့ရဲ့ ချွေးနဲ့ သွေးစက် အသက်နဲ့ ခန္ဓာ ဘဝလုံးပုံ ပေးဆပ် တဗိုလ်ကျ တဗိုလ်တက် ဆက်လက် ချီတက်ကြ ဝေဟင်ထက်က ဗုံးသီးများ မိုး ရွာ သလို သွန်းကြဲနေတုန်း တော်လှန်သူရဲကောင်းစိတ်ဓာတ်စိုက်ထူ ရန်သူကို ချေမှုန်းလိုက်နိုင်ခဲ့ပြီ။ ငါတို့ ရဲဘော်များ သံပြိုင်ညီ တေးသီ အော်ဟစ် “ တောင်ကုန်းပေါ်မှာ အောင်လံနီ ငါတို့ စိုက်ထူ လွှင့် ခဲ့ပြီ …” ကန့်ဒေါင့် ဟာ ငါတို့ ဖနောင့်အောက် ဝပ် ပြား မှောက် လို့ နေလေပြီ။ ကန့်ဒေါင့်ရဲ့ အောင်ပွဲ မြေပြင် ဝေဟင် ထဲ ဝဲပျံ နေပုံက ကူတို့ဆိပ်မှာ မှို့ အိတ် ဖွင့်ချလိုက်သလိုပဲ။ ကန့်ဒေါင့်ရဲ့… Read More »

အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ) ၏ ၂၄ ကြိမ်မြောက် ပါတီကွန်ဂရက်သို့ ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သဝဏ်လွှာ (၂.၄.၂၀၂၅)

အင်အားပြင်း ငလျင်ကပ်ဘေးသင့် ပြည်သူများအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက် (၂၉.၃.၂၀၂၅)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ပြည်သူ့ ညီညွတ်ရေးတပ်ဦးမှ ပေးပို့လာသော သဝဏ်လွှာ