စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့
စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့ ရဲဘော်အောင်သော် (အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) စစ်အုပ်စုဟာ သူတို့အကျပ်အတည်းကြီးကြီးမားမားကြုံတိုင်း ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုထွက်ပေါက်ပိတ် အကျပ်ဆိုက်တယ်။ လူထုက စစ်အုပ်စုကို အသေရရ အရှင်ရရ အမိဖမ်းဖို့ တိုက်ပွဲဆင်နေတယ်။ စစ်အုပ်စုက ၈၈ စက်တင်ဘာမှာ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းတယ်။ လူထုရဲ့ မကျေနပ်မှုအစိုင်အခဲဟာ ပိုပြီးကြိတ်ခဲကြီးထွားလာတယ်။ နောက်တကြိမ်ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ယမ်းပုံကြီးပဲ။ အဲဒီအချိန်မှာ လူထုရဲ့ဒေါသကို ဖြေလျှော့ပြီး အတုအယောင်မျှော်လင့်ချက်ပေးဖို့ ရွေးကောက်ပွဲဖန်တီးခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပေါ်လာတယ်။ အာဏာလုံးဝမလွှဲခဲ့ဘူး။ ၂၀၀၇ ခုနှစ်မှာ သံဃာ၊ ကျောင်းသားနဲ့တကွ ပြည်သူလူထုကြီးတရပ်လုံးနိုးထလာတယ်။ သံဃာတွေကို စစ်အုပ်စုကသတ်တယ်။ ကျောင်းသားတွေကို စစ်အုပ်စုကသတ်တယ်။ ရဟန်းသံဃာတွေကို ပစ်ခတ်သတ်ဖြတ် နှိပ်စက်ညှဉ်းပန်းပြီးနောက်မှာ စစ်အုပ်စုထဲတောင် အက်ကြောင်းထင်လာတယ်။ ထုံးစံအတိုင်း ပြည်သူလူထုကို မျှော်လင့်ချက်အမှားပေးဖြေလျှော့ဖို့ ရွေးကောက်ပွဲဟာ သူတို့တွက် ကယ်ပေါက် (ဂယ်ပေါက်) အဖြစ်လိုလာပြန်တယ်။ ဒါပေမဲ့ ၁၉၉၀ သင်ခန်းစာကိုပြန်ဆန်းစစ်ထားတဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်း… Read More »