“ရွှေစွန်ညိုသင်္ဘောတိုက်ပွဲ အမှတ်တရများ” ငြိမ်းမောင်ဦး (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) နှစ်ပေါင်း(၅၀)တိုင်ခဲ့ပြီ…… ။ စစ်တွေနှင့်ပလက်ဝ ကုလားတန်မြစ်တလျှောက်စုန်လိုက်ဆန်လိုက်ဖြင့် လွန်းပြန်ပြေးနေသော ရွှေစွန်ညိုသင်္ဘောနှင့်ကျွန်တော်…ရေစက်ဆုံခဲ့ဖူးသည်။ ကာလတချို့..သူဖြတ်သွားတိုင်း မြစ်ကမ်းနဖူးမှ ငေး မောကြည့်ခဲ့ဖူးသော်လည်း …သူ၏နောက်ဆုံးခရီး ..ရေလွှာအောက်သို့လောင်ကျွမ်းနစ်မြုပ်ဝပ်စင်းသွားခဲ့ သည့် ဇာတ်သိမ်းခန်းတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ရလိမ့်မည်ဟု..စိုးစဉ်းမျှ မျှော်လင့်မထားခဲ့မိပါ။ ဓမ္မတာပင်…..နှစ်တွေကြာလာတော့ ရွှေစွန်ညို ဇာတ်လမ်းကို တချို့က မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ တချို့ကတော့…ပါးစပ်ပုံပြင်လေးအဖြစ် ရှားရှားပါးပါးကျန်ရစ်သည်။ ကျွန်တော့်အဖို့ကတော့…နှလုံးသားထဲအထိနက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသော အမှတ်တရအဖြစ် ဘယ်တော့မှမေ့မရနိုင်တော့ပါ။ လွန်ခဲ့သောနှစ်ငါးဆယ် ၁၉၇၂-ခုနှစ်ကအဖြစ်အပျက်တွေမို့ တချို့ပုံရိပ်များက မထင်မရှား …လှုပ်ရှားနေသောရုပ်ပုံလွှာများအဖြစ် ဖမ်းဆုပ်ရန်ခက်ခဲလှသည်။ …တချို့ကတော့ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာအထိ.ရင်ထဲမှာတလှပ်လှပ်နှင့် ခံစားနေရဆဲ….အဟောင်းတွေအသစ်ဖြစ်လို့ အမှတ်ရနေဆဲ…..။ ကျောက်တော်မြို့နှင့်ပလက်ဝမြို့အကြား ကုလားတန်မြစ်အနောက်ဖက်ကမ်းရှိ “ ကွမ်းဇေး” ဆိုသောရွာကလေးတွင် …၁၉၇၂ခုနှစ်မေလမှနိုဝင်ဘာလထိ ခြောက်လခန့်မျှ ကျွန်တော့်ရဲ့တော်လှန်ရေးဘဝ ပထမစာမျက်နှာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြတ်သန်းခဲ့ရသည်။ ဘဝက ..အထီးကျန်ဆန်လွန်းလှပါသည်။ အကြောင်းအ မျိုးမျိုးကြောင့် အချိန်မကြာသင့်ဘဲကြာခဲ့ရပြီး မျှော်လင့်မထားသောဒုက္ခမျိုးစုံနှင့်ကြုံတွေ့ခံစားခဲ့ရသော်လည်း မရေရာသောအနာဂတ်ကို စိတ်ရှည် လက်ရှည် စောင့်စားရင်းဖြင့် အခက်အခဲ မျိုးစုံကို ဆုံးဖြတ်ချက်ရှိရှိ ဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။ ကောက်စိုက်ပေါင်းသင်… Read More »