ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား ရုပ်သံမှတ်တမ်းများ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား (ရုပ်/သံ) ပြည်သူ့တပ်မတော် စစ်ချီတေး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ပြည်သူ့တပ်မတော် စစ်ချီတေးကို မျိုးဆက်သစ်ရဲဘော်များက ပြန်လည်ဆန်းသစ်ကာ သီဆိုတင်ဆက်လိုက်ပါကြောင်း ပြည်သူများ၊ ရဲဘော်များအား အသိပေးအပ်ပါသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကျင်းပ

မတ် ၁၅၊ ၂၀၂၅ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်နေ့က လွတ်မြောက်ဒေသ တနေရာတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ ပြည်သူ့တပ်မတော်သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း စသည့်…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့  ၄ နှစ်မြောက်မွေးနေ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီဗဟိုမှ ပေးပို့သော သဝဏ်လွှာ

ရဲဘော်တို့ ဒီနေ့ကာလဟာ- ကုလသမဂ္ဂမှအစ ပြည်တွင်းပြည်ပ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေအားလုံး အလုပ်များနေကြတဲ့အချိန် ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာနဲ့တဝန်း ရှုပ်ထွေးသည်းသန် လာနေတဲ့ စီးပွားရေး ကုန်သွယ်ရေး အကောက်ခွန် နည်းပညာ စတဲ့ စစ်ပွဲများနှင့်အတူ စစ်သံကျယ်ပြီး အပြောင်းအလဲများတဲ့ ခေတ်ကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။အခြေအနေတွေ အရှုပ်ထွေးဆုံးကာလ ဖြစ်နေတာ ရဲဘော်တွေ သိနေမြင်နေကြမှာပဲ။ အလုပ်ဖြစ်နေတဲ့သူတွေက လက်မထောင်နေနိုင်ပေမယ့် ဘာမှ ရှေ့တိုးမရသူတွေလည်း ရှိတယ်။ (ဥပမာ မင်းအောင်လှိုင် စကစ စစ်အုပ်စု) တခါ ခရီးရောက်ပေမယ့် လက်မထောင်ဖို့ မဖြစ်သေးတဲ့သူတွေလည်း…

ဗြိတိသျှလက်အောက် ရခိုင်ပြည်

“အမှာ” “ဗြိတိသျှလက်အောက် ရခိုင်ပြည်” ဆိုတဲ့ ဒီစာအုပ်ကို ဦးဘတင်ရေးပြီး ဦးကျော်မြ ဘာသာပြန်တယ်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တို့ကို ရခိုင်ပြည်နယ်နဲ့ ဗမာပြည်တဝန်းမှ တိုက်ထုတ်အပြီး ဗမာပြည်တွင်း ပြန်လည် ဝင်ရောက်လာတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ ရခိုင်ပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုကို ထင်ထင်လင်းလင်း မြင်သာအောင် ဒီစာအုပ်ထဲမှာ ခိုင်မာတဲ့အချက်အလက်များနဲ့ အသေးစိတ် ဖော်ပြထားတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့ရဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခဆင်းရဲမျိုးစုံကို ခံစားခဲ့ကြရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာအလွန်ကြေကွဲစရာ ကောင်းတယ်။ ဖတ်ရှုသူရဲ့ ရင်ကို အလွန် ဝမ်းနည်းထိခိုက်စေတဲ့ ဖြစ်ရပ်တွေပဲ။…

ခေါင်းမာသော လူသားများ

တနေ့တာသည်၊ ကမ္ဘာမျှပင်ကြာအံ့ထင်သည်၊ နေဝင်နေထွက်ရက်ဆက်လညောင်း၊ သံချောင်းခေါက်သံအမိန့်သံနှင့်၊ ဆဲသံဟောက်သံရိုက်နှက်သံ များနားမှာ ယဉ်ပါးခဲ့ပြီလေ။ သံတိုင်တံတိုင်း၊ ပြိုင်းရိုင်း မားမတ်ခြံခတ်ပိတ်ဆီး၊ လမ်းခရီးမှာခေါင်းမြီးခြုံကာ၊ သွားလာဝင်ထွက်နှိပ်စက် ညှဉ်းပန်း၊ မေးမြန်း စစ်ကြောသေလုမျောမေ့၊ ငရဲနေ့များ။ လွတ်လပ်မှုကို၊ လိုလားသူများနှောင်ထားထောင်သွင်း၊ ကြိုးတိုက်တွင်းမှာကျဉ်းကျပ်နာကျင်၊ မချိတင်ကဲအံခဲ ခံစားနေရပကောလား။ လူဆိုသည်မှာ၊ ခေါင်းမာရန်ကောစိတ်ဇောထန်သည်း၊ နာကြည်းမှုများအင်အားအဖြစ်၊ ပြောင်းပစ်တုံ့ပြန်ကြံ့ကြံ့ခံကာ၊ နက်ဖြန်မိုးသောက်တို့ခေတ်ရောက်က၊ လွတ်မြောက်ငြိမ်းချမ်းပန်းပေါင်းတရာ၊ ဝေဆာထုံမြပွင့်ကုန်ကြလိမ့်၊ မုချမသွေ …ယုံကြည်နေဆဲပါတကား။ ။ ရဲဘော် မောင်မောင်လတ် ဩဂုတ်လ၊ ၁၉၇၈ ခုနှစ်(ရက်ပေါင်း ၇၀၀ ကျော် စစ်ပုလိပ်ငရဲခန်း မှတ်တမ်းများမှ)…