Category Archives: သဝဏ်လွှာ

ကလလတ (၄၈)နှစ်မြောက် အဖွဲ့အစည်းတည်ထောင်ခြင်းအထိမ်းအမှတ် သဝဏ်လွှာ

သို့ ဗဟိုကော်မတီ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အကြောင်းအရာ။ ။ (၄၈)နှစ်မြောက် အဖွဲ့အစည်းတည်ထောင်ခြင်းအထိမ်းအမှတ် သဝဏ်လွှာပေးပို့ခြင်း ရက်စွဲ / ၂၆-၆-၂၀၂၆ ရဲဘော်တို့ ရဲဘော်တို့နဲ့ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း သွေးစည်းတဲ့ တိုက်ဖော်တိုက်ဖက်၊ တော်လှန်ရေးညီနောင်အဖွဲ့အစည်းနှစ်ရပ်ရဲ့ ချစ်ခင်မှု၊ တဦးနဲ့တဦး ၊ တဖွဲ့နဲ့တဖွဲ့ ၊ တဖွဲ့အခက်အခဲ ဖြစ်ချိန် ကျန်တဖွဲ့က ဝန်းရံအားပေးကူညီတဲ့ စိတ်ဓာတ်ကို လက်တွေ့တိုက်ပွဲတွေအတွင်း အထင်အရှား ပြသနိုင်ခဲ့ ကြတယ်။ အဲဒီအတွက် ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ဒီသဝဏ်လွှာမှာ ထပ်မံဖော်ပြလိုက်ပါတယ်။ ရှေ့ခရီး စစ်၃စစ်ကို အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲတွေမှာလည်း ဒီစိတ်ဓာတ်ကို ကိုင်စွဲကာ ဗမာပြည် လူမျိုးပေါင်းစုံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် အောင်ပွဲရတဲ့အထိ ရင်းနှီးတဲ့ မဟာမိတ်တွေ အဖြစ် မဆုတ်မနစ် အတူလက်တွဲတိုက်ပွဲဝင်သွားကြပါစို့။ ရဲဘော်တို့ အဖွဲ့အစည်းရဲ့ (၄၈)နှစ်မြောက်မွေးနေ့မှာ ရဲဘော်တို့အဖွဲ့အစည်း ပိုမိုခိုင်မာကြီးထွားဖွံ့ဖြိုးပြီး ရန်သူကို တိုက်တဲ့ တိုက်ပွဲတွေနဲ့ တော်လှန်ရေးလုပ်ငန်း၊ လူထုလုပ်ငန်းတွေမှာ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရရှိပါ စေကြောင်း လှိုက်လှဲတဲ့ဆန္ဒမွန်ကို… Read More »

ကလလတ ၏ ပြည်သူ့တော်လှန်ရေး (၄၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ပြည်သူ့တော်လှန်ရေး (၄၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

၂၀၂၆ ခုနှစ်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နှစ်သစ်ကူးသဝဏ်လွှာ

၂၀၂၆ ခုနှစ်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နှစ်သစ်ကူးသဝဏ်လွှာ (ဗမာပြည် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများနဲ့ ဗမာပြည်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးသို့) ပဒေသရာဇ်ခေတ်လွန်မှသည် ဒီကနေ့အထိ နှစ်ပေါင်း ၁၀၀ ကျော် ဗမာပြည် ပြည်သူတွေဟာ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းလာခဲ့ရတယ်။ ဒီ ဗမာပြည် ပြည်သူလူထုကြီးဟာ ၂၀၂၅ ခုနှစ်ကိုလည်း စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းရင်း ကျော်လွှားလာခဲ့ပါပြီ။ ပြည်သူများဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ဗမာပြည်တဝန်း ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်မှုကို အလူးအလဲ အံကြိတ်ခံစားရင်းက တဖက်မှာ လည်း ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးကို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အားလုံးနဲ့အတူ ဒူးမထောက်စတမ်း ဆက်လက်ဆင်နွှဲရင်း ၂၀၂၆ ခုနှစ်တွင်းသို့ ခြေလှမ်းချလိုက်ပါပြီ။ ရှေ့မှာလည်း စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည်အထိ တိုက်ပွဲအလီလီကို ဆက်လက်ဆင်နွှဲ သွားကြမယ့် ဗမာပြည်ပြည်သူလူထုကြီးနဲ့ ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီး တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက သည်နှစ်သစ်ကူးသဝဏ်လွှာနဲ့ အားပေးစကားဆိုရင်း ဦးညွှတ်ဂုဏ်ပြု လိုက်ပါတယ်။ မျက်မှောက်ဗမာပြည်ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုအသီးသီးတို့ဟာ ဖြတ်သန်းလာခဲ့ တဲ့ အတိတ်ကို ပြန်လည်နိဂုံးချုပ်သုံးသပ်နိုင်မှ အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ပြီး ရှေ့ခရီးကို ဆက်ရာမှာ အောင်မြင်တဲ့ တိုက်ပွဲများကို ဆက်လက်ဆင်နွှဲသွားနိုင်ကြမှာ… Read More »

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၏ ပါတီထူထောင်သည့် (၃၇)နှစ်ပြည့်အထိမ်းအမှတ်ပွဲအတွက် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သဝဏ်လွှာ

အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ) ၏ ၂၄ ကြိမ်မြောက် ပါတီကွန်ဂရက်သို့ ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သဝဏ်လွှာ (၂.၄.၂၀၂၅)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ပြည်သူ့ ညီညွတ်ရေးတပ်ဦးမှ ပေးပို့လာသော သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ပေးပို့လာသော သဝဏ်လွှာ