Category Archives: သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၈) တပ်ဖွဲ့၊ တနင်္သာရီစစ်ဒေသမှ ပေးပို့လာသော သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့မှ ပေးပို့လာသော သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ပို့လာသော သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့  ၄ နှစ်မြောက်မွေးနေ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီဗဟိုမှ ပေးပို့သော သဝဏ်လွှာ

ရဲဘော်တို့ ဒီနေ့ကာလဟာ- ကုလသမဂ္ဂမှအစ ပြည်တွင်းပြည်ပ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေအားလုံး အလုပ်များနေကြတဲ့အချိန် ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာနဲ့တဝန်း ရှုပ်ထွေးသည်းသန် လာနေတဲ့ စီးပွားရေး ကုန်သွယ်ရေး အကောက်ခွန် နည်းပညာ စတဲ့ စစ်ပွဲများနှင့်အတူ စစ်သံကျယ်ပြီး အပြောင်းအလဲများတဲ့ ခေတ်ကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။အခြေအနေတွေ အရှုပ်ထွေးဆုံးကာလ ဖြစ်နေတာ ရဲဘော်တွေ သိနေမြင်နေကြမှာပဲ။ အလုပ်ဖြစ်နေတဲ့သူတွေက လက်မထောင်နေနိုင်ပေမယ့် ဘာမှ ရှေ့တိုးမရသူတွေလည်း ရှိတယ်။ (ဥပမာ မင်းအောင်လှိုင် စကစ စစ်အုပ်စု) တခါ ခရီးရောက်ပေမယ့် လက်မထောင်ဖို့ မဖြစ်သေးတဲ့သူတွေလည်း ရှိတယ်။ (အထူးသဖြင့် ယူဂျီတွေ) ဒီလိုအနေအထားမှာ PLA တာဝန်ခံက သူတို့အခြေအနေ တင်ပြပြီး ပါတီဗဟိုကို သဝဏ်လွှာတောင်းလာပါတယ်။ ပါတီဗဟိုအနေနဲ့ အချိန်အားဖြင့် ၂ ရက်ပဲ ရပါတယ်။ PLA ဘာလဲ ဘယ်လဲက စပြီး ပြန်ကြည့်ကြရအောင်။ ၁၉၃၉ မှာ ယူဂျီဘဝနဲ့ စခဲ့တဲ့ ဗကပ ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်းမှာ ယူဂျီဘဝပြန်ရောက်ခဲ့ပြီး ၈၅… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ

ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဟောင်း တိုက်ဖော်တိုက်ဖက်ဟောင်းများမှ ပေးပို့သော

“ရဲဘော်အိုက်မောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ” ၁၃ ရက် – ဒီဇင်ဘာ – ၂၀၂၄

ရဲဘော်စောထိုအတွက် ဂုဏ်ပြုနှုတ်ဆက်ခြင်း နှင့် ဝမ်းနည်းသဝဏ်လွှာ

ရဲဘော်စောထို မမျှော်လင့်ဘဲ ရုတ်တရက်ဆုံးပါးသွားခြင်းအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီအနေဖြင့် ရဲဘော်စောထို၏ မိသားစုနှင့်ထပ်တူ ရဲဘော်စောထို၏ ရဲဘော်ရဲဘက်များနှင့်အတူ ထပ်တူထပ်မျှ များစွာ ကြေကွဲဝမ်းနည်းမှု ဖြစ်ရပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။ ရဲဘော်စောထိုသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုနဲ့ အရှေ့မြောက်စစ်ဒေသကြီးကို ပန်ဆန်းမှာ ကာလတခုတည်ငြိမ်အေးဆေးစွာအခြေစိုက်နိုင်အောင်အလွန်ကြီးမြတ်တဲ့ကောင်းမှုတွေပြုခဲ့သူ- သူရဲကောင်းရဲဘော်ကြီးတဦးဟု ရဲဘော်များ စိတ်ထဲ မှတ်ယူမိခဲ့ကြပါသည်။ ရဲဘော်စောထိုသည် ဗဟိုရဲ့ကြားဖြတ်ကြေးနန်းအဖွဲ့တာဝန်ခံပါ။ အရှေ့မြောက်စစ်ဒေသ စစ်ဆင်ရေးကြီးများမှာ သူရဲ့ကောင်းမှုပြုချက်တွေကြီးမားပါသည်။ ၁၉၇၈-၇၉ –မင်းရန်အောင်ထိုးစစ်အတွင်း သူဦးဆောင်သော(သူကအဓိကပါ။) အဖွဲ့၏ကြိုးပမ်းအားထုတ်မှုများက ကြီးမားသော အခန်းမှ ပါဝင်ခဲ့သည်ဟု ပြောရပါမည်။(သူတို့အဖွဲ့အနေဖြင့် အမြဲသိုသိုသိပ်သိပ်နေရ၍့ စစ်ဆင်ရေးကြီးတွေအပြီးမှာကျင်းပလေ့ရှိသည့် ဂုဏ်ပြုပွဲတွေမှာ တက်တာမတွေ့ရသော်လည်း သူတို့ကိုဗဟိုခေါင်းဆောင်များက ကန့်လန့်ကာနောက်ကွယ်က အညတြသူရဲကောင်းများ ဆိုပြီးသီးခြားဂုဏ်ပြုလေ့ရှိပါသည်။) သူကအလွန်ခေါင်းဆောင်ပီသပါသည်။သိပ်အရေးကြီးချိန်များမှာကျန်ရဲဘော်များကိုနားခိုင်းပြီးသူကတညလုံးနားထောင်ပေးသူ ဖြစ်သည်။သူကအဲဒီအလုပ်မှာအလွန်လည်း ကျွမ်းကျင်ထူးချွန်သဖြင့် ကျန်ရဲဘော်များကလည်း သူ့ကိုပဲအားကိုးကြရပါသည်။ဗဟိုခေါင်းဆောင်များကလည်း သူ့ကိုအလွန်တန်ဖိုးထားပါသည်။သူ့ကျန်းမာရေးနေထိုင်ရေးဘဝတွေကိုလည်းပါတီခေါင်းဆောင်များကဂရုတစိုက်ရှိပါသည်။ ရဲဘော်စောထိုအပါ ည ကြားဖြတ်တာဝန်ကျရဲဘော်များအတွက် အထူးရိက္ခာစီစဉ်ပေးတတ်ပါသည်။ အခြေအနေပေးသမျှထဲက အတတ်နိုင်ဆုံး ဂရုစိုက်ပေးခဲ့ပါသည်။ ၁၉၈၂-၈၃ စစ်ဆင်ရေးကာလအလွန်အရေးကြီးလို့ တညလုံး ထိုင် ကြားဖြတ်နားထောင်ရာမှ မနက်မိုးလင်းချိန် ကုလားထိုင်ကအထ ဆီးတွေသွားရာမှာသွေးတွေချည်းပါလာပြီး သတိလစ်သွားပါတော့သည်။ကမန်းကတန်းကယ်ဆယ်ရပြီး သူအခြေအနေတည်ငြိမ်လာတော့ ဆက်လက်ဆေးစစ်ဖို့… Read More »