Category ထုတ်ဝေသည့်စာစောင်စာတမ်းများ

သမိုင်းဝင်ကျမ်းနဲ့ သမိုင်းဝင် လမ်းညွှန်ချက်

ရဲဘော်များ ခင်ဗျာ … ဗမာပြည်ကွန်မြူနစ်ပါတီ မြောက်ပိုင်းဌာနချုပ်က ၁၉၅၃ ခုနှစ် ဇူလိုင်လမှာ ရဲဘော်သခင်သန်းထွန်းရဲ့ လေ့လာရေးလမ်းညွှန်ချက်တခု ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ရဲဘော်စတာလင်ရဲ့ အထင်ကရ ကျမ်းတစောင်ဖြစ်တဲ့ “ဆိုဗီယက်ယူနီယံ ဆိုရှယ်လစ်စနစ်၏ စီးပွားရေး ပြဿနာများ” ဆိုတဲ့ကျမ်းကို လေ့လာကြဖို့ သခင်သန်းထွန်းက မိတ်ဆက်သဘော ရှင်းလင်းတင်ပြကာ လမ်းညွှန်ထားတာပါ။ စတာလင်ရဲ့ ဒီကျမ်းက သမိုင်းဝင် သဘောတရားရေး ကျမ်းတစောင် ဖြစ်သလို သခင်သန်းထွန်းရဲ့ လေ့လာရေး လမ်းညွှန်ကလဲ သမိုင်းတန်ဖိုးကြီးမားတဲ့ လမ်းညွှန်ချက် ဖြစ်ပါတယ်။ မျက်မှောက်ကာလ ပါတီရဲဘော်များက သခင်သန်းထွန်းရဲ့ လမ်းညွှန်ချက်မူရင်းကို…

မာက့်စ်လီနင်ဝါဒ ၊ မော်စီတုန်းအတွေးသမားကြီး၊ ပစ္စည်းမဲ့တော်လှန်ရေးရဲဘော်ကြီး၊ ဗမာပြည်အမျိုးသားပေါင်းစုံ ပြည်သူတို့ရဲ့ ခေါင်းဆောင်ကြီး ဥက္ကဌကြီး ရဲဘော်သခင်သန်းထွန်း

ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့် ပါတီမွေးနေ့အထိမ်းအမှတ် အနေနဲ့ ဗဟိုမော်ကွန်းတိုက် သုတေသီတဦးမှ “မာက့်စ်လီနင်ဝါဒ ၊ မော်စီတုန်းအတွေးသမားကြီး၊ ပစ္စည်းမဲ့တော်လှန်ရေးရဲဘော်ကြီး၊ ဗမာပြည်အမျိုးသားပေါင်းစုံ ပြည်သူတို့ရဲ့ ခေါင်းဆောင်ကြီး ဥက္ကဌကြီး ရဲဘော်သခင်သန်းထွန်း” အမည်ရှိ စာတမ်းတစောင်ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

ဒူးရင်းဆန့်ကျင်ရေး

ဖရက်ဒရစ်အိန်ဂယ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၈၆ နှစ်မြောက် ပါတီမွေးနေ့ အထိမ်းအမှတ်အဖြစ် ပါတီ (ဗဟိုဝါဒဖြန့်ချိရေးဌာန) မှ ဘာသာပြန်ဆိုထားသည့် ဖရက်ဒရစ်အိန်ဂယ်၏ “ဒူးရင်းဆန့်ကျင်ရေး (Anti-Dühring)” အား ရဲဘော်များ၊ ပြည်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ လေ့လာရေးပိုမို လွယ်ကူစေရန် ရည်ရွယ်ပြီး အပိုင်းများခွဲကာ ဖော်ပြသွားမည်ဖြစ်ကာ နောင်အခါတွင်လည်း တစုတစည်းတည်း စာအုပ်အဖြစ် ထပ်မံ ထုတ်ဝေဖြန့်ချိမည် ဖြစ်ပါသည်။ စာအုပ်ကို မူလက “Herr Eugen Dühring’s Revolution in Science” (Dühring ၏ “သိပ္ပံတော်လှန်ရေး”…

ကန့်ဒေါင့် ရဲ့ ကြေညာစာတမ်း

လင်းကြက်တွန် ပြီးစ ဒီ မနက်ခင်းမှာပဲ ခက်ခဲတယ်ပြောတဲ့ စခန်းကုန်း မိုး ထစ် ချုန်းသံထက် ပြင်းထန်တဲ့ အသံလှိုင်းတွေနဲ့ မုန်တိုင်း တက် ထိုးကြလေပြီ … ။ ငါတို့ရဲ့ ချွေးနဲ့ သွေးစက် အသက်နဲ့ ခန္ဓာ ဘဝလုံးပုံ ပေးဆပ် တဗိုလ်ကျ တဗိုလ်တက် ဆက်လက် ချီတက်ကြ ဝေဟင်ထက်က ဗုံးသီးများ မိုး ရွာ သလို သွန်းကြဲနေတုန်း တော်လှန်သူရဲကောင်းစိတ်ဓာတ်စိုက်ထူ ရန်သူကို ချေမှုန်းလိုက်နိုင်ခဲ့ပြီ။ ငါတို့ ရဲဘော်များ သံပြိုင်ညီ တေးသီ…

ဗြိတိသျှလက်အောက် ရခိုင်ပြည်

“အမှာ” “ဗြိတိသျှလက်အောက် ရခိုင်ပြည်” ဆိုတဲ့ ဒီစာအုပ်ကို ဦးဘတင်ရေးပြီး ဦးကျော်မြ ဘာသာပြန်တယ်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တို့ကို ရခိုင်ပြည်နယ်နဲ့ ဗမာပြည်တဝန်းမှ တိုက်ထုတ်အပြီး ဗမာပြည်တွင်း ပြန်လည် ဝင်ရောက်လာတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ ရခိုင်ပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုကို ထင်ထင်လင်းလင်း မြင်သာအောင် ဒီစာအုပ်ထဲမှာ ခိုင်မာတဲ့အချက်အလက်များနဲ့ အသေးစိတ် ဖော်ပြထားတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့ရဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခဆင်းရဲမျိုးစုံကို ခံစားခဲ့ကြရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာအလွန်ကြေကွဲစရာ ကောင်းတယ်။ ဖတ်ရှုသူရဲ့ ရင်ကို အလွန် ဝမ်းနည်းထိခိုက်စေတဲ့ ဖြစ်ရပ်တွေပဲ။…

ခေါင်းမာသော လူသားများ

တနေ့တာသည်၊ ကမ္ဘာမျှပင်ကြာအံ့ထင်သည်၊ နေဝင်နေထွက်ရက်ဆက်လညောင်း၊ သံချောင်းခေါက်သံအမိန့်သံနှင့်၊ ဆဲသံဟောက်သံရိုက်နှက်သံ များနားမှာ ယဉ်ပါးခဲ့ပြီလေ။ သံတိုင်တံတိုင်း၊ ပြိုင်းရိုင်း မားမတ်ခြံခတ်ပိတ်ဆီး၊ လမ်းခရီးမှာခေါင်းမြီးခြုံကာ၊ သွားလာဝင်ထွက်နှိပ်စက် ညှဉ်းပန်း၊ မေးမြန်း စစ်ကြောသေလုမျောမေ့၊ ငရဲနေ့များ။ လွတ်လပ်မှုကို၊ လိုလားသူများနှောင်ထားထောင်သွင်း၊ ကြိုးတိုက်တွင်းမှာကျဉ်းကျပ်နာကျင်၊ မချိတင်ကဲအံခဲ ခံစားနေရပကောလား။ လူဆိုသည်မှာ၊ ခေါင်းမာရန်ကောစိတ်ဇောထန်သည်း၊ နာကြည်းမှုများအင်အားအဖြစ်၊ ပြောင်းပစ်တုံ့ပြန်ကြံ့ကြံ့ခံကာ၊ နက်ဖြန်မိုးသောက်တို့ခေတ်ရောက်က၊ လွတ်မြောက်ငြိမ်းချမ်းပန်းပေါင်းတရာ၊ ဝေဆာထုံမြပွင့်ကုန်ကြလိမ့်၊ မုချမသွေ …ယုံကြည်နေဆဲပါတကား။ ။ ရဲဘော် မောင်မောင်လတ် ဩဂုတ်လ၊ ၁၉၇၈ ခုနှစ်(ရက်ပေါင်း ၇၀၀ ကျော် စစ်ပုလိပ်ငရဲခန်း မှတ်တမ်းများမှ)…