Category အရေးတော်ပုံဂျာနယ်

အခြေခံဒေသတည်ဆောက်ရေးအတွက်လမ်းညွှန်တချို့

ငြိမ်းမောင်ဦး (အရေးတော်ပုံဂျာနယ် အတွဲ(၄) ၊ အမှတ်(၁)တွင် ဖော်ပြပါရှိမည့် ဆောင်းပါးဖြစ်ပါသည်။) မျက်မှောက်ဗမာပြည်တော်လှန်စစ်မှာ “ ရန်သူကအင်အားကြီးတယ်၊ မိမိတို့ကအင်အားသေးငယ်တယ်” ဆိုတဲ့ အခြေအနေဟာ တကယ့် လက်တွေ့ဘဝဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးဟာ အလျင်အမြန်အောင်ပွဲခံဖို့ မဖြစ်နိုင်ဘူး။ စစ်ရေးအရ သေနင်္ဂဗျူဟာခံစစ် အဆင့်နဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲသွားရမယ်ဆိုတဲ့ လမ်းညွှန်ဟာ ပကတိရုပ်ဘဝရဲ့ပြဋ္ဌာန်းချက်ပဲဖြစ်တယ်။ ဒီလိုအခြေအနေမှာ ဗမာပြည်တော်လှန်စစ်ရဲ့ ထူးခြားတဲ့ အင်္ဂါလက္ခဏာတွေကို ဆန္ဒစွဲကင်းစွာ ဘက်ပေါင်းစုံ စူးစမ်းလေ့လာရမယ်။ မာ့က်စ်ဝါဒ အဘိဓမ္မာ (ရပ်တည်မှု၊ အမြင်၊ နည်းနာ)နဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး…

ခရုခွံလေးလို ညနေရီ

(အရေးတော်ပုံဂျာနယ် အတွဲ(၄)၊ အမှတ်(၁) တွင် ဖော်ပြပါရှိမည့် ကဗျာ ဖြစ်ပါသည်။ မြစ်တမြစ်ထဲ ရေနှစ်ခါချိုးလို့မရဘူးလို့ဟီရာကလိုက်တပ်စ်ကပြောတော့ ငါဟာ ထိတ်လန့် ။နေကိုဗဟိုပြုပြီး ငါတို့ဟာလည်ပတ်နေတယ်လို့ကော့ပါးနီးကပ်စ်က ပြောတော့ ငါဟာ အံ့ဩ ။ဆူးပုပ်ရွက်တွေ တခင်းလုံးစိုက်ထားတဲ့အဲဒီအညိုရောင် စပါးခင်းကြီးထဲ ငါဟာအလန့်တကြား ပြေးလွှားလို့ ။ဒီစစ်ပွဲကြီးထဲ ငါ့ကိုယ်ငါပြန်ရပါ့မလား တွေးမိတဲ့ခရုခွံလေးလို ညနေ ။ ငါ့ရှေ့မှာက ပျက်ကျသွားတဲ့ ဒဏ်ရာရ‌ ပေါင်မုန့်တွေငါ့နောက်မှာက ဒစ်ဂျစ်တယ်နာရီတလုံးလို ကိုယ့်ကိုယ်ကိုယ်ပြန်မှတ်မိနေတဲ့ သေချာမှုတွေငါ့နံဘေးမှာ ငါကိုယ်ငါ ပြန်မရွေးယူချင်တော့တဲ့အဲဒီ နွေးထွေးဖွယ် အိပ်ရာခင်း တွေ ။ စမ်းချောင်းလေးနံ‌ဘေးပန်းတခင်းနဲ့…

ညီညွတ်၊ ရဲရင့်၊ တော်လှန်

ရဲဘော်အောင်သော် (အရေး‌တော်ပုံဂျာနယ် အတွဲ(၄) ၊ အမှတ်(၁) တွင် ဖော်ပြပါရှိမည့်ဆောင်းပါး) စစ်အုပ်စုအကျပ်တွေ့နေပြီ။ မကြုံစဖူးထူးခြားတဲ့အကျပ်အတည်းပဲ။ အခွင့်အခါကောင်းပေါ်နေပြီ။ ညီညွတ်ရင်ဆုပ်ကိုင်နိုင်မယ်။ မညီညွတ်ရင် လက်လွတ်မယ်။ ပြတ်သားလျင်မြန်ရင်ဆုပ်ကိုင်နိုင်မယ်။ တွေဝေရင်လက်လွတ်မယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ တော်လှန်ကြဖို့ကအဓိကပဲ။ စစ်အုပ်စုကို ကမ္ဘာ့အဆိုးဝါးဆုံး ရာဇဝတ်ကောင်အဖြစ် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့်ချလိုက်တယ်။ လုပ်ထုံးလုပ်နည်းအရနိုင်ငံကိုနာမည်တပ်အရေးယူထားတယ်။ တကယ့်တရားခံဟာ စစ်ခေါင်းဆောင်တွေဆိုတာ ကမ္ဘာကသိတယ်။ ပြည်သူကသိတယ်။ စစ်အုပ်စုကိုယ်တိုင်ကလည်း သိတယ်။ သမိုင်းတလျှောက်မှာ အဆိုးဝါးဆုံးဂုဏ်သိက္ခာကျဆင်းမှုပဲ။ ဂုဏ်သိက္ခာကျဆင်းမှုနောက်မှာ လိုက်လာနိုင်တဲ့ဆိုးကျိုးတွေကအများကြီးပဲ။ သံတမန်ရေးအရ ခက်ခဲမယ်။ အရှက်ကွဲမယ်။ နောက်ထပ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး…

မျက်မှောက်နိုင်ငံရေးအလှုပ်အခတ်များအပေါ်စဉ်းစားချက်နဲ့အမြင်သဘောထား

မောင်လှဝင်း(မြင်းခြံ) အင်အားကြီးနိုင်ငံကြီးများရဲ့ အားပြိုင်မှု ဗမာပြည်သို့ တစုံတရာ သက်ရောက်လာချိန်တွင် ဗမာပြည်ကြားညပ်မခံရအောင် လိမ္မာပါးနပ်ကြဖို့ စောစွာကတည်းက တင်ပြလာခဲ့ကြသည်။ (မအလ) အစိုးရက သူ့အစိုးရနှင့် သူ့စစ်အာဏာရှင်စနစ် တည်တံ့နိုင်ရေးအတွက် သူအားကိုးအားထားပြုနိုင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့် ဆက်သွယ်မှီခိုတာတွေ ၁၉၈၉ နောက်ပိုင်း တောက်လျှောက်လုပ်လာခဲ့သလို နောင်တွင်လည်း လုပ်နေဦးမှာ ဖြစ်ပါသည်။ မျက်မှောက် ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးသည် ၂၀၂၁ မှ စ၍ တောင်ပေါ်မြေပြန့် တောရောမြို့ပါ တပြည်လုံး လက်နက်ကိုင်တော်လှန်လာကြချိန်တွင် အင်အားကြီးနိုင်ငံကြီးများ၏ အားပြိုင်မှုသည် တိုင်းပြည်နှင့် ပြည်သူ ကြားညပ်မည့်အန္တရာယ်သာမက ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးပါ…

ငါးနှစ်ပြည့်ခဲ့ပြီ

(အရေးတော်ပုံ စာတည်းအဖွဲ့ အာဘော်) ၂၀၂၁ – ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့်ပြီ။ပြည်သူလူထုကြီး အသက်သွေးချွေး အိုးအိမ်မြေယာတွေ စွန့်လှူပြီး မိတကွဲ ဖတကွဲ ဖြတ်သန်းရတဲ့ ငါးနှစ်တာပဲ။ ပြည်သူ့သားသမီးတွေ အာဇာနည်သူရဲကောင်းအဖြစ် အသက်ပေးတိုက်သွားခဲ့ကြတဲ့ ငါးနှစ်တာပဲ။ ဦးစွာ သည် ၂၀၂၁ တော်လှန်ရေးကြီးကို ရရာလက်နက်ကိုင်စွဲ စတိုက်သူတွေလဲ ဖြစ်၊ အဓိက ထောက်ပံ့ပေးသူလဲ ဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် မလျှော့သော ဇွဲလုံ့လနဲ့ ဆက်တိုက်နေသူလဲ ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူနဲ့ တော်လှန်နေသူအပေါင်းကို အလေးအနက် အမွန်အမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ သည်ငါးနှစ်မှာ တော်လှန်ရေးဟာ…