ဂျီသရီး (G-3) ဖြစ်လာမှာလား

လှကျော်ဇော နှစ်သစ်ကူးကာလထရန့်ရဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ဗုံးကြဲပြီး သမ္မတဇနီးမောင်နှံပြန်ပေးဆွဲခန်းကတော့ တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ တနေ့ ဗင်နီဇွဲလားတော့ ခံရတော့မယ်-ဆိုတာ လူတွေရိပ်မိထားပေမယ့် ဒီလောက် မြန်ဆန်ဗြောင်ကျလိမ့်မယ် လို့တော့ တွက်မထားကြပါဘူး။ ဖြစ်လာတော့လည်း အားလုံးဝိုင်းကန့်ကွက်သူကကန့်ကွက် အားပေးသူကအားပေးနဲ့ ထောင့်အသီးသီးက ခွဲခြမ်းစိတ်ဖြာမှုအစုံစုံနဲ့ ပွက်လောရိုက်သွားပါတယ်။ တချို့ဝေဖန်ချက်တွေဟာအတော်စုံလင်ကောင်းမွန်ပြည့်စုံလှပါတယ်။ ဒါတွေ ရသမျှလိုက်ဖတ်ရင်း အာရုံထဲရောက်လာတဲ့အကြောင်းအရာတွေကို ရေးချင်လာပါတယ်။ ၁။ အမေရိကန်အစိုးရနဲ့ပြည်တွင်းအခြေအနေ။ ဒါကိုအကောင်းဆုံးပြောပြသွားသူများဟာ အမေရိကန်များပဲဖြစ်ပါတယ်။ (က)။ လွှတ်တော်အမတ်-ဘာနီဆောင်းဒါးရဲ့ ပြောစကားများ။ —ထရန့်ရဲ့ဒီလိုနိုင်ငံတကာဥပဒေတွေကိုဖောက်ဖျက်လုပ်ဆောင်မှုဟာ အမေရိကန်ကိုရော ကမ္ဘာကြီးကိုပါ ပိုမိုမတည်မငြိမ်ဖြစ်စေမှာ ဖြစ်ပြီး၊တခြားနိုင်ငံများအတွက် မကောင်းတဲ့အစဉ်အလာတရပ် ဖြစ်စေနိုင်တယ်။…


