မျက်မှောက်နိုင်ငံရေးအလှုပ်အခတ်များအပေါ်စဉ်းစားချက်နဲ့အမြင်သဘောထား

မောင်လှဝင်း(မြင်းခြံ) အင်အားကြီးနိုင်ငံကြီးများရဲ့ အားပြိုင်မှု ဗမာပြည်သို့ တစုံတရာ သက်ရောက်လာချိန်တွင် ဗမာပြည်ကြားညပ်မခံရအောင် လိမ္မာပါးနပ်ကြဖို့ စောစွာကတည်းက တင်ပြလာခဲ့ကြသည်။ (မအလ) အစိုးရက သူ့အစိုးရနှင့် သူ့စစ်အာဏာရှင်စနစ် တည်တံ့နိုင်ရေးအတွက် သူအားကိုးအားထားပြုနိုင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့် ဆက်သွယ်မှီခိုတာတွေ ၁၉၈၉ နောက်ပိုင်း တောက်လျှောက်လုပ်လာခဲ့သလို နောင်တွင်လည်း လုပ်နေဦးမှာ ဖြစ်ပါသည်။ မျက်မှောက် ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးသည် ၂၀၂၁ မှ စ၍ တောင်ပေါ်မြေပြန့် တောရောမြို့ပါ တပြည်လုံး လက်နက်ကိုင်တော်လှန်လာကြချိန်တွင် အင်အားကြီးနိုင်ငံကြီးများ၏ အားပြိုင်မှုသည် တိုင်းပြည်နှင့် ပြည်သူ ကြားညပ်မည့်အန္တရာယ်သာမက ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးပါ…





