Category ဆောင်းပါး

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး – ပြည်တွင်းငြိမ်းချမ်းရေး

ရဲဘော်ကိုတူး မင်းအောင်လှိုင်စစ်ကော်မရှင်က ရွေးကောက်ပွဲတုနဲ့အတူ စစ်ရေးထိုးစစ် နိုင်ငံရေးထိုးစစ် သံတမန်ရေးထိုးစစ်တွေတပြိုင်တည်း လုပ်လာနေတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ခွက်ခွက်လန် ရှုံးနိမ့်သွားပြီးနောက် (၂၀၀၈ ခြေဥကို ကိုယ်တိုင်ချိုးဖောက်ကာ) အာဏာသိမ်းခဲ့တဲ့ မအလစစ်အုပ်စုဟာ၊ တရားဝင်မှုပြန်ရဖို့ တခြားနည်းလမ်း မရှိတော့တာကြောင့် ရွေးကောက်ပွဲတု ကျင်းပဖို့ပြင်နေတယ်။ သူတို့ဟာ လူသေအလောင်းပုံပေါ်မှာ မဲလိမ်မဲခိုးကာ မဟားတရား အတည်ပြုထားတဲ့ ၂၀၀၈ နာဂစ်စစ်ခြေဥကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်။ရွေးကောက်ပွဲတုနဲ့အတူ ဖိနှိပ်ရေးဥပဒေအမျိုးမျိုးကိုလည်း ထုတ်နေတယ်။ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးခြင်းဆိုင်ရာ ဥပဒေများဖြစ်တဲ့ ပုဒ်မ ၅ (နေအိမ်…

အဓိပ္ပာယ်ရှိသောရှင်သန်ခြင်း (သို့မဟုတ်) ရဲဘော်လေးမောင်

ထွန်းမြတ်ကျော် (၁) သာမန် လူတယောက်အတွက် သက်တမ်းမည်မျှရှင်သန် နေထိုင်သွားကြရပါသနည်း။ သည့်အတွက် အဖြေကတော့ ရက်သတ္တပတ် ၄၀၀၀ (လေးထောင်) ပါ။ ကျန်းမာသောပုံမှန် လူတယောက် အသက်အရွယ် အပိုင်းအခြားအရဆိုပါမူ အသက် ၈၀ နှစ်။ အသက် ၄၀ နှစ် ရှိသောလူတယောက်အတွက်မူ သူအသက်ရှင် နေထိုင်ရန် ကျန်ရှိမည့် ရက်မှာရက်သတ္တပတ် ၂၀၀၀ (နှစ်ထောင်) သာကျန်ရှိတော့မည်။ ကျနော်တို့ အသက်ရှင်နေထိုင်ခဲ့ပြီးသော အချိန်များ။ဆက်လက်ရှင်သန် နေထိုင်ရဦးမည့် နေ့ရက်များအတွက် ဘာတွေလုပ်ပြီးခဲ့ပြီလဲ။ ဘယ်သူ့အတွက် ဘာတွေဆက်လုပ်ပြီး ရှင်သန်ကြမှာလဲ။ အဓိပ္ပါယ်ရှိသောရှင်သန်ခြင်းဖြင့်…

အာဏာသိမ်းစစ်အုပ်စုရဲ့ ထွက်ပေါက်ရှာရေးအိပ်မက်ကို ရိုက်ချိုးတိုက်ဖျက်ပစ်ကြစို့။

ဥဩချို ရခိုင်ပြည်နယ်နေ့ကို အခွင့်ကောင်းယူပြီး မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်စွန့်ဖို့ ပြောလာတယ်။ ငါးဖယ်လန် ပြောင်းပြန်ပြောနည်းပဲ။ တိုက်တိုင်းရှုံး မအလ က ရခိုင်ပြည်နယ်မှာ အောင်ပွဲဆက်တိုက်ရနေတဲ့ အေအေကို လက်နက်ချဖို့ ပြောနေတာပဲ။ မိစ္ဆာတပ် စစ်အုပ်စုခေါင်းဆောင်တွေထဲမှာ မအလဟာ အညံ့ဆုံးလို့ ဆိုလောက်တဲ့ စစ်ခေါင်းဆောင်ပဲ။ သေသည်အထိ ဒါမျိုးပြောပြီး အသေထွက် ထွက်သွားမယ့်သူတွေပဲ လို့ ပထမတော့ ဒီအတိုင်း သာမန် တွေးမိတယ်။ ဒီနောက်တော့ သူ ဘာအားကိုးနဲ့ ဒီလို မဖြစ်နိုင်တဲ့တောင်းဆိုချက်နဲ့ အစချီတာလဲ လို့ စဉ်းစားမိပြန်တယ်။…

ရဲဘော်ကိုထက်နဲ့ တကွ တော်လှန်ရေးအတွင်း ကျဆုံးသူ ရဲဘော်အပေါင်းကို အလေးပြုလိုက်ပါတယ်

ကျော်ဇင်မင်း PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အဖွဲ့ဝင် အလုပ်သမားတော်လှန်ရေးသမား ရဲဘော်ကိုထက်ဟာ အလုပ်သမား၊ လယ်သမားလူတန်းစားလွတ်မြောက်ရေးအတွက် ရှေ့တန်းကနေလက်နက်ကိုင်တိုက်ခိုက်ရင်း သူရဲကောင်းပီသစွာကျဆုံးသွားခဲ့ပါတယ်။ အဖိနှိပ်ခံဆင်းရဲသားပြည်သူလူထုကြီးအတွက် ရဲဘော်ကိုထက် အသက်ပေးလှူသွားတာဟာ ရဲဘော်အားလုံးအတွက် ဂုဏ်ပြုဦးညွတ်စရာ ဖြစ်ပါတယ်။ ပခုက္ကူမြို့အနီးက ရေလာလေးပျူစောထီးကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်ဖွဲ့ PDO/PDA ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ၊ ကမ္မတော်လှန်ရေးတပ်ဖွဲ့ KMRF ၊ ကျောင်းသားလက်ရုံးတပ်တော် SAF ၊ ပခုက္ကူစုဖွဲ့မှုတို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။…

ကျွန်တော့်ဆရာရဲဘော်စောထို

ထွန်းမြတ်ကျော် (၁) ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေရဲ့ ဝှက်စာစက် အင်နက်ဂမာ ကပေးပို့တဲ့ စစ်သတင်းကြေးနန်းများကို ဗြိတိသျှ စစ်ထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်နိုင် ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ဒုတိယကမ္ဘာစစ်ဟာ ၂နှစ် စောပြီး ပြီး ဆုံးခဲ့သလို လူဦးရေ (၁၄) သန်းရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခက်အခဲအမျိုးမျိုးကြားထဲက ၂ နှစ်အကြာ ကြိုးစားလုံးပန်းခဲ့ရာမှာ နာဇီဂျာမနီရဲ့ အင်နက်ဂမာ စက်ထဲက စစ်သတင်းတွေကို ကြားဖြတ် ဖော်ထုတ် နိုင်ခဲ့တဲ့ သင်္ချာပညာရှင်ကတော့ အလန်ကျူရင်း (Alan Turing)ဆိုသူပဲ ဖြစ်…

အိုနာကျိုးကန်းသီအိုရီများ

အိုနာကျိုးကန်းသီအိုရီများ (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) တော်လှန်ရေးရဲ့ဒီနေ့အခြေအနေက အရှိန်အဟုန်ရော၊ အရှိန်အဝါရောသိပ်ကြီးတယ်။ တော်လှန်ရေးကိုထိပ်တိုက်ရင်ဆိုင်ပြီး ပြောင်ပြောင်ဆန့်ကျင်ရဲသူနည်းတယ်။ လုပ်ရပ်နဲ့မဆန့်ကျင်ရဲတော့ အသံနဲ့မကြားတကြားပြောကြတယ်။ လက်တွေ့ကို စေ့စေ့မကြည့်ရဲတဲ့အခါ အချောင်သမားသဘောတရားတွေကို ဆွဲထုတ်လာကြတယ်။ တချို့ကလက်ယာဘက်က ဆွဲထုတ်လာ၊ တချို့က လက်ဝဲဘက်ဆွဲထုတ်လာ… အနှစ်သာရကတော့ အတူတူပဲ၊ ဘာမှမထူးကြဘူး။ ဘယ်ဘက်ကပဲ လှည့်ပြောပြော နောက်ဆုံးရောက်ကြတဲ့နိဂုံးကတော့ “တော်လှန်စစ်ကိုရပ်ကြပါ၊ စစ်အုပ်စုကိုဖယ်ထုတ်ဖို့ မကြိုးစားပါနဲ့” ဆိုတာပဲ။ ဝေါဟာရအမျိုးမျိုးသုံးတယ်၊ သီအိုရီအမျိုးမျိုးသုံးတယ်၊ ကျမ်းကိုးအမျိုးမျိုးသုံးတယ်၊ သူတို့ပြောနေတဲ့စကားလုံးတွေနောက်ကိုသာ ဆန်စဉ်ရာကျည်ပွေ့လိုက်နေရင် မျက်စိလည်လို့ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့…