ခေါင်းမာသော လူသားများ
တနေ့တာသည်၊ ကမ္ဘာမျှပင်ကြာအံ့ထင်သည်၊ နေဝင်နေထွက်ရက်ဆက်လညောင်း၊ သံချောင်းခေါက်သံအမိန့်သံနှင့်၊ ဆဲသံဟောက်သံရိုက်နှက်သံ များနားမှာ ယဉ်ပါးခဲ့ပြီလေ။ သံတိုင်တံတိုင်း၊ ပြိုင်းရိုင်း မားမတ်ခြံခတ်ပိတ်ဆီး၊ လမ်းခရီးမှာခေါင်းမြီးခြုံကာ၊ သွားလာဝင်ထွက်နှိပ်စက် ညှဉ်းပန်း၊ မေးမြန်း စစ်ကြောသေလုမျောမေ့၊ ငရဲနေ့များ။ လွတ်လပ်မှုကို၊ လိုလားသူများနှောင်ထားထောင်သွင်း၊ ကြိုးတိုက်တွင်းမှာကျဉ်းကျပ်နာကျင်၊ မချိတင်ကဲအံခဲ ခံစားနေရပကောလား။ လူဆိုသည်မှာ၊ ခေါင်းမာရန်ကောစိတ်ဇောထန်သည်း၊ နာကြည်းမှုများအင်အားအဖြစ်၊ ပြောင်းပစ်တုံ့ပြန်ကြံ့ကြံ့ခံကာ၊ နက်ဖြန်မိုးသောက်တို့ခေတ်ရောက်က၊ လွတ်မြောက်ငြိမ်းချမ်းပန်းပေါင်းတရာ၊ ဝေဆာထုံမြပွင့်ကုန်ကြလိမ့်၊ မုချမသွေ …ယုံကြည်နေဆဲပါတကား။ ။ ရဲဘော် မောင်မောင်လတ် ဩဂုတ်လ၊ ၁၉၇၈ ခုနှစ်(ရက်ပေါင်း ၇၀၀ ကျော် စစ်ပုလိပ်ငရဲခန်း မှတ်တမ်းများမှ) (ဒီကဗျာအကြောင်း။ ။ ၁၉၇၈ ကာလ RIT ကျောင်းသားခေါင်းဆောင် ကိုအေးသောင်နှင့် အမှုတွဲ စစ်ကြောရေးကာလ၊ တိုက်ထဲက ဝါးဖျာပေါ်မှာ ဘယ်သူမှန်းမသိ သံချွန်နဲ့ရေးခဲ့တဲ့ကဗျာကို ကိုစိုးမြင့်(တိမွေးကု)တွေ့ပြီး သီချင်းအဖြစ် အသံသွင်းခဲ့တယ်။ ဂီတသင်္ကေတ Notes ဖြင့် ထောင်ပြင်ထုတ်ခဲ့တယ်။ ကိုစိုးမြင့်အကို ကိုရန်လင်းမှ ပြန်လည်အသံသွင်းပြီး အရှေ့မြောက်ပြည်သူ့အသံမှ ရဲဘော်လေးမောင်သီဆို အသံလွင့်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ နောင် လူချင်းဆုံမှ မူရင်းကဗျာရေးသူ… Read More »