Category Archives: ထုတ်ပြန်ကြေညာချက်

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတာဝန်ကို ဆုံးခန်းတိုင် ထမ်းရွက်ကြ

(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ တင်ပြချက်) ဒီနေ့ခေတ်ဟာ ကမ္ဘာ့ဗိုလ်ကျစိုးမိုးရေးဝါဒ ရှိနေတဲ့ အခြေအနေအောက်မှာ ကြီးမားပြင်းထန်တဲ့ ဒေသန္တရစစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ ခေတ်ကာလ။ တိုင်းပြည်တိုင်းဟာ မိမိတို့တိုင်းပြည်နဲ့ အမျိုးသားအကျိုးစီးပွားကို အဓိက ရှေးရှုဦးတည်ပြီး အစိုးရလုပ်ငန်းများကို ဆောင်ရွက် နေကြတဲ့ကာလ။ ဒီကမ္ဘာ့အခင်းအကျင်းမှာ ဗမာပြည်ရဲ့ နွေဦးတော်လှန်ရေးကို ဗမာပြည်ရဲ့ အိမ်နီးချင်း နိုင်ငံကြီးများနဲ့ အာဆီယံ ဘယ်နိုင်ငံကမှ အားပေးမှာ မဟုတ်ပါ။ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ် ပထဝီစီးပွားရေးကို ထိခိုက်မှာ စိုးရိမ်နေကြတာလည်း ရှိပါတယ်။ ဆိုလိုတာက ဗမာပြည် နွေဦးတော်လှန်ရေးဟာ ကိုယ့်ပြည်သူလူထုကိုပဲ အဓိက မှီခိုအားကိုးပြီး အဆင်းရဲအပင်ပန်းခံ လုံးပန်း တိုက်ခိုက်သွားရမှာပါ။ ဗမာပြည်မှာ ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ စစ်အာဏာရှင်စနစ်ကတဖက် ၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက တဖက် ဖြစ်ပွားနေတဲ့ ပဋိပက္ခက အဓိကပဋိပက္ခပါ။ တော်လှန်သူများအနေနဲ့ ဒီပဋိပက္ခကို မိမိရရ မဆုပ်ကိုင်ရင် တော်လှန်ရေးခရီးမတွင် ဖြစ်တတ်ပါတယ်။ ဒီပဋိပက္ခကို အာဏာသိမ်း မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါ။… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်

(တော်လှန်ရေး အင်အားစုများအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းနေခြင်း နှင့် ပတ်သက်၍ (ဗကပ) ၏သဘောထား) ရက်စွဲ – ၂၀၂၆ ခုနစ် မတ်လ ၂ရက် ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေးသမိုင်းစဉ်တွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခကို လက်နက်နှင့် တိုက်ခိုက်ဖြေရှင်းခဲ့သော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ နှစ်ဖက်အဖွဲ့အစည်းမှ တော်လှန်ရေး ရဲဘော်များ ကျဆုံးသွားခဲ့ကြရသည်။ နှစ်ဖက် အဖွဲ့အစည်းအတွက် အကျိုးမရှိ။ ရန်သူသာ အမြတ်ထွက်သည်။ ပြည်သူလူထု ထိခိုက်နစ်နာရသည်။ တော်လှန်ရေးသမိုင်းက သင်ကြားပေးလိုက်သည့် သွေးနှင့် ရင်းခဲ့ရသော သင်ခန်းစာ ဖြစ်သည်။ ဤသင်ခန်းစာအပေါ် အခြေပြု၍ ဘုံရန်သူကို ဦးတည်တိုက်ရေး လမ်းကြောင်းကို တော်လှန်ရေးက တောင်းဆိုချမှတ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်အခြေအနေတွင်လည်း ဘုံရန်သူကို ဦးတည်တိုက်ရေးလမ်းကြောင်းသာ မှန်ကန်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက်ယုံကြည်သည်။ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပဋိပက္ခသည် ပြည်သူတွင်းပဋိပက္ခ၊ မိတ်ဖက်ပဋိပက္ခသာ ဖြစ်သည့်အတွက် ရန်-ငါ ပဋိပက္ခသဖွယ် လက်နက်အင်အားသုံးပြီး မဖြေရှင်းသင့်။ ထိုဖြေရှင်းနည်းသည် ရန်သူစစ်အုပ်စုနှင့် စစ်တပ်ကိုသာ… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၆ နှစ်မြောက်မွေးနေ့အတွက် ပါတီဗဟိုရဲ့ အမှာစကား

ဒီနေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ (၈၆) နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ပြည်တွင်းဒေသအသီးသီးက လက်နက်ကိုင် တိုက်ပွဲဝင်နေကြ တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မှူး ၊ တပ်သားများနဲ့ အတူ ပါဝင်တက်ရောက် အထိမ်းအမှတ် ပြုကြရတာကြောင့် ဝမ်းမြောက်မိပါတယ်။ ရဲဘော်အားလုံးကို အလေးနီပြုလိုက်ပါတယ်။ ပါတီ စတင် ထူထောင်ခဲ့ချိန်မှစ ဒီနေ့ထိ ပြည်သူလူထုနဲ့ ပါတီအကျိုးအတွက် လုံးပန်းတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်များအားလုံးကိုလည်း ဦးညွှတ်အလေးပြုလိုက်ကြောင်း ပြောလိုပါတယ်။ ပါတီရဲ့သမိုင်းမှာ မြေအောက်ပါတီအဖြစ်၊ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ ပါတီအဖြစ် အနိမ့်အမြင့်၊ အတက်အကျ ကာလအသီးသီးကို ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာပါတီဟာ မြေအောက်ပါတီ အနေအထားရော၊ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ပါတီ အနေအထားနဲ့ပါ ပုံစံနှစ်မျိုးလုံးနဲ့ ရပ်တည်တိုက်ပွဲ ဝင်နေတဲ့ကာလ ဖြစ်ပါတယ်။ ၁၉၉၀ မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြေအောက်ပါတီအဖြစ် ရပ်တည်ရင်း ဗမာပြည်ရဲ့ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွဲခဲ့ပါတယ်။ မြေအောက်ပါတီအဖြစ်ရပ်တည်ရင်း လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲနိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းမှုကို တလျှောက်လုံး လုပ်လာရင်းက ၂၀၂၁ မှာ နွေဦး… Read More »

အင်အားပြင်း ငလျင်ကပ်ဘေးသင့် ပြည်သူများအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက် (၂၉.၃.၂၀၂၅)

NUCC ကျင်းပတဲ့ပြည်သူ့ညီလာခံ မတက်ရောက်ဖြစ်ကြောင်း ပြန်ကြားလွှာ

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်၂/၂၀၂၁၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။ ဗမာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူ့အုံကြွမှုကြီးမှာ အချိန်အားဖြင့် လဝက်ပင် ကျော်သွားလေပြီ။ ဤမျှရှည်ကြာစွာ တိုက်ပွဲဝင်နေကြသော ဗမာပြည် ပြည်သူလူထုကြီးကို အလေး အနက် ချီးကျူးဂုဏ်ပြု အားပေးထောက်ခံသွားရမည် ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးတွင် ပါဝင်နေသူများအနက် မနည်းလှသောရာခိုင်နှုန်းမှာ တနေ့လုပ်မှ တနေ့စားရသူများဖြစ်ပြီး သူတို့သည် အလုပ်ပျက်ခံ၊ အအိပ်ပျက်အစားပျက်ခံပြီး တိုက်ပွဲဝင်နေကြဆဲလည်း ဖြစ်သည်။ သူတို့မဲထည့်ရွေးချယ်ပေးလိုက်သော ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ကြိုးစားရာက အာဏာသိမ်းမှုပြုလိုက်သော စစ်အုပ်စုကို ပြည်သူလူထုကြီးက လွန်စွာရွံရှာမုန်းတီးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်လာကြသည်။ ဤသည်ကိုလည်း အသိအမှတ်ပြုရပေမည်။ တိုက်ပွဲမည်သို့အဆုံးသတ်မည်ကို အသေအချာမပြောနိုင်သေးသော်လည်း တိုက်ပွဲ မည်သို့ စတင်ခဲ့သည်ကိုတော့ တကမ္ဘာလုံးက မှန်ကန်တိကျစွာသိနေကြသည်။ ဗမာပြည် သမိုင်းမှာ ပေါ်ပေါက်ခဲ့သောယခင့်ယခင်က လူထုတိုက်ပွဲကြီးများနည်းတူ၊ အုပ်စိုး သူများ/ စစ်အာဏာရှင်များဘက်က စတင်ဖန်တီးခဲ့ခြင်းကြောင့် လူထုများ လမ်းပေါ်သို့ ရောက်ရှိ လာကြခြင်းဖြစ်သည်ဆိုသောအချက်ကိုမည်သူမျှမငြင်းကွယ်နိုင်ပေ။ စစ်အာဏာရှင်များသည် အာဏာကို လုယူရရှိထားသူများ… Read More »

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်

          ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက် ၂/၂၀၂၁ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ   ၂၁  ရက် ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။ ဗမာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူ့အုံကြွမှုကြီးမှာ အချိန်အားဖြင့် လဝက်ပင် ကျော်သွားလေပြီ။ ဤမျှရှည်ကြာစွာ တိုက်ပွဲဝင်နေကြသော ဗမာပြည် ပြည်သူလူထုကြီးကို အလေး အနက် ချီးကျူးဂုဏ်ပြု အားပေးထောက်ခံသွားရမည် ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးတွင် ပါဝင်နေသူများအနက် မနည်းလှသောရာခိုင်နှုန်းမှာ တနေ့လုပ်မှ တနေ့စားရသူများဖြစ်ပြီး သူတို့သည် အလုပ်ပျက်ခံ၊ အအိပ်ပျက် အစားပျက်ခံပြီး တိုက်ပွဲဝင်နေကြဆဲလည်း ဖြစ်သည်။  သူတို့မဲထည့် ရွေးချယ်ပေးလိုက်သော ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ကြိုးစားရာက အာဏာသိမ်းမှုပြုလိုက်သော စစ်အုပ်စုကို ပြည်သူလူထုကြီးက လွန်စွာရွံရှာမုန်းတီးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်လာကြသည်။ ဤသည်ကိုလည်း အသိအမှတ်ပြုရပေမည်။ တိုက်ပွဲမည်သို့အဆုံးသတ်မည်ကို အသေအချာမပြောနိုင်သေးသော်လည်း တိုက်ပွဲ မည်သို့ စတင်ခဲ့သည်ကိုတော့ တကမ္ဘာလုံးက မှန်ကန်တိကျစွာသိနေကြသည်။ ဗမာပြည် သမိုင်းမှာ ပေါ်ပေါက်ခဲ့သော ယခင့်ယခင်က လူထုတိုက်ပွဲကြီးများနည်းတူ၊ အုပ်စိုးသူများ/ စစ်အာဏာရှင်များဘက်က စတင်ဖန်တီးခဲ့ခြင်းကြောင့်… Read More »