Category ထုတ်ပြန်ကြေညာချက်

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်

          ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက် ၂/၂၀၂၁ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ   ၂၁  ရက် ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။ ဗမာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူ့အုံကြွမှုကြီးမှာ အချိန်အားဖြင့် လဝက်ပင် ကျော်သွားလေပြီ။ ဤမျှရှည်ကြာစွာ တိုက်ပွဲဝင်နေကြသော ဗမာပြည် ပြည်သူလူထုကြီးကို အလေး အနက် ချီးကျူးဂုဏ်ပြု အားပေးထောက်ခံသွားရမည် ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးတွင် ပါဝင်နေသူများအနက် မနည်းလှသောရာခိုင်နှုန်းမှာ တနေ့လုပ်မှ တနေ့စားရသူများဖြစ်ပြီး သူတို့သည် အလုပ်ပျက်ခံ၊ အအိပ်ပျက် အစားပျက်ခံပြီး…

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁ ရက်စွဲ။ ။ ၃၁- ၁- ၂၀၂၁ တပ်မတော်အနေနဲ့အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း သတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်က ပြောကြားလိုက်တာနဲ့ တဆက်တည်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံး၏ Mother law ဖြစ်ပြီး မလေးစား မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမှာဖြစ်ကြောင်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဗြောင်ပြောလာပြန်ပါတယ်။ အဲဒီနောက်၊ လုံခြုံရေး တင်းကျပ်ထားတဲ့ နေပြည်တော်မှာ စစ်တပ်ကိုယ်စားလှယ်များနဲ့ ဒီချုပ်ကိုယ်စားလှယ်များ တွေ့ဆုံတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တပ်ဘက်က ရွေးကောက်ပွဲရလဒ်ကို လက်မခံလိုတဲ့ သဘောထားဖော်ပြမှုနဲ့ အတူ လွှတ်တော်ရွှေ့ဆိုင်းဖို့ ကာလုံခေါ်ပေးဖို့တင်းတင်းမာမာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်တွေဟာ…

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက်

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက် ၁။ ယခုအခါ COVID-19 ကူးစက်မြန်ရောဂါသည် ရခိုင်ဒေသအတွင်း အလျှင်အမြန်ပျံ့နှံ့နေကြောင်းသတင်းများ ကြားသိနေရပါသည်။ ဩဂုတ်လ ၁၆ မှ ၂၃ ရက်နေ့ည ၈ နာရီအထိ ရောဂါပိုးတွေ့ရှိသူ ၅၉ ဦးအထိရှိလာပြီ။ တပြည်လုံး ကူးစက်ခံရသူစုစုပေါင်း ၄၅၀ ဦး ရှိခဲ့ပြီ။ ကျန်းမာရေးဝန်ကြီးဌာနသတင်းများအရ ယခုကူးစက်မှုမှာ မျိုးဗီဇပြောင်းလဲနေသော ဗိုင်းရပ်စ်အမျိုးအစား ဖြစ်နိုင်သောကြောင့် ကူးစက်မှုနှုန်း ဆယ်ဆမြန်ကြောင်းနှင့် ဒုတိယလှိုင်း တကြော့ပြန်လာတာဖြစ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ကာကွယ်ဆေးစမ်းသပ်ခြင်းနှင့် ကာကွယ်ဆေးလူတိုင်းစေ့ဖြန့်နိုင်ရေးမှာ နှစ်ချီကြာဦးမှာဖြစ်ကြောင်း…

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော မိမိတို့သဘောတား (ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သောမိမိတို့သဘောတား(ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)(၁၇ – ၇ – ၂၀၁၆) အစိုးရအပြောင်းအလဲလုပ်ပြီး၍ ရက်တရာအလွန်မှာပင်“အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်(Rapid Response) စီမံပေးရန်အတွက်ဆိုပြီး ဗဟိုကော်မတီတခု ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အစိုးရသစ်တက်လာပြီးနောက် တိုင်းပြည်တစုံတရာအေးချမ်းသွားလိမ့်မည်ဟု ထင်နေသူတွေမှာ မျက်လုံးမျက်ဆံပြူး ဖြစ်ကုန်ကြတော့သည်။ ငြိမ်းချမ်းရေးစကားတွေ၊ ရင်ကြားစေ့စကားတွေ သောင်းသောင်းညံအောင် ကြားနေရသည့်အကြားမှ ပေါ်ထွက်လာသော အက်ဥပဒေဖြစ်သမို့ ပိုပြီးအံ့အားသင့်ကြရခြင်း ဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရန် ပြောဆိုစိုင်းပြင်းနေချိန်နှင့် တိုက်ဆိုင်နေသည်မှာ မည်သို့သောအဆက်အစပ်ပါလိမ့်ဟု တွေးသူကတွေးစရာ ဖြစ်လာသည်။ သေချာတာကတော့…