Category ကဗျာ

“မွေးနေ့ အဓိဋ္ဌာန်”

“မွေးနေ့ အဓိဋ္ဌာန်” (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် အထိမ်းအမှတ် အရေးတော်ပုံဂျနယ်မှာ ထည့်သွင်းဖော်ပြမယ့် ကဗျာ) ၈၅ နှစ် ပြည့် မွေးနေ့ မဟာမှာ အာဇာနည် အထောင်အသောင်းကို ဦးခိုက်မိတယ် အကြိမ်ကြိမ် ငြိမ်သက်ချိန် မရှိလောက်အောင် တိုက်ပွဲဝင် စွမ်းအားများ သင်တို့ထံမှ ငါ ရ၏။ ရန်တကာရဲ့ ဖိနှိပ် ရက်စက်မှုများ ငါ့ ပြည်သူအကြား မုန်ယိုဆင်ရိုင်းလို မွှေနှောက်နေလည်း သွေးသားသစ် ကလပ်စည်းများ မပြတ်…စဉ်ဆက် ဖြစ်တည်တိုးပွား သံမဏိသားနှယ် ကြံ့ခိုင်တယ်။ ငါ့ရဲ့ ရှင်သန်ခြင်းမှာ…

မိခင်ကြယ်နီ

မိခင်ကြယ်နီ -အနာဂတ်ကို မျှော်တွေး ၁၃၀၀ပြည့် အတွေ့ကြုံ သင်ခန်းစာ ပြုရင်း တော်လှန်သော အတွေးခေါ် ပါတီတခု တိုးတက်သော ခေါင်းဆောင်မှုကို အသိပြုရင်း အောင်ဆန်း ဗဟိန်း သန်းထွန်း ဇင် ချစ် ဗသိန်းတင် တို့ခေါင်းဆောင်မှုနှင့် အတွေးခေါ်သစ် ရပ်တည်ချက်မှန်မှန် လူထုကို ဗဟိုပြု ဖက်ဆစ်ကို မြေလှန် နယ်ချဲ့ကို သဂြိုလ်ပစ်ရေး မာ့က်စ်လီနင် မော်အတွေး ဦးထိပ်ပန်ရင်း သွေးသစ်တွေလောင်း တိုက်ပွဲထဲက ပါတီ လူထုထဲက ပါတီ ဖေါက်ပြန်သူတို့ အကြံယုတ်နှင့် ဟန်လုပ်ပြီး ဝါဒတွေဖြန့်…

နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ

(နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ) (ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် နိုင်ငံတကာကဗျာ) ဂျယ်ဘမ်းကို အလေးပြုခြင်း ခရစ်သျှနားစံ “အစ်ချွတ်” (နီပေါ ကွန်မြူနစ် အာဇာနည် ကဗျာဆရာ၊ စာရေးဆရာ ခရစ်သျှနားစံ “အစ်ချွတ်” ရဲ့ ကဗျာကို အင်္ဂလိပ်ဘာသာမှ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။) ဂျယ်ဘမ်း လာဘန်ယမ်း၏ထိပ်ဖျားမှာ ရပ်လျက် အဝေးကို မျှော်ငေး လွတ်မြောက်ရေး မိုးကုပ်စက်ဝိုင်းရှိရာ အချုပ်အခြာမြင့်မား တောင်တန်းများကား မားမားရပ်လျက် ပူဆွေးမှုအတွက် ငြိမ်သက် ကြီးမြတ်သည့် စစ်သည်တော်…

စစ်ကျန် အတိုအစများ

စစ်ကျန် အတိုအစများ မြင့်ဆွေ (ဗမာပြည်ကွန်မြူနစ််ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ကဗျာ) စစ်အတွင်းမှာ ကွဲကွာသွားကြရတာတွေ စစ်အတွင်မှာ ကြုံဆုံခဲ့ကြရတာတွေ လူသားချင်း တူးတူးခါးခါးတွေ လူသားချင်း နှစ်နှစ်ကာကာတွေ တောင်တန်းပြာပြာ တောစိမ်းစိမ်းတွေ စမ်းချောင်းလေး နံဘေးမှာ တောပန်းလေးတွေလည်း ပွင့်ပါတယ်။ – တယောက်က အသက်နဲ့ရင်းပြီး ရောက်လာ၊ တယောက်က ဘဝနဲ့ရင်းပြီး ရောက်လာ၊ နောက်တယောက်က အားလုံး အသစ်က ပြန်စဖို့တဲ့….. – ရဲဘော်ချေရဲ့ အဆိုအမိန့်တွေ အလွတ်ကျက်ထားသူက…

“၈၄” ဒိုင်ယာရီ

“၈၄” ဒိုင်ယာရီ ( ဗမာပြည် ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် သို့ ဂုဏ်ပြုခြင်း) ခေတ်သစ်သမိုင်းကို မုန်တိုင်းကြားမှာ ငါတို့ ရေးသားခဲ့ ရေးသားဆဲ မို့ ဖြတ်သန်းခဲ့တဲ့ မှတ်တမ်းများ စမ်းတဝါးဝါးနဲ့ မကျန်ရစ်စေရ ။ ငါတို့ မွေးဖွားခဲ့တဲ့ ရက် ရက် ရာဇာ၊ ပြဿဒါး မရှိ,မသိ နိုင်ငံရေးအသိကပဲ အဓိက လက်သည်ဖြစ်ခဲ့တယ်။ နယ်ချဲ့ရဲ့ ထမ်းပိုးအောက်မှာ အသက်ဗီဇဖြစ်တည်လာ။ ဖက်ဆစ်ဓားအောက်မှာ ပြားပြားမမှောက်ဘဲ ရှင်သန် ထမြောက်လာ တပြည်လုံး လွတ်မြောက်စေရေးမှာ ရှေ့…

သံမဏိပန်းတပွင့်ရဲ့ ၇၅ နှစ်ခရီး

  သူဟာ မုန်တိုင်းလည်းမကြောက် လေကြမ်းလည်း မရမ်းတဲ့ သံမဏိပန်းတပွင့် ကြွားကြွားဝင့်ဝင့် ပွင့်ဖူး ထူးလှတဲ့ စိန်ရတုတိုင် သူ မယိုင်လဲခဲ့ဘူး။   သူဟာ သမိုင်းဆရာ အဘိဓမ္မာဆရာ ရာဇဝင်ထဲက ကဗျာတပုဒ် နာနာသင်မှတ်ခဲ့ရတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ရဲ့။   သူဟာ အရုဏ်ဦးရဲ့သစ္စာ မိုးသောက်ကြယ် ရိုးမတွေရဲ့အထက်အောက်ကနေ မီးပွားတွေ လွှင့်ထုတ် အမိုက်အမှောင်ကို တွန့် ဆုတ်စေခဲ့။   သူဟာ လွတ်မြောက်ရေးတရားဟောသလို ထွက်ရပ်လမ်းကိုလည်း ကိုယ်တိုင်ဖောက် တပ်ဦးကိုပဲ အမြဲရောက်ခဲ့။   သူဟာ…