၂၁ရာစု ဘုရင်ရူး
၂၁ရာစု ဘုရင်ရူး(သတင်းနဲ့မှတ်ချက်)မောင်သန်းမြရွှေအာဆီယံနောက်မှာ အရှေ့အနောက် UN အားလုံးရှိနေကြတယ်။ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပေးမတက်တဲ့အထိ ဖိအားပေးလာကြပြီ။ အမ်ကယ်ဆမ်ကလည်း နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိ Derek Chollet ဆိုသူကိုလွှတ်ပြီး ထိုင်း မလေး စင်ကာပူ ကတဆင့် စီးပွားဒဏ်ခတ်ဖို့ ဖိအားပေးလာတယ်။ နိုင်ငံတကာ သံတမန်တွေအားလုံးလိုလိုက လူထုကြီးရဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲကို လူထုကြီးရဲ့ ခုခံကာကွယ်မှုအဖြစ်၊ ကိုယ့်အားကိုယ်ကိုး ရုန်းကန်တွန်းလှန်မှုအဖြစ် အလေးထားလာကြရပါတယ်။ အာဆီယံကိုယ်စားလှယ်ကို ဒေါ်စုနဲ့ပေးမတွေ့လို့ မအလကို အာဆီယံထိပ်သီးဆွေးနွေးပွဲ ပေးမတက်ဘူး ဆိုတာက မြင်သာတဲ့…
