Category ထုတ်ပြန်ချက်
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့
သို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့ ဒီနေ့ဟာ ပါတီမျှော်မှန်းထားတဲ့အတိုင်း တော်လှန်ရေးရုပ်ဘဝအခြေအနေ ရင့်မှည့်ပြည့်စုံလာတဲ့အခါမှာ PLA ပေါ်ထွန်းလာတာ ဖြစ်တယ်။ PLA ဟာ ပါတီရဲ့ အကြွင်းမဲ့ခေါင်းဆောင်မှုကို ခံယူပြီး ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတဲ့ တပ်မတော်ဖြစ်တယ်။ တန်ဖိုးကြီးမားလှတဲ့ အသီးအပွင့်ဖြစ်တယ်။ ဒီရတနာပေါ်ထွန်းလာဖို့အတွက် တပါတီလုံး ဆယ်စုနှစ်အချို့ ကြိုးပမ်းအားထုတ်ခဲ့ရတယ်။ ၂ နှစ်အချိန်ယူ တိုက်ပွဲဝင်ပြီးတဲ့နောက် ခုဆို စစ်အုပ်စုလည်မျိုကို ရိုက်သွင်းထားတဲ့ သပ်တချောင်း ဖြစ်နေခဲ့ပါပြီ။ တိုက်ပွဲဝင်တဲ့အခါ နွေဦးတော်လှန်ရေးနဲ့ ချိတ်ဆက်ပြီး နည်းပရိယာယ်ကြွယ်ကြွယ်ဖြင့် PLA နံမည်အပြင် PDF…
