၅၅ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့ အထိမ်းအမှတ် အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ မှ ရဲဘော်အောင်ငြိမ်း (ကျွန်းပြန်ရဲဘော်) ရဲ့ ဂုဏ်ပြုအမှာစကား

ဇူလိုင် ၃၁ ရက်နေ့ဟာ “ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့” ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅ နှစ်က ကိုကိုးကျွန်း အကျဉ်းစခန်းမှာ အာဇာနည် ၈ ဦး ပြည်သူအတွက် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွားခဲ့ကြတယ်။ ဗိုလ်နေဝင်းလက်ထက် ကိုကိုးကျွန်းကို အပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းက ၂၂၃ ယောက် ဖြစ်ပါတယ်။ ခု ဘယ်လောက်ကျန်သေးလဲ ….. အတိအကျတော့ ကျွန်တော် မသိပါ။ ၂၀ ထက် မပိုတော့ဘူးလို့ ခန့်မှန်းမိတယ်။ ဒီမှာတော့ ရဲဘော်ဖိုးသံချောင်းနဲ့ ကျွန်တော် နှစ်ယောက်ပဲ ကျန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်ပွဲဝင်ကျွန်းပြန်တွေအဖြစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လက်နက်ကိုင်တိုက်ပွဲမှာ ဆက်ပါဝင်ခွင့်ရနေလို့ ဆက်လက်တော်လှန်တိုက်ပွဲဝင်နေရတာအပေါ် ကိုယ့်ဘဝကိုယ် ကျေနပ်မိပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်တဲ့ တိုက်ပွဲထဲမှာ ဆက်ပါဝင်နေကြတဲ့ ရဲဘော်တွေနဲ့ တိုက်ဖော်တိုက်ဖက်တွေကိုလည်း ဂုဏ်ပြုလိုက်ပါတယ်။ ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများရဲ့ တော်လှန်ရေးသူရဲကောင်းဝါဒစိတ်ဓာတ် အဓွန့်ရှည်ပါစေ။ အလေးနီဖြင့် ရဲဘော်အောင်ငြိမ်း(မြင်းခြံ)

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတာဝန်ကို ဆုံးခန်းတိုင် ထမ်းရွက်ကြ

(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ တင်ပြချက်) ဒီနေ့ခေတ်ဟာ ကမ္ဘာ့ဗိုလ်ကျစိုးမိုးရေးဝါဒ ရှိနေတဲ့ အခြေအနေအောက်မှာ ကြီးမားပြင်းထန်တဲ့ ဒေသန္တရစစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ ခေတ်ကာလ။ တိုင်းပြည်တိုင်းဟာ မိမိတို့တိုင်းပြည်နဲ့ အမျိုးသားအကျိုးစီးပွားကို အဓိက ရှေးရှုဦးတည်ပြီး အစိုးရလုပ်ငန်းများကို ဆောင်ရွက် နေကြတဲ့ကာလ။ ဒီကမ္ဘာ့အခင်းအကျင်းမှာ ဗမာပြည်ရဲ့ နွေဦးတော်လှန်ရေးကို ဗမာပြည်ရဲ့ အိမ်နီးချင်း နိုင်ငံကြီးများနဲ့ အာဆီယံ ဘယ်နိုင်ငံကမှ အားပေးမှာ မဟုတ်ပါ။ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ် ပထဝီစီးပွားရေးကို ထိခိုက်မှာ စိုးရိမ်နေကြတာလည်း ရှိပါတယ်။ ဆိုလိုတာက ဗမာပြည် နွေဦးတော်လှန်ရေးဟာ ကိုယ့်ပြည်သူလူထုကိုပဲ အဓိက မှီခိုအားကိုးပြီး အဆင်းရဲအပင်ပန်းခံ လုံးပန်း တိုက်ခိုက်သွားရမှာပါ။ ဗမာပြည်မှာ ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ စစ်အာဏာရှင်စနစ်ကတဖက် ၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက တဖက် ဖြစ်ပွားနေတဲ့ ပဋိပက္ခက အဓိကပဋိပက္ခပါ။ တော်လှန်သူများအနေနဲ့ ဒီပဋိပက္ခကို မိမိရရ မဆုပ်ကိုင်ရင် တော်လှန်ရေးခရီးမတွင် ဖြစ်တတ်ပါတယ်။ ဒီပဋိပက္ခကို အာဏာသိမ်း မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါ။… Read More »

ကလလတ (၄၈)နှစ်မြောက် အဖွဲ့အစည်းတည်ထောင်ခြင်းအထိမ်းအမှတ် သဝဏ်လွှာ

သို့ ဗဟိုကော်မတီ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အကြောင်းအရာ။ ။ (၄၈)နှစ်မြောက် အဖွဲ့အစည်းတည်ထောင်ခြင်းအထိမ်းအမှတ် သဝဏ်လွှာပေးပို့ခြင်း ရက်စွဲ / ၂၆-၆-၂၀၂၆ ရဲဘော်တို့ ရဲဘော်တို့နဲ့ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း သွေးစည်းတဲ့ တိုက်ဖော်တိုက်ဖက်၊ တော်လှန်ရေးညီနောင်အဖွဲ့အစည်းနှစ်ရပ်ရဲ့ ချစ်ခင်မှု၊ တဦးနဲ့တဦး ၊ တဖွဲ့နဲ့တဖွဲ့ ၊ တဖွဲ့အခက်အခဲ ဖြစ်ချိန် ကျန်တဖွဲ့က ဝန်းရံအားပေးကူညီတဲ့ စိတ်ဓာတ်ကို လက်တွေ့တိုက်ပွဲတွေအတွင်း အထင်အရှား ပြသနိုင်ခဲ့ ကြတယ်။ အဲဒီအတွက် ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ဒီသဝဏ်လွှာမှာ ထပ်မံဖော်ပြလိုက်ပါတယ်။ ရှေ့ခရီး စစ်၃စစ်ကို အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲတွေမှာလည်း ဒီစိတ်ဓာတ်ကို ကိုင်စွဲကာ ဗမာပြည် လူမျိုးပေါင်းစုံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် အောင်ပွဲရတဲ့အထိ ရင်းနှီးတဲ့ မဟာမိတ်တွေ အဖြစ် မဆုတ်မနစ် အတူလက်တွဲတိုက်ပွဲဝင်သွားကြပါစို့။ ရဲဘော်တို့ အဖွဲ့အစည်းရဲ့ (၄၈)နှစ်မြောက်မွေးနေ့မှာ ရဲဘော်တို့အဖွဲ့အစည်း ပိုမိုခိုင်မာကြီးထွားဖွံ့ဖြိုးပြီး ရန်သူကို တိုက်တဲ့ တိုက်ပွဲတွေနဲ့ တော်လှန်ရေးလုပ်ငန်း၊ လူထုလုပ်ငန်းတွေမှာ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရရှိပါ စေကြောင်း လှိုက်လှဲတဲ့ဆန္ဒမွန်ကို… Read More »

ကလလတ ၏ ပြည်သူ့တော်လှန်ရေး (၄၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ပြည်သူ့တော်လှန်ရေး (၄၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်

(တော်လှန်ရေး အင်အားစုများအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းနေခြင်း နှင့် ပတ်သက်၍ (ဗကပ) ၏သဘောထား) ရက်စွဲ – ၂၀၂၆ ခုနစ် မတ်လ ၂ရက် ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေးသမိုင်းစဉ်တွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခကို လက်နက်နှင့် တိုက်ခိုက်ဖြေရှင်းခဲ့သော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ နှစ်ဖက်အဖွဲ့အစည်းမှ တော်လှန်ရေး ရဲဘော်များ ကျဆုံးသွားခဲ့ကြရသည်။ နှစ်ဖက် အဖွဲ့အစည်းအတွက် အကျိုးမရှိ။ ရန်သူသာ အမြတ်ထွက်သည်။ ပြည်သူလူထု ထိခိုက်နစ်နာရသည်။ တော်လှန်ရေးသမိုင်းက သင်ကြားပေးလိုက်သည့် သွေးနှင့် ရင်းခဲ့ရသော သင်ခန်းစာ ဖြစ်သည်။ ဤသင်ခန်းစာအပေါ် အခြေပြု၍ ဘုံရန်သူကို ဦးတည်တိုက်ရေး လမ်းကြောင်းကို တော်လှန်ရေးက တောင်းဆိုချမှတ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်အခြေအနေတွင်လည်း ဘုံရန်သူကို ဦးတည်တိုက်ရေးလမ်းကြောင်းသာ မှန်ကန်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက်ယုံကြည်သည်။ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပဋိပက္ခသည် ပြည်သူတွင်းပဋိပက္ခ၊ မိတ်ဖက်ပဋိပက္ခသာ ဖြစ်သည့်အတွက် ရန်-ငါ ပဋိပက္ခသဖွယ် လက်နက်အင်အားသုံးပြီး မဖြေရှင်းသင့်။ ထိုဖြေရှင်းနည်းသည် ရန်သူစစ်အုပ်စုနှင့် စစ်တပ်ကိုသာ… Read More »

ငါးနှစ်ပြည့်ခဲ့ပြီ

(အရေးတော်ပုံ စာတည်းအဖွဲ့ အာဘော်) ၂၀၂၁ – ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့်ပြီ။ပြည်သူလူထုကြီး အသက်သွေးချွေး အိုးအိမ်မြေယာတွေ စွန့်လှူပြီး မိတကွဲ ဖတကွဲ ဖြတ်သန်းရတဲ့ ငါးနှစ်တာပဲ။ ပြည်သူ့သားသမီးတွေ အာဇာနည်သူရဲကောင်းအဖြစ် အသက်ပေးတိုက်သွားခဲ့ကြတဲ့ ငါးနှစ်တာပဲ။ ဦးစွာ သည် ၂၀၂၁ တော်လှန်ရေးကြီးကို ရရာလက်နက်ကိုင်စွဲ စတိုက်သူတွေလဲ ဖြစ်၊ အဓိက ထောက်ပံ့ပေးသူလဲ ဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် မလျှော့သော ဇွဲလုံ့လနဲ့ ဆက်တိုက်နေသူလဲ ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူနဲ့ တော်လှန်နေသူအပေါင်းကို အလေးအနက် အမွန်အမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ သည်ငါးနှစ်မှာ တော်လှန်ရေးဟာ မရှိရာက ရှိလာတယ်။ တော်လှန်ရေးအင်အားတွေ တိုးလာတယ်။ လက်နက်ကျည်ဆန်တွေ လက်မဲ့ကနေ လက်ရှိ ဖြစ်လာတယ်။ ပြောက်ကျားနယ်မြေတွေ၊ တော်လှန်ရေးဒေသနဲ့ အခြေခံစခန်းတွေ၊ စိုးမိုးနယ်မြေတွေ တိုးလာတယ်။ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူလူထု အတွင်းမှာလည်း သာမန်ကာလတွေမှာထက် တော်လှန်‌ရေးကာလ အတွင်းမှာသာ အလျင်အမြန် ရှင်းရှင်းလင်းလင်း ရရှိနိုင်တဲ့ နိုင်ငံရေး အသိတွေကို လည်း ရရှိလာတယ်။ သို့သော် တော်လှန်ရေးကား မအောင်သေး။… Read More »

ဂျီသရီး (G-3) ဖြစ်လာမှာလား

လှကျော်ဇော နှစ်သစ်ကူးကာလထရန့်ရဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ဗုံးကြဲပြီး သမ္မတဇနီးမောင်နှံပြန်ပေးဆွဲခန်းကတော့ တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ တနေ့ ဗင်နီဇွဲလားတော့ ခံရတော့မယ်-ဆိုတာ လူတွေရိပ်မိထားပေမယ့် ဒီလောက် မြန်ဆန်ဗြောင်ကျလိမ့်မယ် လို့တော့ တွက်မထားကြပါဘူး။ ဖြစ်လာတော့လည်း အားလုံးဝိုင်းကန့်ကွက်သူကကန့်ကွက် အားပေးသူကအားပေးနဲ့ ထောင့်အသီးသီးက ခွဲခြမ်းစိတ်ဖြာမှုအစုံစုံနဲ့ ပွက်လောရိုက်သွားပါတယ်။ တချို့ဝေဖန်ချက်တွေဟာအတော်စုံလင်ကောင်းမွန်ပြည့်စုံလှပါတယ်။ ဒါတွေ ရသမျှလိုက်ဖတ်ရင်း အာရုံထဲရောက်လာတဲ့အကြောင်းအရာတွေကို ရေးချင်လာပါတယ်။ ၁။ အမေရိကန်အစိုးရနဲ့ပြည်တွင်းအခြေအနေ။ ဒါကိုအကောင်းဆုံးပြောပြသွားသူများဟာ အမေရိကန်များပဲဖြစ်ပါတယ်။ (က)။ လွှတ်တော်အမတ်-ဘာနီဆောင်းဒါးရဲ့ ပြောစကားများ။ —ထရန့်ရဲ့ဒီလိုနိုင်ငံတကာဥပဒေတွေကိုဖောက်ဖျက်လုပ်ဆောင်မှုဟာ အမေရိကန်ကိုရော ကမ္ဘာကြီးကိုပါ ပိုမိုမတည်မငြိမ်ဖြစ်စေမှာ ဖြစ်ပြီး၊တခြားနိုင်ငံများအတွက် မကောင်းတဲ့အစဉ်အလာတရပ် ဖြစ်စေနိုင်တယ်။ ဒါ့အပြင်ထရန့်ဟာ ကိုယ့်နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကိုရော ဥပဒေကိုရော မထေမဲ့မြင်လုပ်ရာလည်း ကျတယ်။ —ထရန့်မဲဆွယ်စည်းရုံးစဉ်က-အမေရိကန်ပထမ-ဆိုတဲ့ ကြွေးကြော်သံတင်ခဲ့ပြီး သူ့ကိုယ်သူလည်း-ငြိမ်းချမ်းရေးဖော်ဆောင်သူလို့ ပြောနေတာပါ။ ဒါပေမဲ့ အခုတို့ဆီမှာ ပြည်သူ(၆၀)ရာနှုန်းဟာ တလတလ အလျင်မမီနိုင်အောင် ဖြစ်နေတယ်။ ကျန်းမာရေးစနစ် တခုလုံးလည်း ပြိုလဲမတတ်ဖြစ်‌နေပြီ။ ပြည်သူအတော်များများဟာလည်း အိုးအိမ်မဲ့တွေဖြစ်နေကြတာ၊အိမ်လခတွေမပေးနိုင်ကြတဲ့အဖြစ်တွေရောက်နေကြတာ။ ဥာဏ်ရည်တုတွေပေါ်လာလို့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရမဲ့အရေး။ ဒါတွေကိုသမ္မတဖြစ်တဲ့ ထရန့်ကဖြေရှင်းမပေးရုံမက နိုင်ငံကိုလည်း စစ်ပွဲတပွဲဆီခေါ်သွားဖို့လုပ်နေပြန်ပြီ။ ဒီလိုကိုယ့်နိုင်ငံကိုတောင် ကောင်းအောင်မအုပ်ချုပ်နိုင်ဘဲနဲ့များ… Read More »