ပြည်ချစ်စိတ်ဓာတ် စွဲကိုင်ပြီး စစ်သုံးစစ် အမြစ်ဖြတ်ရေးနဲ့ အတွေးအခေါ် တော်လှန်ရေးကို ဆင်နွှဲကြ

ရဲဘော်ဇင်ထွန်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ နှစ်သစ်ကို ကျူးကျော်စစ်နဲ့ စဖွင့်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီကိစ္စကို အားရဝမ်းသာ ဖြစ်နေသူတွေ သိပ်မရှိပါဘူး။ အမေရိကန်ရဲ့ မဟာမိတ် တိုင်းပြည်တွေကတောင် သူတို့နဲ့ မဆိုင်ဘူးလို့ လက်ရှောင်ကြတယ်။ အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြား နားလည်သူတွေကတော့ တညီတညွတ်တည်း ပြစ်တင် ရှုတ်ချကြပါတယ်။ ပြဿနာက ဗင်နီဇွဲလားအရေးနဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး။ ဒိန်းမိတ် လက်အောက်ခံ ဂရင်းလန်းကျွန်းကိုပါ သူလိုချင်ကြောင်း ပြောနေတာက ဒီ့ထက် ဆိုးဝါးတာတွေ ဖြစ်လာဦးမယ့် သဘောပါ။ လီနင်ပြောခဲ့သလိုပဲ နယ်ချဲ့စနစ်ဟာ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်ပါ။ နယ်ချဲ့အရင်းရှင်တွေက ကမ္ဘာကြီးကို သူတို့ စိတ်တိုင်းကျ လှီးဖြတ် ခွဲဝေယူကြပြီး အနေအထားသစ်မှာ ဖြစ်ပေါ်တိုးပွားလာရင်း အကြပ်အတည်းတွေ ထပ်မံဆိုက်လာတဲ့အခါ ထပ်မံ မကျေနပ်နိုင်ကြ၊ မရောင့်ရဲ မတင်းတိမ်နိုင်ကြ ဖြစ်ကြပါတယ်။ တခါထပ်ပြီး အချင်းချင်း စစ်ခင်းကြကာ ကမ္ဘာကြီးကို လှီးကြ ဖြတ်ကြပြန်ပါတယ်။ စီးပွားရေးသမားကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က သူ့ရှေ့က… Read More »

ဗင်နီဇွဲလားကို နယ်ချဲ့ ကျူးကျော်တာ သိပ်ရှင်းတယ်

ရဲဘော်အောင်စိုး (ဗင်နီဇွဲလား ပဋိပက္ခကို သုံးသပ်ခြင်း) ဗင်နီဇွဲလားအကြောင်းပြောကြပါစို့။ ဗင်နီဇွဲလားသမ္မတကို ဗမာမီဒီယာအတော်များများ၊ နိုင်ငံရေးသမားအတော်များများက အာဏာရှင်ဆိုပြီး ပုံဖော်နေကြတယ်။ ဆန်းတော့မဆန်းပါဘူး။ ကားလ်မာ့စ်ကိုလည်း အာဏာရှင်၊ လီနင်ကိုလည်းအာဏာရှင်၊ မော်စီတုံးကိုလည်း အာဏာရှင်ဆိုပြီး လစ်ဘရယ်တွေပုတ်ခတ်ကြတာဟာ ထုံးစံပဲမဟုတ်လား။ ကျနော်တို့ကို တရုတ်နဲ့ပေးစားပြီး ရန်လုပ်တာကလည်း ထုံးစံပဲမဟုတ်လား။ ဒါတွေကို ကျနော်တို့က အရေထူပြီးသားပါ။ မမှုပါဘူး။ ဒါပေမယ့် ပြောစရာတွေကတော့ရှိပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဝင်ဖမ်းလိုက်တဲ့ကိစ္စကို အာဏာရှင်တယောက်ကို အင်အားကြီးဒီမိုကရက်တစ်နိုင်ငံကြီးတနိုင်ငံက ဝင်ဖမ်းပစ်လိုက်ပြီး ဗင်နီဇွဲလားကို ဒီမိုကရေစီဇာတ်သွင်းလိုက်ပြီဆိုတာလောက်ပဲမြင်ရင် အလွန်မိုက်လုံးကြီးတဲ့အမြင်ပဲလို့ ပြောချင်တယ်။ အဲ့တော့ နောက်ကွယ်က တကယ့်အကြောင်းရင်းတွေက ဘာတွေလဲ။ တစ်အချက်က အကျိုးစီးပွားပြဿနာပါ။ ဗင်နီဇွဲလားက အာဏာရှင်နိုင်ငံမို့လို့ ထရမ့်က ပညာပြလိုက်တယ်၊ ဆုံးမလိုက်တယ်ဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ နောက်ကွယ်မှာ အကျိုးစီးပွားပြဿနာကြီးအကြီးကြီးရှိနေပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ တရားဝင်ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ကမ္ဘာမှာ ရေနှံသိုလှောင်မှုအကြီးဆုံးနိုင်ငံကြီးပါ။ နီကိုလပ်စ်မာဒူရိုမတိုင်ခင်က ဗင်နီဇွဲလားသမ္မတဟောင်း ဟျူဂိုရှားဗက်စ် အာဏာမရခင်အထိတော့ အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ ဆက်ဆံရေးဟာ အဆင်ပြေခဲ့ကြပါတယ်။ အမေရိကန်အနေနဲ့ ဗင်နီဇွဲလားရဲ့ ရေနံတွေကို အကန့်အသတ်မရှိဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်… Read More »

၂၀၂၆ ခုနှစ်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နှစ်သစ်ကူးသဝဏ်လွှာ

၂၀၂၆ ခုနှစ်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နှစ်သစ်ကူးသဝဏ်လွှာ (ဗမာပြည် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများနဲ့ ဗမာပြည်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးသို့) ပဒေသရာဇ်ခေတ်လွန်မှသည် ဒီကနေ့အထိ နှစ်ပေါင်း ၁၀၀ ကျော် ဗမာပြည် ပြည်သူတွေဟာ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းလာခဲ့ရတယ်။ ဒီ ဗမာပြည် ပြည်သူလူထုကြီးဟာ ၂၀၂၅ ခုနှစ်ကိုလည်း စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းရင်း ကျော်လွှားလာခဲ့ပါပြီ။ ပြည်သူများဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ဗမာပြည်တဝန်း ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်မှုကို အလူးအလဲ အံကြိတ်ခံစားရင်းက တဖက်မှာ လည်း ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးကို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အားလုံးနဲ့အတူ ဒူးမထောက်စတမ်း ဆက်လက်ဆင်နွှဲရင်း ၂၀၂၆ ခုနှစ်တွင်းသို့ ခြေလှမ်းချလိုက်ပါပြီ။ ရှေ့မှာလည်း စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည်အထိ တိုက်ပွဲအလီလီကို ဆက်လက်ဆင်နွှဲ သွားကြမယ့် ဗမာပြည်ပြည်သူလူထုကြီးနဲ့ ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီး တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက သည်နှစ်သစ်ကူးသဝဏ်လွှာနဲ့ အားပေးစကားဆိုရင်း ဦးညွှတ်ဂုဏ်ပြု လိုက်ပါတယ်။ မျက်မှောက်ဗမာပြည်ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုအသီးသီးတို့ဟာ ဖြတ်သန်းလာခဲ့ တဲ့ အတိတ်ကို ပြန်လည်နိဂုံးချုပ်သုံးသပ်နိုင်မှ အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ပြီး ရှေ့ခရီးကို ဆက်ရာမှာ အောင်မြင်တဲ့ တိုက်ပွဲများကို ဆက်လက်ဆင်နွှဲသွားနိုင်ကြမှာ… Read More »

PLA’s autumn victories

22 November 2025 People’s Liberation Army and its allies seized control of Maw Taung, a border town in Tenasserim region, on 14 November after four days of fierce fighting. Despite the regime’s non-stop air strikes, revolutionary forces took control of all outposts, including Maw Taung No-Retreat Defensive Post around 11.00 am on 14 November. Some junta soldiers fled to Thailand but forty surrendered. The coalition forces captured fifteen enemy soldiers… Read More »

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၏ ပါတီထူထောင်သည့် (၃၇)နှစ်ပြည့်အထိမ်းအမှတ်ပွဲအတွက် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သဝဏ်လွှာ

၂၁ ရာစုမှာ တကြော့ပြန်ပေါ်လာတဲ့ ၁၈ ရာစု တော်လှန်ရေးရဲ့ ကြွေးကြော်သံ

ကြည်မြအောင် ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ကာလနဲ့ မရှေးမနှောင်းမှာပဲ ကမ္ဘာ့အရင်းရှင်နိုင်ငံကြီးများမှာ အထူးသဖြင့် အမေရိကမှာ လူငယ်များရဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ကျယ်ပြန့်လာပါတယ်။ ၂၀၁၉ ခုနှစ် ဝန်းကျင်မှာ စတင်ပြီး အရှိန်အဟုန်ရလာတဲ့ ဒီလှုပ်ရှားမှုမှာ ထောင်စုနှစ်မျိုးဆက် (millennial) နဲ့ ‘Z’ မျိုးဆက်လို့‌ ခေါ်ကြတဲ့ “ဂျန်ဇီး” လူငယ်တွေ ပါဝင်ကြပါတယ်။ သူတို့ ရဲ့ တွစ်တာနဲ့ တစ်တော့လို ဆိုရှယ်မီဒီယာတွေမှာ “သူဌေးတွေကို စားကြစို့” ဆိုတဲ့ ကြွေးကြော်သံက တစတစနဲ့ ကျယ်လောင် မည်ဟည်းလာခဲ့ပြီး မြေပြင်က သပိတ်တိုက်ပွဲတွေမှာလည်း ပင်တိုင် ကြွေးကြော်သံ ဖြစ်လာတယ်။ ပုလိပ်သတ်လို့ သေသွားတဲ့ ဂျော့ဖလွိုက် အရေးအခင်း တလျှောက်နဲ့ အနောက်နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့သွားတဲ့ နောက်ဆက်တွဲ ဆန္ဒပြပွဲများနဲ့ သပိတ်တိုက်ပွဲများမှာလည်း ဒီကြွေးကြော်သံက လူငယ်ထုရဲ့ ကြွေးကြော်သံ၊ လူငယ့်အသံ ပါပဲ။ “သူဌေးတွေကို စားကြစို့” ဆိုတဲ့စကားက ပြင်သစ် အဘိဓမ္မာဆရာ ရူးဆိုးရဲ့ အတွေးအခေါ်မှာ မြစ်ဖျားခံတယ်လို့ ဆိုကြပါတယ်။… Read More »

People’s Liberation Army (PLA) Shoots Down Myanmar Military Fighter Jet

June 11, 2025 The People’s Liberation Army (PLA) successfully shot down a Myanmar military fighter jet on June 10 at approximately 12:15 PM near Kandaung Village, Pale Township, Sagaing region during an ongoing operation to capture the local police station held by junta forces. The incident occurred during an intense battle as PLA forces attempted to seize control of the Kandaung police station, a key military outpost defended by an… Read More »