ကလလတ (၄၈)နှစ်မြောက် အဖွဲ့အစည်းတည်ထောင်ခြင်းအထိမ်းအမှတ် သဝဏ်လွှာ

By | June 26, 2026

သို့

ဗဟိုကော်မတီ

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)

အကြောင်းအရာ။ ။ (၄၈)နှစ်မြောက် အဖွဲ့အစည်းတည်ထောင်ခြင်းအထိမ်းအမှတ် သဝဏ်လွှာပေးပို့ခြင်း

ရက်စွဲ / ၂၆-၆-၂၀၂၆

ရဲဘော်တို့

ရဲဘော်တို့နဲ့ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း သွေးစည်းတဲ့ တိုက်ဖော်တိုက်ဖက်၊ တော်လှန်ရေးညီနောင်အဖွဲ့အစည်းနှစ်ရပ်ရဲ့ ချစ်ခင်မှု၊ တဦးနဲ့တဦး ၊ တဖွဲ့နဲ့တဖွဲ့ ၊ တဖွဲ့အခက်အခဲ ဖြစ်ချိန် ကျန်တဖွဲ့က ဝန်းရံအားပေးကူညီတဲ့ စိတ်ဓာတ်ကို လက်တွေ့တိုက်ပွဲတွေအတွင်း အထင်အရှား ပြသနိုင်ခဲ့ ကြတယ်။ အဲဒီအတွက် ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ဒီသဝဏ်လွှာမှာ ထပ်မံဖော်ပြလိုက်ပါတယ်။

ရှေ့ခရီး စစ်၃စစ်ကို အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲတွေမှာလည်း ဒီစိတ်ဓာတ်ကို ကိုင်စွဲကာ ဗမာပြည် လူမျိုးပေါင်းစုံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် အောင်ပွဲရတဲ့အထိ ရင်းနှီးတဲ့ မဟာမိတ်တွေ အဖြစ် မဆုတ်မနစ် အတူလက်တွဲတိုက်ပွဲဝင်သွားကြပါစို့။

ရဲဘော်တို့ အဖွဲ့အစည်းရဲ့ (၄၈)နှစ်မြောက်မွေးနေ့မှာ ရဲဘော်တို့အဖွဲ့အစည်း ပိုမိုခိုင်မာကြီးထွားဖွံ့ဖြိုးပြီး ရန်သူကို တိုက်တဲ့ တိုက်ပွဲတွေနဲ့ တော်လှန်ရေးလုပ်ငန်း၊ လူထုလုပ်ငန်းတွေမှာ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရရှိပါ စေကြောင်း လှိုက်လှဲတဲ့ဆန္ဒမွန်ကို ဖော်ပြလိုက်ပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) အဓွန့်ရှည်တည်တံခိုင်မြဲပါစေ။

ဗဟိုစည်းရုံးရေးကော်မတီ

ဗမာပြည်ကွန်မြူနစ်ပါတီ

Leave a Reply

Your email address will not be published. Required fields are marked *