ကန့်ဒေါင့် ရဲ့ ကြေညာစာတမ်း

လင်းကြက်တွန် ပြီးစ ဒီ မနက်ခင်းမှာပဲ ခက်ခဲတယ်ပြောတဲ့ စခန်းကုန်း မိုး ထစ် ချုန်းသံထက် ပြင်းထန်တဲ့ အသံလှိုင်းတွေနဲ့ မုန်တိုင်း တက် ထိုးကြလေပြီ … ။ ငါတို့ရဲ့ ချွေးနဲ့ သွေးစက် အသက်နဲ့ ခန္ဓာ ဘဝလုံးပုံ ပေးဆပ် တဗိုလ်ကျ တဗိုလ်တက် ဆက်လက် ချီတက်ကြ ဝေဟင်ထက်က ဗုံးသီးများ မိုး ရွာ သလို သွန်းကြဲနေတုန်း တော်လှန်သူရဲကောင်းစိတ်ဓာတ်စိုက်ထူ ရန်သူကို ချေမှုန်းလိုက်နိုင်ခဲ့ပြီ။ ငါတို့ ရဲဘော်များ သံပြိုင်ညီ တေးသီ…


