Category Archives: သဝဏ်လွှာ

ဂရိကွန်မြူနစ်ပါတီသို့ ပေးပို့သည့်သဝဏ်လွှာ

ရက်စွဲ- ၂ဝ၁ရခုနှစ်၊ မတ်လ ၂၈ရက်။ သို့- သဘာပတိအဖွဲ့ (၂ဝ)ကြိမ်မြောက်ပါတီကွန်ဂရက် ဂရိကွန်မြူနစ်ပါတီ မှ- ဗဟိုစည်းရုံးရေးကော်မတီ ဗမာပြည်ကွန်မြူနစ်ပါတီ အကြောင်းအရာ။ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း။ ချစ်လှစွာသောရဲဘော်များခင်ဗျား- ရဲဘော်တို့နှင့်ကွန်ဂရက်ကိုတက်ရောက်လာသူများ၊ ဂရိကွန်မြူနစ်ပါတီဝင်များအား ဂုဏ်ယူ၊ ကျေနပ်မှုအပြည့်ဖြင့် ဤညီနောင်ချင်းဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ကမ္ဘာအဝှမ်းရှိညီနောင်ပါတီများ၏ လုပ်ဆောင်မှုများကို အတတ်နိုင်ဆုံး မျက်ခြေမပြတ်အောင် လုပ်နေပါသည်။ ဂရိကွန်မြူနစ်ပါတီကွန်ဂရက်တွင် ဖတ်ကြားမည့်စာတမ်းကို ဖတ်ရသောအခါ လွန်စွာမှ အားတက်ရပါသည်။ ဗမာနိုင်ငံမှ အဖိနှိပ်ခံပြည်သူများအတွက် နည်းနည်းမှ အကျိုးမရှိသော နိုင်ငံကြီးများအတွင်း အားပြိုင်မှုမှာ သိသိသာသာ ထင်ရှားလာနေပြီး ဤသည်က ကျွန်တော်တို့ပြည်သူများ၏ နေထိုင်မှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ဇောက်ထိုးကျဆင်းစေခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းတို့မှာ အရင်းရှင်နိုင်ငံကြီးတွေက ထင်သလိုကြဲနေသကဲ့သို့ပင် ကျွန်တော်တို့နိုင်ငံက စစ်အုပ်စုနှင့် အုပ်စိုးသူလူတန်းစားသည်လည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ လှုံ့ဆော်ဖန်တီးနေပါသည်။ အစိုးရနှင့် စစ်တပ်က“ငြိမ်းချမ်းရေး” စကားကို ပရိတ်ရွတ်သလို နေ့စဉ်ရွတ်နေကြသည့်အကြားမှပင် စစ်ပွဲများမှ ာအရင်ထက် ပိုများလာခဲ့သဖြင့် သောင်းနှင့်ချီသော လူထုတွေမှာ… Read More »

ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာ

သို့-ဗဟိုကော်မတီဗြိတိန်ကွန်မြူနစ်ပါတီ မှဗဟိုစည်းရုံးရေးကော်မတီဗမာပြည်ကွန်မြူနစ်ပါတီ ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။ အကြောင်းအရာ။ ။ ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာပေးပို့ခြင်း။ ချစ်လှစွာသော ရဲဘော်များခင်ဗျား- ကမ္ဘာ့လုပ်သားပြည်သူများအနေဖြင့် နယ်ချဲ့သမားများက အရင်းရှင်စနစ်ကျဆုံးမှုကို ကာကွယ်ရေး အတွက် အရူးအမူးလုံးပန်းမှုကို ရင်ဆိုင်နေရသောအချိန်တွင် အရှေ့တောင်အာရှတိုက်နိုင်ငံတခုမှ မိမိတို့က ကမ္ဘာပေါ်ရှိအရင်းရှင်နိုင်ငံအများစုတည်ရှိရာ ဥရောပတိုက်တွင် အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြ သောရဲဘော်များ၏ ကွန်ဂရက်ကို ဂုဏ်ပြုနှုတ်ဆက်လိုက်ပါသည်။ အင်အားကြီးနိုင်ငံကြီးများအကြား စစ်အေးခေတ်လွန်ကာလ နယ်မြေလုယက်မှုနှင့်ခွဲဝေမှုမှာ အဆုံး သတ်ဖို့နေနေသာသာ လက်တွေ့တွင် ပို၍ပြင်းထန်၊ ပို၍ကောက်ကျစ်လာသည်ကိုတွေ့နေရသည်။ သူတို့၏ နယ်ချဲ့အားပြိုင်မှုကြောင့်ဖြစ်ပေါ်လာသော စစ်ပြေးဒုက္ခသည်နှင့်ပြန်လည်နေရာချထားရေးပြဿနာသစ်များ သည်သမိုင်းတွင်မကြုံဖူးလောက်အောင် များပြားလာသည်။ ယခုလိုအမေရိကန်နယ်ချဲ့သမားက တရုတ်ပင် လယ်တွင်စစ်အင်အားစုပြုံရန် လုံးပန်းမှုကြောင့် တရုတ်ပြည်အတွက်အနောက်ဖက်တံခါးပေါက်များရှိရာ ဗမာ ပြည်မှာလည်း ဤဝဲဂယက်အတွင်းသို့ ဆွဲသွင်းခြင်းခံရပါတော့သည်။ ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးနိုင်ငံ ကြီးနှစ်ခုအကြားတွင်တည်ရှိကာ ကမ္ဘာ့အရေးအပါဆုံးပင်လယ်ရေကြောင်းများပေါ်တွင် တည်ရှိနေသည့် ကျွန်တော်တို့၏မြန်မာနိုင်ငံ၏နိုင်ငံရေးကို အင်အားကြီးနိုင်ငံများက အမြဲပင် မျက်ခြည်ပြတ်မခံစောင့်ကြည့်နေ ကြပါသည်။ ယခုအခါတွင် အနောက်နိုင်ငံများ၏ ဗမာပြည်နိုင်ငံရေးကို စွက်ဖက်ရန် အကြံအစည်များကို မြန်မာနိုင်ငံအတွင်းတွင် အစွမ်းကုန်… Read More »

ကနေဒါကွန်မြူနစ်ပါတီသို့ ပေးပို့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ သဝဏ်လွှာ

feltocpcanada

Felicitation to the 38th Convention of the Communist Party of Canada

ToCPCanda

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ (ဆယ်) ကြိမ်မြောက် ညီလာခံသို့ ပေးပို့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဂုဏ်ပြုသ၀ဏ်လွှာ

သို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရက်စွဲ- ၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့။ အကြောင်းအရာ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ (ဆယ်) ကြိမ်မြောက် ညီလာခံသို့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခြင်း။ လေးစားအပ်တဲ့ရဲဘော်များခင်ဗျား – ဦးစွာအားဖြင့် ရဲဘော်တို့၏ ဤအရေးပါလှသော ညီလာခံကြီးသို့ ကျွန်တော်တို့အနေဖြင့် သ၀ဏ်လွှာပေးပို့ရသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုပါသည်။ ယနေ့အခါ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ လွန်စွာမှ ရှုပ်ထွေးပြီး ပြည်တွင်းပြည်ပမှ ဂယက်မျိုးစုံတို့ကြောင့် မှိုင်း-မှုံ-ဝေနေသော အနေအထား ဖြစ်ပေသည်။ ခြေလှမ်းမှားလျှင် သမိုင်းတရားခံပင် ဖြစ်သွားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလို နိုင်ငံအတွက်အရေးပါသည့် လုပ်ငန်းများကို လတ်တလောဖြေရှင်းရန် လိုအပ်နေသလို မြေအလုခံရခြင်း၊ ဆန္ဒပြသဖြင့် အဖမ်းခံရခြင်း စသည့်လက်တွေ့ ပြဿနာများကလည်း ထိပ်တန်းတက်နေသည့်ကာလ ဖြစ်သည်။ အခြားတဖက်တွင်မူ ဦးသိန်းစိန် စစ်တပိုင်းအစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇာတ်မျောကြီးဖြင့် အချိန်ဆွဲ လှည့်စားနေခြင်းများလည်း ရှိနေပေသည်။ ထို့ကြောင့် ဤသို့သောအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ဤညီလာခံကိုကျင်းပခြင်းမှာ လွန်စွာမှအနက်အဓိပ္ပာယ်ရှိ၍ အရေးလည်းပါလှပေသည်။ ဤညီလာခံကြီးမှ ပြည်သူလူထုနှင့်အတူရပ်တည်ခြင်း၊ စစ်မှန်သည့်ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန်ခြင်းဆိုသည့်… Read More »

မြန်မာနိုင်ငံကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) သို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၁၃ သြဂုတ် ၇)

ကနေဒါနိုင်ငံကွန်မြူနစ်ပါတီသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း (၂၀၁၃ ဧပြီ ၁၁ )