လေ့လာရေး ပြဿနာများ အပိုင်း(၁)
လေ့လာရေး ပြဿနာများ အပိုင်း(၁) (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ဆိုလိုချက် ဒီနေရာမှာ လေ့လာရေးပြဿနာများ ဆိုတာ၊ အရာကိစ္စတွေရဲ့ အတွင်းပိုင်းသဘောသဘာဝကို သိအောင်လုပ်ရာမှာ သတိထားသင့်တဲ့အရာများကို ဆိုလိုပါတယ်။ ဒီလိုသိအောင်လုပ်ပြီး သက်ဆိုင်ရာအရာကိစ္စဆိုင်ရာ အမြင် အာဘော်တွေ ပြဿနာဖြေရှင်းရေး နည်းနာတွေဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေဟာ အရာကိစ္စများ အခြေအနေများကို ကွန်မြူနစ်ဆန်တဲ့အမြင်နဲ့သာတင်ပြဖို့ လီနင်က တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်ဟာ ကျွန်တော့် တင်ပြချက်အတွက် အနှစ်ချုပ်ဖြစ်ပါတယ်။ စင်ပြိုင် အမြင်နဲ့စင်ပြိုင် အကျိုးစီးပွား မျက်မှောက် လူ့အဖွဲ့အစည်းမှာ အနှစ်သာရအရ အခြေခံအားဖြင့် စင်ပြိုင်ဖြစ်တဲ့အမြင်ကြီး နှစ်ရပ်ရှိပါတယ်။ တခုက ကွန်မြူနစ်အမြင်ဖြစ်ပြီး ကျန်တခုက သွေးစုတ်သူလူတန်းစားများရဲ့အမြင်ဖြစ်ပါတယ်။ ဒုတိယအမြင်က သမိုင်းတလျှောက် လူ့အဖွဲ့စည်း လူတန်းစားတွေအတွင်း အနှံ့အပြား လွှမ်းမိုအမြစ်တွယ်နေခဲ့တာဖြစ်လို့၊ ဒီအမြင်ကို (လက်ယာ လက်ဝဲ) အများကြိုက်အမြင်လို့ ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်ပါတယ်။ အမြင်နှစ်ရပ်မှာ အခေါ်အဝေါ် တူညီတာရှိရင်တောင်မှ အနှစ်သာရ မတူညီဘူး။ စိန့်ဆိုင်မွန်တို့ခေတ်မှာ ဓနရှင်အမြင်နဲ့တင်ပြခဲ့တဲ့ ဆိုရှယ်လစ်ဝါဟာ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒဖြစ်ပြီး မာ့က်စ်တို့ခေတ်မှာတင်ပြခဲ့တဲ့… Read More »




