ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ
ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ အပိုင်း(၁) ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ရောက်လျှင် မိမိတို့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သက်တမ်းသည် ၈၅ နှစ်တင်းတင်း ပြည့်ပါတော့မည်။ မိမိတို့အနေနှင့် ဗမာပြည်နိုင်ငံရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံးပါတီကြီးတရပ်အဖြစ် ဂုဏ်ပြုရင်း ဥဒါန်းရင့်ကျူးရမည့်ကာလ၊ တဆက်တည်း …ကျလာသည့်တာဝန်များကို ၂ ဆတိုး ကြိုးပမ်းရမည့်ကာလ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ကလှန်ပစ်ရမည့်ကာလလည်း ဖြစ်နေသည်ကို သတိမူကြစေလိုသည်။ ဗမာပြည်ကဲ့သို့သော ခေတ်ပြောင်းခေတ်လွှဲ မင်းပြောင်းမင်းလွှဲများသော နိုင်ငံမျိုးတွင် ဤမျှ သမနိရှည်ကြာသော ပါတီကြီးတရပ်ကို ဘယ်လို ထူထောင်ထားပါသလဲ၊ ဘယ်လိုပုဂ္ဂိုလ်တွေက ထူထောင်ခဲ့သလဲဆိုတာကို ပထမဆုံး စောကြောပြပါရစေ။ မာ့က်စ်ဝါဒအခြေခံထားသည့် တိုင်းချစ်ပြည်ချစ်မျိုးဆက်လေးခုက တည်ထောင်ထားသည့်ပါတီဖြစ်နေခြင်းကို ပထမဆုံး တင်ပြထားပါမည်။ ပါတီသမိုင်းကို စိုက်ထူတိုက်ပွဲဝင်သူများအဖြစ် အစဉ်အဆက်ခေါင်းဆောင်များက မျိုးဆက်လေးခုအဖြစ် ခွဲခြမ်းသတ်မှတ်ပြောဆိုလေ့ရှိပါသည်။ (၁) ပထမမျိုးဆက်အဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင် လှုပ်ရှားခဲ့သူများကိုအခြေခံပြီး သတ်မှတ်ခဲ့သည်။ (၂) ဒုတိယမျိုးဆက်ကိုတော့ ၁၉၄၈/၄၉ (လက်နက်ကိုင်တိုက်ပွဲကာလ) ပါတီဝင်များကို ညွှန်းသည်။… Read More »




