ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၄)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၄)—-ထွန်းဇင်အောင် အပိုင်း (၄) ရုရှားတော်လှန်ရေးမှာရှိတဲ့ တိုက်ပွဲပုံစံတွေက အတော့်ကိုအမျိုးစုံတာမို့ ဥရောပက ဓနရှင်တော်လှန်ရေးတွေနဲ့ယှဉ်ကြည့်ရင် ကွဲပြားပါတယ်။ ၁၉၀၂ ခုနှစ်တုန်းက ကောက်စ်ကီးက တစိတ်တပိုင်းအရ ကြိုတင်ဟောကိန်းထုတ်တဲ့အနေနဲ့ ဒီလိုပြောဖူးတယ်။ နောင်တချိန်ပေါ်ထွက်လာမယ့် တော်လှန်ရေး (ရုရှားတော့ ‘ဖြစ်ချင်မှဖြစ်မယ်’ လို့ သူကထပ်ပြောတယ်) က အစိုးရကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့တိုက်ပွဲမျိုးထက် လူထုလူတန်းစားနှစ်ရပ်ကြားကတိုက်ပွဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ရုရှားမှာ အနောက်က ဓနရှင်တော်လှန်ရေးတွေမှာထက် အဲဒီဒုတိယတိုက်ပွဲမျိုး (လူထုလူတန်းစားနှစ်ရပ်ကြားက တိုက်ပွဲမျိုး) ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတာ အသေအချာပဲ။ ပြည်သူထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့တော်လှန်ရေးရန်သူတွေက အရေအတွက်အားဖြင့် နည်းပါတယ် ဒါပေမဲ့ တိုက်ပွဲက ပိုပြင်းထန်လာတာနဲ့အမျှ သူတို့က ပိုပိုပြီးတော့ စနစ်တကျစုဖွဲ့လာတယ်၊ ဓနရှင်လူတန်းစားထဲက ဖောက်ပြန်တဲ့အလွှာရဲ့ထောက်ခံမှုကို ရလာတယ်။ ဒါကြောင့်မို့ ‘အဲဒီလို’ ပြည်လုံးကျွတ်နိုင်ငံရေးသပိတ်တွေပေါ်ထွက်လာနေတဲ့ကာလမှာ ‘အုံကြွမှု’ တခုဟာ ပုံစံအဟောင်း ဖြစ်မနေနိုင်ဘူး။ ဆိုလိုတာက တကယ့်ကို အချိန်တိုတိုလေးအတွင်းမှာနဲ့ နယ်မြေဒေသကျဉ်းကျဉ်းလေးမှာသာ အကန့်အသတ်နဲ့ရှိနေတဲ့ တခုချင်းဆန်ဆန် လှုပ်ရှားလုပ်ဆောင်ချက်များ ဖြစ်မနေနိုင်ဘူး၊… Read More »

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-ထွန်းဇင်အောင် (အပိုင်း) (၃) ကျွန်တော်တို့ အခုပြောတဲ့တိုက်ပွဲကို ထုံးစံအတိုင်း အကဲဖြတ်နေကြတာက ဒါဟာ အစိုးရမဲ့ဝါဒဖြစ်တယ်၊ ဘလန်းကီးဝါဒ ဖြစ်တယ်၊ အကြမ်းဖက်ဝါဒဟောင်း ဖြစ်တယ်၊ လူထုနဲ့ကင်းကွာနေတဲ့ လူတချို့ရဲ့လုပ်ရပ်တွေဖြစ်တယ်၊ အလုပ်သမားတွေကို စည်းမဲ့ကမ်းမဲ့ ဖြစ်စေတယ်၊ လူထုလူတန်းစားအလွှာစုံကို သူတို့နဲ့ ကင်းကွာသွားစေတယ်၊ အရေးတော်ပုံကို ဖရိုဖရဲဖြစ်စေပြီး တော်လှန်ရေးကို ထိခိုက်စေတယ်။ ဒီလိုအကဲဖြတ်မှုကို ထောက်ခံတဲ့ ဥပမာတွေကို သတင်းစာတွေမှာ နေ့စဉ်အစီရင်ခံနေတဲ့ အဖြစ်အပျက်တွေမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အဲသလို ဥပမာတွေက ယုံချင်စရာကောင်းသလား။ ဒါကို စမ်းသပ်ဖို့ ကျွန်တော်တို့ လေ့လာနေတဲ့ တိုက်ပွဲပုံစံ အဖြစ်ထွန်းဆုံးဒေသဖြစ်တဲ့ လက်တစ်ရှ်နယ်ကို ကြည့်ရအောင်။ ဒီလို ထုံးစံ အကဲဖြတ်မှုကတော့ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တွေကို နိုဗားယား ဗရီးမီးယားသတင်းစာက (စက်တင်ဘာ ၉ ရက်နဲ့ ၁၁ ရက်ထုတ် သတင်းစာတွေမှာ) အပြစ်တင်တဲ့ပုံ ဖြစ်တယ်။ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (ရုရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီရဲ့… Read More »

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-ထွန်းဇင်အောင် မာ့က်စ်ဝါဒရေးရာ အဆိုပြုချက်တွေကို ထူထောင်ပြီးပြီမို့ ကျွန်တော်တို့ ရုရှားတော်လှန်ရေးကို ကြည့်ကြစို့။ တော်လှန်ရေးကဖန်တီးခဲ့တဲ့ တိုက်ပွဲပုံစံတွေရဲ့ သမိုင်းကြောင်းအရဖြစ်ထွန်းမှုကို ပြန်စဉ်းစားကြည့်ရအောင်။ အရင်ဆုံး အလုပ်သမားတွေရဲ့ စီးပွားရေးသပိတ်တိုက်ပွဲတွေ (၁၈၉၆-၁၉၀၀) ရှိခဲ့တယ်။ နောက် အလုပ်သမားတွေနဲ့ ကျောင်းသားတွေရဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေရှိတယ် (၁၉၀၁-၁၉၀၂)။ လယ်သမား သူပုန်ထမှုကြီးတွေရှိတယ် (၁၉၀၂)။ ဆန္ဒပြပွဲတွေနဲ့ အမျိုးမျိုးအဖုံဖုံ ပေါင်းစပ်ထားတဲ့ လူထုနိုင်ငံရေးသပိတ်တွေရဲ့အစ (ရော့စ်တော့ ၁၉၀၂၊ ၁၉၀၃ ခုနှစ် နွေရာသီ သပိတ်တိုက်ပွဲတွေ၊ ၉ ရက် ဇန်နဝါရီ ၁၉၀၅)။ ရုရှားပြည်လုံးကျွတ် နိုင်ငံရေးသပိတ်ကြီး။ နောက် တဆက်တည်းပါလာတဲ့ ဒေသအလိုက် ခံတပ်တိုက်ပွဲတွေ (အောက်တိုဘာ ၁၉၀၅)။ လူထု ခံတပ်တိုက်ပွဲနဲ့ လက်နက်ကိုင်အုံကြွမှု (ဒီဇင်ဘာ ၁၉၀၅)။ ငြိမ်းချမ်းတဲ့ ပါလီမန်တိုက်ပွဲ (ဧပြီ-ဇွန် ၁၉၀၆)။ တပ်တွင်းပုန်ကန်မှုတချို့ (ဇွန် ၁၉၀၅-ဇူလိုင် ၁၉၀၆)နဲ့ လယ်သမား သူပုန်ထမှုတချို့ (၁၉၀၅ ဆောင်းဦးနဲ့ ၁၉၀၆ ဆောင်းဦး)။ဒါတွေက အထွေထွေ… Read More »

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)—-ထွန်းဇင်အောင် ၁၉၀၆ ခု စက်တင်ဘာ ၃၀ ရက်စွဲဖြင့် Proletary, No. 5 မှာပါရှိတဲ့ လီနင်ရဲ့ Guerrilla Warfare ‘ပြောက်ကျားစစ်’ ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။ ပြောက်ကျားစစ်ဆင်ရေးကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီရော၊ အလုပ်သမားတွေရော အတော်လေး စိတ်ဝင်စားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အလွတ်သဘောလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ။ အခု ကျွန်တော်တို့ ကတိပြုခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့အမြင်တွေကို ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့တင်ပြပါရစေ။ အပိုင်း (၁)အစကပဲ စပြောကြရအောင်။ တိုက်ပွဲပုံစံတွေနဲ့ဆိုင်တဲ့ပြဿနာအပေါ် လေ့လာဆန်းစစ်မှုနဲ့ပတ်သက်လို့ မာ့က်စ်ဝါဒီတိုင်း တောင်းဆိုရမယ့် အခြေခံတောင်းဆိုချက်တွေက ဘာတွေလဲ။ ပထမဆုံးပြောချင်တာက မာ့က်စ်ဝါဒအနေနဲ့ အရင့်အရင်ရှိခဲ့သမျှ ဆိုရှယ်လစ်အမြင်တွေနဲ့ မတူကွဲပြားတာက အရေးတော်ပုံကို တိုက်ပွဲပုံစံတခုမဟုတ်တခုနဲ့ အသေချည်နှောင်မထားဘူးဆိုတဲ့အချက်ဖြစ်တယ်။ အမျိုးအမည်အစုံလင်ဆုံး တိုက်ပွဲပုံစံတွေကို အသိအမှတ်ပြုတယ်။ မာ့က်စ်ဝါဒက ဒီတိုက်ပွဲပုံစံတွေကို “နည်းနာဖော်စပ်ပေးတာ” မလုပ်ပဲ၊ တော်လှန်တဲ့လူတန်းစားတွေရဲ့ အရေးတော်ပုံကာလမှာပေါ်ထွက်လာတဲ့ အဲဒီတိုက်ပွဲပုံစံတွေကို ခြုံငုံသုံးသပ်ပေးတာ၊ စုစည်းစီစဉ်ပေးတာ၊ အသိရှိရှိဦးတည်သင့်တဲ့ လမ်းကြောင်းမှန် ညွှန်ပြတာတွေပဲ လုပ်ပါတယ်။ မာ့စ်ဝါဒက… Read More »

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ (ကိုတူး)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ ကိုတူး မူရာမာယာတွေကြွယ်လွန်းတယ် ပြောရမလား။ ကြောက်ကန်ကန်တယ် ပြောရမလား။ ၂၁ ရက်နေ့ ညနေပိုင်းမှာ အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သေချာပေါက်သွားရောက်မယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia ဂျပန်သတင်းဌာနက ဖော်ပြပါလာတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင်တက်မှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ အာဆီယံဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်အုပ်စုအတွက် (ရှားရှားပါးပါး လူရာသွင်းဆက်ဆံပြီး) ကိုယ်တိုင်ပါဝင်ခွင့်ရတဲ့ ဒေသတွင်း နိုင်ငံစုံအဖွဲ့အစည်းဖြစ်လို့ ခေါင်းရှောင်ဖို့လည်း ခက်မှာပါ။ ကိုဗစ်ကပ်သင့်ကာလမှာ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးအဖြစ် တမင်ကျင်းပပြီး ဗမာ့အရေးကို အဓိကဆွေးနွေးချင်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မင်းအောင်လှိုင်ကို တက်စေချင်တာပါ။ လူကိုယ်တိုင်မတက်တော့ဘူးဆိုပြီး သည့်အရင်က မင်းအောင်လှိုင် နောက်ပြန်ဆုတ်သွားတာကတော့ လိပ်ပြာမလုံတာပါ။ ကုလအထွေထွေအတွင်းရေးမှူးချုပ် အသစ် အဟောင်း၊ အမေရိကန်၊ အီးယူ၊ ဂျပန် စတဲ့ နိုင်ငံကြီးများကလည်း (တဖက်မှာ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ရင်း) အာဆီယံကြားဝင်တာကို လိုလားထောက်ခံမှု ဖော်ပြနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံကြားဝင်မှုကို လိုလားအားပေးကြောင်း ပြောပါတယ်။ CRPH… Read More »

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ (ညီဌေးကျော်)

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ညီဌေးကျော် ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ဖို့ခက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်လို့ နိုင်ငံရေးသုခမိန်များ ပညာရှင်ဆိုသူများက (ခေတ်စကားနဲ့ပြောရရင်) ဂျင်းထည့်လိုက်တာကို ဒေါ်စုဟာ(rule of Law)အရ ရိုကျိုးလိုက်နာခဲ့သော်လည်း၊ ပြင်ချင်လည်း ရတယ်၊ ဖျက်ချင်လည်း ရတယ်၊ ဘာရေးထားထား လုပ်ချင်သလိုလုပ်လို့ရကြောင်း ဗိုလ်မင်းအောင်လှိုင်က အာဏာသိမ်းပြီး ပြသလိုက်ပါတယ်။ မဲမသမာမှုကြောင့် အာဏာသိမ်းရတာပါလို့ ဗိုလ်မင်းအောင်လှိုင်က လူရယ်စရာစကားနဲ့ ဆင်ခြေပေးပေမယ့် တကယ့်အကြောင်းရင်းက စစ်သူကြီးမင်းဆက် နန်းဆက်မပြတ်ဖို့နဲ့ သက်ဦးဆံပိုင်အာဏာဓား ထက်သထက် ထက်စေဖို့ပဲ ဖြစ်ပါတယ်။ အနှစ်နှစ်အလလ မျိုသိပ်ထားရတဲ့ လူထုကြီးက ရက်ရှည်လများ လမ်းပေါ်ထွက် အုံကြွဆန့်ကျင် လာတဲ့အခါ၊ ထင်သလိုဖြစ်မလာတဲ့ စစ်အုပ်စုဟာ ကြေးစားတပ်အားကိုးနဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တော့တာပါပဲ။ လူထုကြီးတရပ်လုံး သွေးမြေကျခံတိုက်နေရတဲ့ သဏ္ဌာန်စုံ မြို့ပေါ်လူထုတိုက်ပွဲများဟာ ကျေးလက်ခုခံတွန်းလှန်မှုများနဲ့ပေါင်းစပ်ပြီး နွေဦးတော်လှန်ရေး စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လက်နက်ကိုင်တိုက်ပွဲအထိ ဦးတည်နေတဲ့အခြေအနေတွေကို တွေ့မြင်လာရပါတယ်။ ဒီလက်နက်ကိုင်တိုက်ပွဲဟာ ရန်သူစစ်အုပ်စုက အကြမ်းဖက်ဖိနှိပ် တွန်းပို့လိုက်လို့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲပါ။ ခုခံရေးနဲ့အစပြုသော်လည်း ရန်သူကိုချေမှုန်းရေးနဲ့ အနိုင်တိုက်မှရမယ့် တော်လှန်စစ်လည်း ဖြစ်ပါတယ်။… Read More »

ဗမာပြည်သမိုင်းထဲက ပြည်တွင်းစစ် (မောင်သန်းမြရွှေ)

ဗမာပြည် လွတ်လပ်ရေးရပြီး ၃ လတောင်မပြည့်သေးခင် ၁၉၄၈ မတ်လ ၂၈ ညမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရုံးကိုစီးနင်း တပြည်လုံးရှိ ပါတီခေါင်းဆောင်များကို ဖမ်းဆီးရာမှ ပြည်တွင်းစစ်စတင်တယ်။ လွတ်လပ်ရေးနဲ့အတူ ၁၉၄၇ ဖွဲ့စည်းပုံအောက်မှာ တရားဝင်ရပ်တည်နေတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီကို အာဏာရ ဖဆပလပါတီအတွင်းမှ ဆိုရှယ်လစ်ပါတီအုပ်စုဖြစ်တဲ့ ဖဆဆိုရှယ် များက အလစ် အငိုက်ယူ အကြမ်းဖက်ဖမ်းဆီးကာ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်လာ တယ်။ ပြည်သူ့ရဲဘော်နဲ့ တော်လှန်တဲ့ဗမာ့တပ်မတော် အင်အားစုများက ဗကပအပေါ် တဖက်သတ်ဖိနှိပ်မှုကို ဆန့်ကျင်ကာ ပြည်တွင်းစစ်ရပ်စဲရေး လက်ဝဲညီညွတ်ရေး (လွတ်လပ်ရေးအတွက် တိုက်ခဲ့သူချင်း) ကြိုပမ်းမှုရှိခဲ့ပေမယ့် အရာမထင်ခဲ့။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မလွှဲမရှောင်သာ လက်နက်ကိုင်ခုခံစစ်ကို တိုက်ရတယ်။ မနှေးမနှောင်း ဖြစ်ရပ်များကို ဆက်စပ်ကြည့်ရင် ဘာ့ကြောင့် ပြည်တွင်းစစ်ဖြစ်ရသလဲဆိုတာ ပေါ်လွင်ပါတယ်။ – ပြည်သူ့ရဲဘော်အတွင်းမှ ရဲဘော်(ဖြူ) တောခိုတယ်။- စစ်တပ်တွင်းမှ တော်လှန်သောဗမာ့တပ်မတော် (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျခေါင်းဆောင်ကာ) တောခိုတယ်။- ကရင် မွန် ပအိုဝ့် ကရင်နီ တို့ လက်နက်ကိုင်တိုက်လာတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်… Read More »