အရေးတော်ပုံဂျာနယ်အညွှန်း

အရေးတော်ပုံဂျာနယ်အညွှန်း သန်းထိုက်အောင် ဇွန် ၂၀၂၄ (ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်မှာ ဖော်ပြမယ့်ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သုတေသီ သန်းထိုက်အောင် ရေးသားပြုစုတဲ့ အရေးတော်ပုံဂျာနယ်အညွှန်းရဲ့ နိဒါန်းပိုင်းသာဖြစ်ပါတယ်။ အရေးတော်ပုံဂျာနယ်အညွှန်း သုတေသနစာတမ်းအပြည့်အစုံကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဝဘ်ဆိုက်မှာ ဖော်ပြထားမှာ ဖြစ်ပါတယ်။) အပိုင်း (၁) ၁။ နိဒါန်း ကျနော်တို့တတွေ အကြောင်းအရာတရပ်ကိုသိလိုတဲ့အခါ စာအုပ်စာပေစုံလင်လှတဲ့ စာကြည့်တိုက်ကြီးတွေဆီ မဖြစ်မနေ သွားရပါတယ်။ ကိုယ်ရှာဖွေတဲ့အကြောင်းအရာကို ရှာဖွေစမှာ မျက်စေ့သူငယ်နားသူငယ် ဖြစ်နေတာကို စာကြည့်တိုက်နဲ့ စာကြည့်တိုက်ဝန်ထမ်းတွေကနှစ်သိမ့်ပေးရင်း မျက်စိဖွင့် နားဖွင့်ပေးပါတယ်။…

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့ ၁၉၄၅ မေ ၉၊  ဒုတိယကမ္ဘာစစ်ပြီးဆုံးတယ်။ နာဇီဂျာမန်တပ်ဖွဲ့များဟာ ဆိုဗီယက်တပ်နီတော်နဲ့ မဟာမိတ်တပ်ဖွဲ့များထံ ၁၉၄၅ မေ ၈ မှာ လက်နက်ချတယ်။ ဂျပန်ဖက်ဆစ်များက ၁၉၄၅ ဩဂုတ် ၁၅ မှာ ဂျပန်ဘုရင့်အမိန့်ဖြင့် လက်နက်ချတယ်။ ဟစ်တလာက ၃၀ ဧပြီ(၁၉၄၅) က တည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မူဆိုလိုနီကို အစောပိုင်းကတည်းက လက်ရ ဖမ်းဆီးမိပြီး အီတလီပြောက်ကျားများက ကြိုးပေးကွပ်မျက်ခဲ့တယ်(၁၉၄၅)။ လူသားသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး အရက်စက်ဆုံးဖြစ်တဲ့ ဖက်ဆစ်ဝါဒအပေါ်…

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့ နိုင်ငံတကာသတင်းတွေမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲ (ဒီ-ဒေး) အနှစ် ၈၀ ပြည့် အထိမ်းအမှတ်သတင်းတွေ ဖော်ပြတာ တွေ့ရပါတယ်။ အနောက်အုပ်စုခေါင်းဆောင်များက ရုရှား-ယူကရိန်းစစ်ပွဲကိုအကြောင်းပြပြီး ဒုတိယကမ္ဘာစစ်အတွင်းက ကြီးမြတ်ဂုဏ်ပြောင်တဲ့ ဆိုဗီယက်ယူနီယံရဲ့အခန်းကို တညီတညွတ်တည်း ချန်လှပ်ဖုံးကွယ်ထားကြတယ်။ သမိုင်းကို ပုံဖျက်ပြောဆိုတာ ဖုံးကွယ်တာတွေလုပ်လို့ရနိုင်ပေမယ့် ဖြစ်တည်ပြီးခဲ့တဲ့အရှိတရားကိုတော့ ပြန်ပြင်ချင်လို့မရပါဘူး။  ဆိုဗီယက်တပ်နီတော်သာ အသက်သွေးချွေး အမြောက်အမြားပေးဆပ်ပြီးမတိုက်ခဲ့ရင် နော်မန်ဒီက အနောက်အုပ်စု စစ်သင်္ချိုင်းဟာ အခုထက် ပိုကြီးမယ့်အပြင် ရှုံးပွဲကြီးအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မှာပါ။ စတာလင်က အရှေ့နဲ့အနောက် စစ်မျက်နှာနှစ်ခုဖွင့်ပြီး ဂျာမနီကိုညှပ်တိုက်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အနောက်အုပ်စုမဟာမိတ်တွေ…

အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့

(ဗမာပြည်ကွန်မြူနစ်ပါတီ  စတင်တည်ထောင်ခဲ့တာ    ၈၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ်  ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်နဲ့ အရေးတော်ပုံဂျာနယ်တို့ကို ထုတ်ဝေမှာဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး ဖြစ်ပါတယ်။) အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့ ……. (၁) နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations – CFR) ဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံတကာဆက်ဆံရေးကို အထူးအလေးထားတဲ့ ကျွမ်းကျင်တဲ့ အမေရိကန်နိုင်ငံက ပညာရှင်အဖွဲ့တခုဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်တယ်။ လွတ်လပ်ပြီး ပါတီစွဲမရှိတဲ့ အမြတ်အစွန်းမရှာတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။…