အိုနာကျိုးကန်းသီအိုရီများ
အိုနာကျိုးကန်းသီအိုရီများ (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) တော်လှန်ရေးရဲ့ဒီနေ့အခြေအနေက အရှိန်အဟုန်ရော၊ အရှိန်အဝါရောသိပ်ကြီးတယ်။ တော်လှန်ရေးကိုထိပ်တိုက်ရင်ဆိုင်ပြီး ပြောင်ပြောင်ဆန့်ကျင်ရဲသူနည်းတယ်။ လုပ်ရပ်နဲ့မဆန့်ကျင်ရဲတော့ အသံနဲ့မကြားတကြားပြောကြတယ်။ လက်တွေ့ကို စေ့စေ့မကြည့်ရဲတဲ့အခါ အချောင်သမားသဘောတရားတွေကို ဆွဲထုတ်လာကြတယ်။ တချို့ကလက်ယာဘက်က ဆွဲထုတ်လာ၊ တချို့က လက်ဝဲဘက်ဆွဲထုတ်လာ… အနှစ်သာရကတော့ အတူတူပဲ၊ ဘာမှမထူးကြဘူး။ ဘယ်ဘက်ကပဲ လှည့်ပြောပြော နောက်ဆုံးရောက်ကြတဲ့နိဂုံးကတော့ “တော်လှန်စစ်ကိုရပ်ကြပါ၊ စစ်အုပ်စုကိုဖယ်ထုတ်ဖို့ မကြိုးစားပါနဲ့” ဆိုတာပဲ။ ဝေါဟာရအမျိုးမျိုးသုံးတယ်၊ သီအိုရီအမျိုးမျိုးသုံးတယ်၊ ကျမ်းကိုးအမျိုးမျိုးသုံးတယ်၊ သူတို့ပြောနေတဲ့စကားလုံးတွေနောက်ကိုသာ ဆန်စဉ်ရာကျည်ပွေ့လိုက်နေရင် မျက်စိလည်လို့ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့…
