အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့
(ဗမာပြည်ကွန်မြူနစ်ပါတီ စတင်တည်ထောင်ခဲ့တာ ၈၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ် ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်နဲ့ အရေးတော်ပုံဂျာနယ်တို့ကို ထုတ်ဝေမှာဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး ဖြစ်ပါတယ်။) အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့ ……. (၁) နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations – CFR) ဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံတကာဆက်ဆံရေးကို အထူးအလေးထားတဲ့ ကျွမ်းကျင်တဲ့ အမေရိကန်နိုင်ငံက ပညာရှင်အဖွဲ့တခုဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်တယ်။ လွတ်လပ်ပြီး ပါတီစွဲမရှိတဲ့ အမြတ်အစွန်းမရှာတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အဖွဲ့ဝင်တွေထဲမှာ ဝါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ(ဥပမာ ဟင်နရီ ကစ်ဆင်ဂျား)၊ ဗဟိုထောက်လှမ်းရေး ညွှန်မှူးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ရှေ့နေတွေ၊ ပါမောက္ခတွေ၊ ကော်ပိုရေးရှင်းညွှန်ချုပ်တွေ၊ အမှုဆောင်အရာရှိချုပ်တွေနဲ့ ဝါရင့်နာမည်ကြီးသတင်းမီဒီယာသမားတွေ ပါဝင်တယ်။ ဒီလောက်ဆိုရင် ဒီအဖွဲ့အစည်း CFR ဟာ ပေါ့ပေါ့တန်တန်အဖွဲ့ မဟုတ်ဘူးဆိုတာ သိသာနေပါပြီ။ CFR ဟာ လက်ဝါးကြီးအုပ်ဘဏ္ဍာအရင်းရဲဝါရင့်သုခမိန်အဖွဲ့ တနည်းအားဖြင့် ဝေါလမ်းမရဲ့ သုခမိန်အဖွဲ့လို့ ဆိုနိုင်တယ်။ ၁၉၂၂ ခုနှစ်ကတည်းက… Read More »




