မိခင်ကြယ်နီ

မိခင်ကြယ်နီ -အနာဂတ်ကို မျှော်တွေး ၁၃၀၀ပြည့် အတွေ့ကြုံ သင်ခန်းစာ ပြုရင်း တော်လှန်သော အတွေးခေါ် ပါတီတခု တိုးတက်သော ခေါင်းဆောင်မှုကို အသိပြုရင်း အောင်ဆန်း ဗဟိန်း သန်းထွန်း ဇင် ချစ် ဗသိန်းတင် တို့ခေါင်းဆောင်မှုနှင့် အတွေးခေါ်သစ် ရပ်တည်ချက်မှန်မှန် လူထုကို ဗဟိုပြု ဖက်ဆစ်ကို မြေလှန် နယ်ချဲ့ကို သဂြိုလ်ပစ်ရေး မာ့က်စ်လီနင် မော်အတွေး ဦးထိပ်ပန်ရင်း သွေးသစ်တွေလောင်း တိုက်ပွဲထဲက ပါတီ လူထုထဲက ပါတီ ဖေါက်ပြန်သူတို့ အကြံယုတ်နှင့် ဟန်လုပ်ပြီး ဝါဒတွေဖြန့် ကြံကြံခံတဲ့ လူထုပါတိ လူထုအတွက် မြေအောက်မှာရပ် ဖေါက်ပြန်တဲ့ ကျော်ငြိမ်း ဗဆွေ မောင်နုတို့ကို ဆန့်ကျင် တဖန်လည် စစ်အာဏာကို အံတု စစ်အာဏာရှင် လူထုပါတီအင်အားကို တုန်လှုပ် ထိုးစစ်တွေထိုး ကြံ့ကြံ့ခံရင်း နေ၀င်း စန်းယု အပြုတ်တိုက်ရေး လမ်းစဉ်တွေချ ခေါင်းဆောင်မှုမှန်စွာ ယနေ့တိုင် မြေအောက်ရပ်တည် လူထုအကျိုးအတွက် မျိုးဆက်မပြတ် အဆင့်ဆင့် လက်ဆင့်ကမ်း သမိုင်းပေးတာ၀န် ကြယ်နီပေါ်ရေး… Read More »

ကယန်းပြည်သစ်ပါတီမှပေးပို့သည့်သဝဏ်လွှာ

ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ပေးပို့သည့် သဝဏ်လွှာ

တော်လှန်တဲ့သဘောတရားနဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစု

တော်လှန်တဲ့သဘောတရားနဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစု နီအောင်ဝေ (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် ဆောင်းပါး) အင်္ဂလိပ်-ဗမာ ပထမအကြိမ် စစ်ဖြစ်တော့ နှစ်နှစ်နီးပါး ကြာတယ်၊ ဒုတိယအကြိမ်ဖြစ်တော့ ကိုးလခွဲလောက် ကြာတယ်၊ တတိယအကြိမ်ဖြစ်တော့ သုံးပတ်လောက်ပဲ ကြာတယ်။ ဗမာကိုတိုက်ရတာ တဆင့်ပြီးတဆင့် ပိုလွယ်လာတယ်၊ ရေမြေထီးနန်းလည်း တစတစနဲ့ ပိုပြီးတော့ပဲ့ပါသွားတယ်။ ဒါပေမဲ့ တပြည်လုံးအင်္ဂလိပ်လက်အောက်ကျပြီးမှ ပေါ်လာတဲ့ အနယ်နယ်အရပ်ရပ်က ပြောက်ကျားစစ်က ၁၈၈၅ ခုနှစ်မှ ၁၈၉၅ ခုနှစ်အထိ ဆယ်နှစ်ကြာတယ်။ ပြောက်ကျားစစ်ကိုနှိမ်နင်းရတာ ပိုခက်တယ်၊ ပိုကြာတယ်၊ အိန္ဒိယကနေ စစ်ကူ အမြောက်အမြားခေါ်ပြီး နှိမ်နင်းယူရတာပါ။ ဗမာဘက်က လက်နက်ခဲယမ်းအခြေအနေက သီပေါဘုရင် နန်းမကျခင်နဲ့ နန်းကျပြီးနောက်ပိုင်း ထူးပြီး မကွာခြားပါဘူး။ ပြောက်ကျားတော်လှန်ရေး ခေါင်းဆောင်တွေဟာလည်း အများစုက ပဒေသရာဇ် မင်းညီမင်းသားတွေပါပဲ။ ဒါပေမဲ့ ခေါင်းဆောင်မှုအရည်အချင်းနဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ကွာခြားတယ်၊ နည်းပရိယာယ် ကွာခြားမှုတွေ ရှိတယ်။ အဆုံးသတ်မှာ ရန်သူက တပ်ကူခေါ်ပြီး သာလွန်အင်အားနဲ့အနိုင်ယူသွားပေမယ့် တော်လှန်ရေးဘက်က အခရာကျတဲ့ အားနည်းချက်တခုရှိပါတယ်။… Read More »

တဖြည်းဖြည်းတအိအိပြိုဆင်းလာနေတဲ့ –ဗမာ့တပ်မတော်။

တဖြည်းဖြည်းတအိအိပြိုဆင်းလာနေတဲ့ –ဗမာ့တပ်မတော်။ လှကျော်ဇော (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီနေ့အထိမ်းအမှတ် ဒီမိုကရေစီသစ်ဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ——-စစ်တပ်ဆိုတာပစ်ရင်-မှန်အောင်ပစ်တာ။ ——-အပေါ်ထောင်ပစ်တာ မပါဘူး။ ဒါကြောင့် နောင်ဆူဆူပူပူလုပ်မယ့်လူတွေ သတိသာထားကြပေတော့။—- ဒါတွေကတော့ ဗမာပြည်နဲ့ပြည်သူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲများအတွင်းကပေါ်ထွက်ခဲ့တဲ့ မျိုးချစ်ပြည်ချစ်ဗမာ့တပ်မတော်ကြီးကို ကြေးစားတပ်ကြီးအဖြစ်ပြောင်းလဲစေပြီး စစ်အာဏာရှင်စနစ်ရဲ့အကာအကွယ်ဒေါက်တိုင်လုပ်ပစ်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့စကားများပါ။ အလားတူ မင်းအောင်လှိုင်ကလည်း လုသတ် မီးရှို့ ဗုံးကြဲ၊ မြေကျန်ရင် ရပြီ။ လူတွေကတော့ အကုန်သေလည်း အရေးမကြီးဆိုတဲ့ ပေါ်လစီနဲ့ ပြည်တွင်းစစ်ကို တိုးချဲ့နေပါတယ်။ ဒီစကားများက ဗမာ့တပ်မတော်ကြီးဟာ ပြည်သူကိုရန်သူလို သဘောထားလိုက်ပြီဆိုတာအရှင်းလင်းဆုံးပြသလိုက်ပါတယ်။ ၁၉၆၂မှာ အာဏာသိမ်းတက်လာတဲ့ ဗိုလ်နေ၀င်းဟာအာဏာကို ရေရှည်ဆုပ်ကိုင်နိုင်ရန်အတွက်(စစ်အာဏာရှင်စနစ်တည်ဆောက်ရန်)ဗမာ့တပ်မတော်ကို သူ့တလက်ကိုင်တပ်အဖြစ် ကောင်းကောင်းတည်ဆောက်လိုက်ပါတယ်။စစ်တပ်ကို ပထမဆုံး စိတ်ဓာတ်အရ အစဉ်အလာနယ်ချဲ့ဆန့်ကျင်ရေးနဲ့လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေးစိတ်ဓာတ်သွင်းပေးလိုက်လို့ တပ်ရဲ့စည်းကမ်းကောင်းရေးနဲ့ တည်ငြိမ်စည်းလုံးရေးကို ရရှိနိုင်ခဲ့ပါတယ်။ ဒါကို အခြေခံပြီး ၁၉၄၈ ကတည်းက(ကိုလိုနီနယ်ချဲ့အင်္ဂလိပ်နဲ့ဖဆပလ ဆိုရှယ်လစ်များဖန်တီးခဲ့လို့)ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတွင်း ဒီတပ်ကို သွင်းပေးလိုက်ပြီး တိုင်းရင်းသားများအပါ ပြည်သူတွေကိုထောင်ချီပြီးရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့စစ်တပ်ဖြစ်အောင် လုပ်ပစ်လိုက်ပါတယ်။ မြို့ပေါ်ကလူတွေကိုပါ သတ်ရဲတဲ့တပ်ဖြစ်လာပါတယ်။ တပ်တွင်းမှာ ရာထူးတွေ… Read More »

အိုနာကျိုးကန်းသီအိုရီများ

အိုနာကျိုးကန်းသီအိုရီများ (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) တော်လှန်ရေးရဲ့ဒီနေ့အခြေအနေက အရှိန်အဟုန်ရော၊ အရှိန်အဝါရောသိပ်ကြီးတယ်။ တော်လှန်ရေးကိုထိပ်တိုက်ရင်ဆိုင်ပြီး ပြောင်ပြောင်ဆန့်ကျင်ရဲသူနည်းတယ်။ လုပ်ရပ်နဲ့မဆန့်ကျင်ရဲတော့ အသံနဲ့မကြားတကြားပြောကြတယ်။ လက်တွေ့ကို စေ့စေ့မကြည့်ရဲတဲ့အခါ အချောင်သမားသဘောတရားတွေကို ဆွဲထုတ်လာကြတယ်။ တချို့ကလက်ယာဘက်က ဆွဲထုတ်လာ၊ တချို့က လက်ဝဲဘက်ဆွဲထုတ်လာ… အနှစ်သာရကတော့ အတူတူပဲ၊ ဘာမှမထူးကြဘူး။ ဘယ်ဘက်ကပဲ လှည့်ပြောပြော နောက်ဆုံးရောက်ကြတဲ့နိဂုံးကတော့ “တော်လှန်စစ်ကိုရပ်ကြပါ၊ စစ်အုပ်စုကိုဖယ်ထုတ်ဖို့ မကြိုးစားပါနဲ့” ဆိုတာပဲ။ ဝေါဟာရအမျိုးမျိုးသုံးတယ်၊ သီအိုရီအမျိုးမျိုးသုံးတယ်၊ ကျမ်းကိုးအမျိုးမျိုးသုံးတယ်၊ သူတို့ပြောနေတဲ့စကားလုံးတွေနောက်ကိုသာ ဆန်စဉ်ရာကျည်ပွေ့လိုက်နေရင် မျက်စိလည်လို့ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့ ဘယ်နည်းနဲ့ ဘယ်လိုတွေလှည့်ပတ်ပြောပြော၊ ဘယ်ရပ်တည်ချက်နဲ့ပြောပြီး ဘယ်လို နိဂုံးဘယ်လိုချုပ်တယ်ဆိုတာကို သတိထားလေ့လာကြပါ။ အဲဒါဟာသူတို့ရဲ့ဆိုလိုရင်းပါပဲ။ အဲဒါဟာ သူတို့ဘယ်လိုလူတွေဆိုတာ ဖော်ပြတဲ့အချက်ပါပဲ။ စစ်ဘောင်နဲ့ ဒီမိုကရေစီဘောင် ဆရာကြီးလေသံနဲ့ အထက်စီးကပြောတတ်တာကတော့ “စစ်နဲ့ဒီမိုကရေစီဆိုတာ မွေးရာပါဗီဇကိုက ရန်ဘက်ပဲ”တဲ့။ “စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီဘောင်ကျဉ်းတယ်။ ဒီမိုကရေစီဘောင်ကျယ်ရင် စစ်ဘောင်ကျဉ်းတယ်”တဲ့။ အဲဒီသဘောတရားရဲ့နိဂုံးချုပ်ချက်ကတော့ “စစ်မတိုက်ကြပါနဲ့။ ရွေးကောက်ပွဲလုပ်ကြပါ” ဆိုတာပါပဲ။ သူတို့ပြောတဲ့ ရွေးကောက်ပွဲလုပ်ချင်ရင် ၂၀၀၈ ခြေဥကို လက်ခံရတော့မယ်၊… Read More »

“ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့ အနှစ်(၂၀)ကျော်ခရီး”

“ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့ အနှစ်(၂၀)ကျော်ခရီး” (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး) ပြည်ချစ်ဝါဒလမ်းစဉ်ကို ပါတီက ၂၀၀၁ ခုနှစ် မှာချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီလမ်းစဉ်ရဲ့ခရီးဟာ အနှစ်(၂၀) ကျော်ခဲ့ပါပြီ။ အကွေ့အကောက် အတက်အဆင်းတွေ အခက်အခဲတွေနဲ့ဖြတ်ကျော်ခဲ့ရတဲ့ ဒီခရီးဟာ ပြည်ချစ်ဝါဒလမ်းစဉ်အတွက်တော့ သမိုင်းဖြတ်သန်းမှုထဲမှာ အစမ်းသပ်ခံရင်း မှတ်ကျောက်တင်ခဲ့ရတဲ့ စာမျက်နှာတွေပဲ ဖြစ်ပါတယ်။ ပါတီရဲ့အခြေခံလုပ်ငန်းစဉ်ဟာ ဗမာပြည်လူ့အဖွဲအစည်းကြီးရဲ့ မျက်မှောက်သမိုင်းခေတ်ကာလကြီးကို မာ့က်စ်ဝါဒ ရပ်တည်မှု၊ အမြင်၊ နည်းနာနဲ့ ပိုင်းခြားစိတ်ဖြာသုံးသပ်ပြီး ချမှတ်ထားတဲ့လမ်းစဉ်(ဝါ) (ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး PDR) ဖြစ်ပါတယ်။ ပြည်ချစ်ဝါဒလမ်းစဉ်ကတော့ အခြေအနေရဲတောင်းဆိုချက်အရ ချမှတ်ခဲ့တဲ့ နည်းပရိယာယ်လမ်းစဉ်သာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ပါတီဟာ မိမိရဲ့အတ္တဘာဝအင်အား အနိမ့်ဆုံးရောက်ရှိနေတဲ့အခြေအနေမှာ ယူဂျီပါတီဘဝနဲ့ ရှေ့ဆက်ဖို့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်။ ပါတီနဲ့တော်လှန်ရေး ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် ပြည်ချစ်ဝါဒလမ်းစဉ်နဲ့ ထိန်းညှိလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မိမိအတ္တဘာဝအခြေအနေ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့အခြေအနေကို တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့ရှုမြင်သုံးသပ်ပြီး အမှီခိုကင်းကင်းနဲ့ ဆုံးဖြတ်ချမှတ်ခဲ့တဲ့ “ကိုယ်ထူးကိုယ်ချွန်” ပဲဖြစ်ပါတယ်။ ပြည်ချစ်ဝါဒလမ်းစဉ်ဟာ ဗမာပြည်ရဲ့ပထဝီနိုင်ငံရေးကို အလေးထားတဲ့စဉ်းစားမှုဖြစ်တယ်။ မျက်မှောက်ကာလ… Read More »