၂၁ စာစဉ်အညွှန်း သန်းထိုက်အောင်
ဗမာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး
ဗမာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး ကိုထွေး (၈၅ နှစ်မြောက် ဗမာပြည်ကွန်မြူနစါပါတီ မွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ဗမာပြည်ရဲ့ လက်ရှိဒီမိုကရေစီတော်လှန်ရေးမှာ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးပါဝင်နေမှုဟာ ထူးခြားထင်ရှားပါတယ်။ လူမျိုးပေါင်းစုံပြည်သူလူထုကြီးဟာ ၄၈ ကစခဲ့တဲ့ပြည်တွင်းစစ် (၇၆) နှစ်အတွင်း ဖြတ်သန်းခဲ့ကြရင်းက သင်ခန်းစာအမျိုးမျိုး ဘဝအတွေ့အကြုံမျိုးစုံကြုံတွေ့ခဲ့ပြီး လက်တွေ့သဘောပေါက်မှုအရ၊ စစ်တပ်လက်ဝါးကြီးအုပ် စစ်ဗျူရိုကရက်အရင်းရှင်စနစ်နဲ့ စစ်အစိုးရတွေကို ပြတ်သားစွာဆန့်ကျင်တိုက်ပွဲဝင်မှရမယ်လို့ သဘောပေါက်လာမှုရဲ့ ရလဒ် ဖြစ်ပါတယ်။ ထို့အတူ နှစ်(၇၀) ကျော်ဖြတ်သန်းခဲ့မှုအတွင်း နိုင်ငံရေးအင်အားစုအသီးသီးရဲ့တိုက်ပွဲဝင်မှု၊ နိုင်ငံရေးလမ်းစဉ်အမျိုးမျိုးနဲ့ လှုံ့ဆော်စည်းရုံးခဲ့မှုမျိုးစုံတွေကို တွေ့ကြုံခံစား ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံတွေအရ သဘောပေါက်မှုရဲ့ရလဒ်လည်းဖြစ်တယ်။ ဒီအဖိနှိပ်ခံလူမျိုးပေါင်းစုံ…
ပါတီရဲ့မျိုးဆက်ပြဿနာကိုဂရုစိုက်ကာကွယ်ကြ
ပါတီရဲ့မျိုးဆက်ပြဿနာကိုဂရုစိုက်ကာကွယ်ကြ ရဲဘော်အောင်ချစ် (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ၁။ ပါတီရဲ့ဘဝမှာ ၁၉၃၉ ခုနှစ်ပါတီဖွဲ့ပြီးနောက် ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်ဆန့် ကျင်တော်လှန်ခဲ့ရလို့ ရဲဘော်အများအပြားကျဆုံးခဲ့ရသလို ကေဒါတချို့လည်း ထိခိုက်ဆုံးရှုံးမှုရှိခဲ့ရပါတယ်။ ၂။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာ ဒေသအတော်များများမှာ စည်းရုံးစုစည်းနိုင်ခဲ့ပေမယ့်၁၉၅၅ ရန်သူနဲ့စေ့စပ်ရေးလမ်းစဉ်ကြောင့် အိမ်ပြန်တဲ့အောက်ခြေရဲဘော်တွနဲ့အတူ ကေဒါတွေလည်း ပါသွားပါတယ်။ ၃။ ၁၉၇၀ ခုနှစ်ကျော်ကာလ ရဲဘော်သခင်သန်းထွန်း၊ ရဲဘော်သခင်ဇင်၊ ရဲဘော်သခင်ချစ်တို့လက်ထက်မှာလည်း ၁၉၆၇ လက်ဝဲလမ်းစဉ်အမှားကြောင့် ကေဒါတချို့ဆုံးရှုံးကြရပြန်ပါတယ်။ ၄။ ၁၉၈၀ ကျော်ကာလတွေရောက်ပြန်တော့ ကွန်မြူနစ်တွေပြောပြောနေတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမဟုတ်ဘဲ…
ဖောင်ပိတ်ဆောင်းပါး
ဖောင်ပိတ်ဆောင်းပါး A.ငြိမ်း (ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ် ဖောင်ပိတ်ဆောင်းပါး) (၁) တိုင်းပြည်နဲ့လူမျိုးမျက်နှာ အိုးမဲသုတ်သူများ ဒီရက်ပိုင်းတွင်း မီဒီယာသတင်းတခု ကြားလိုက်မိတယ်။ ကမ္ဘာပေါ်က လူမျိုးရေးခွဲခြားမှုနဲ့အသားအရောင်ခွဲခြားတာမှာ အဆိုးဆုံး ၁၀ နိုင်ငံစာရင်းဖော်ပြခဲ့တယ်။ ဆားဗီးယား၊ ကာတာ၊ ဆော်ဒီ၊ အီရန်၊ အစ္စရေး ပြီးရင် ဗမာနိုင်ငံက နံပါတ် ၆ ချိတ်တယ်ဆိုပဲ။ ခု နောက်ဆုံး စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပိုဆိုးလာတယ်လို့လည်း ထုတ်ဖော်သွားပါတယ်။ ပြည်တွင်းမှာ လူမျိုးရေးခွဲခြားမှု ခါးခါးသီးသီးခံစားနေရတဲ့ တိုင်းရင်းသားလူမျိုးစုတွေကတော့ ဒီနံပါတ်စဉ်ကို…
လေ့လာရေး ပြဿနာများ အပိုင်း(၂)
လေ့လာရေး ပြဿနာများ အပိုင်း(၂) (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ဆွေးနွေးရာမှာ ဘယ်သူက တင်ပြပြောဆိုသလဲ၊ ဘယ်ဟန်ဘယ်လေသံနဲ့ပြောဆိုသလဲ စတာတွေကို အစွဲမထားဘဲ၊ ဘာအကြောင်းအရာ ဘာအတွင်းသဘောကို တင်ပြပြောဆိုသလဲဆိုတာကို အဓိက အလေးထားသင့်တယ်၊ တင်ပြပြောဆိုတာက ကျိုးကြောင်းဆီလျှော်မှု ရှိမရှိကို အလေးထားဆန်းစစ်သင့်တယ်။ မေးခွန်းထုတ်တာကို အားပေးသင့်တယ်၊ အမေးနွားကျောင်း အဖြေဘုရားလောင်းဆိုသလို ရိုးရိုးသာမန် မေးခွန်းတွေက(ဥပမာ စကြာဝဠာထဲရှိအရာဝတ္ထုတွေဟာ ဘာဖြစ်လို့ တခုနဲ့တခု အပြန်အလှန်ဆွဲနေတာလဲဆိုတဲ့ မေးခွန်းမျိုးတွေက) မမျှော်လင့်ပဲ အဖြေရခက်တာမျိုး ဆက်လက်စူးစမ်းလေ့လာစရာခေါင်းစဉ်မျိုး ဖြစ်နေတတ်တယ်။ အဲဒီအချက်များကို…
