“တော်လှန်တဲ့အကောင်းမြင်ဝါဒ ကိုင်စွဲကြ” အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါမှာ..အောင်မြင်ချက်ကိုလှမ်းမြင်နိုင်တာ….သိပ်သည်းတဲ့အမှောင်ထုထဲကျရောက်နေရချိန်မှာ..တောက်ပတဲ့အလင်းရောင်ကိုတွေ့အောင်ရှာနိုင်တာ…. ပြင်းထန်တဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ရချိန်မှာ…ဖောက်ထွက်ဖို့အခွင့်အလမ်းကို ညွှန်ပြနိုင်တာ…. ဒါတွေဟာ တော်လှန်တဲ့အကောင်းမြင်ဝါဒရဲ့ အတွင်းသဘောတွေပဲဖြစ်ပါတယ်။ တော်လှန်ရေးဟာ ဖိနှိပ်သွေးစုပ်တဲ့စနစ်ဟောင်းကိုဖြိုချတာဖြစ်လို့ လူ့သမိုင်းမှာအကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးအရေးတော်ပုံကြီးဖြစ် ပါတယ်။ ဖေါက်ပြန်တဲ့ဖိနှိပ်သူလူတန်းစားကလည်း ခေါင်းမာမာနဲ့ မီးကုန်ယမ်းကုန်ခုခံမှာဖြစ်လို့ ပြင်းထန်သည်းသန်တဲ့ ရန်ငါပဋိပက္ခတိုက်ပွဲအတွင်းမှာ မိမိဖက်ကလည်း ကြီးမားတဲ့ပေးဆပ်ရမှုတွေ စွန့်လွှတ်ရတာတွေ မုချရှိပေလိမ့်မယ်။ ကြိုတင်မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေ တွေ့ကြုံရနိုင်တယ်။ အတက်အဆင်းအကွေ့အကောက်တွေများတဲ့ ရေရှည်ခရီးကြမ်း ဖြစ်လို့ သားစဉ်မြေးဆက် တဗိုလ်ကျတဗိုလ်တက် တိုက်ပွဲဆင်သွားကြရမှာဖြစ်တယ်။ တော်လှန်ရေးခရီးကြမ်းကြီးမှာ တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ နောက်ဆုံးအောင်ပွဲရတဲ့အထိ ချီတက်သွားနိုင်ဖို့ မလွဲသာမရှောင်သာ ရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေကို တော်လှန်တဲ့ အကောင်းမြင်ဝါဒနဲ့ ကျော်လွှားသွားကြရမှာဖြစ်တယ်။ (၁) တော်လှန်တဲ့အကောင်းမြင်ဝါဒကို ကိုင်စွဲဖို့အတွက်ဘာတွေလိုအပ်သလဲ……. ၁။ ခိုင်မာပြတ်သားတဲ့သန္နိဋ္ဌာန်နဲ့ပိုင်းဖြတ်ချက်ရှိရမယ်။ တော်လှန်ရေးအတွက် အရာရာကို စွန့်လွှတ်မယ်ဆိုတဲ့ပိုင်းဖြတ်ချက်ရှိရမယ်။ ၂။ ပါတီစိတ်ဓာတ်ခိုင်မာရမယ်။ ပါတီဗဟိုဝန်းရံရေးစိတ်ဓာတ်နဲ့အတူ ပါတီရဲ့အနာဂတ်ကို လေးလေးနက်နက် ယုံကြည်ရမယ်။ ပါတီကိုယုံကြည်ရမယ်။ ပြည်သူကိုယုံကြည်ရမယ်။ အရင်းခံမူနှစ်ရပ်ကိုယုံကြည်မှုမှတဆင့် တော်လှန်ရေးကိုယုံကြည်မှာဖြစ်တယ်။ ၃။ မာ့ကစ်ဝါဒအဘိဓမ္မာကို လမ်းညွှန်သဘောတရားအဖြစ်ကိုင်စွဲရမယ်။ အနုပဋိလောမရုပ်ဝါဒ သမိုင်းရေးရုပ်ဝါဒတို့နဲ့ ပြဿနာအရပ်ရပ်ကို ချဉ်းကပ်အဖြေရှာရမယ်။ (ဆိုလိုတာက လက်တွေ့က အစချီတာ၊ဘက်ပေါင်းစုံကြည့်မြင်တာ၊ ဆန္ဒစွဲကင်းတာ၊ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သတိထားတာ၊ တော်လှန်ပြောင်းလဲနေတဲ့အတွင်းသဘောနဲ့ကြည့်တာ၊ အရေအတွက်ပြောင်းလဲခြင်းနဲ့ အရည်အချင်း ပြောင်းလဲမှု၊ ဆန့်ကျင်ဘက်တွေရဲ့ ဒွန်တွဲနေမှုနဲ့အတိုက်အခံဖြစ်မှုမှတဆင့်… Read More »