၈၇ နှစ်ပြည့် ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ

ဥဩချို အဓွန့်ရှည်ပါစေဆိုတာ သက်တမ်းရှည်ရေး သက်သက်မဟုတ်ဘူး။ ကောင်းမြတ်ဂုဏ်ရည်တွေ အောင်လံလွှင့်ပြီး ဆက်လက်တည်တံ့သွားစေရေးကို ပြောတာ။ အလုပ်သမားတပ်ဦး ပါတီတရပ်အနေနဲ့ ကိုလိုနီဘဝက လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပြီး ကိုလိုနီတပိုင်း အခြေအနေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်စစ်အုပ်စုစိုးမိုးတဲ့ အခြေအနေအောက်မှာ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့ ၈၇ နှစ် ခရီးဟာ ကြမ်းတမ်းပါတယ်။ ပါတီရဲဘော်တွေ ပေးခဲ့ရတဲ့ သွေးတွေဟာ မြစ်မရေစီးပဲ။ မီးတောက်မီးလျှံတွေ ဖြတ်ခဲ့ရ။ မိုးသက်မုန်တိုင်းမှာ နာကျင်ခဲ့ရ။ ပါတီဟာ မီးလျှံ၊ မိုးသက်မုန်တိုင်းတွေ ဖြတ်၊ ရုန်းထ ရှင်သန်လာရတဲ့ မသေငှက်ပဲ။ သေလုမျောပါး…

မာက့်စ်လီနင်ဝါဒ ၊ မော်စီတုန်းအတွေးသမားကြီး၊ ပစ္စည်းမဲ့တော်လှန်ရေးရဲဘော်ကြီး၊ ဗမာပြည်အမျိုးသားပေါင်းစုံ ပြည်သူတို့ရဲ့ ခေါင်းဆောင်ကြီး ဥက္ကဌကြီး ရဲဘော်သခင်သန်းထွန်း

ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့် ပါတီမွေးနေ့အထိမ်းအမှတ် အနေနဲ့ ဗဟိုမော်ကွန်းတိုက် သုတေသီတဦးမှ “မာက့်စ်လီနင်ဝါဒ ၊ မော်စီတုန်းအတွေးသမားကြီး၊ ပစ္စည်းမဲ့တော်လှန်ရေးရဲဘော်ကြီး၊ ဗမာပြည်အမျိုးသားပေါင်းစုံ ပြည်သူတို့ရဲ့ ခေါင်းဆောင်ကြီး ဥက္ကဌကြီး ရဲဘော်သခင်သန်းထွန်း” အမည်ရှိ စာတမ်းတစောင်ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့် ပါတီမွေးနေ့အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာကြသော ပါတီဝင်ရဲဘော်အပေါင်းအား ပါတီဗဟိုမှ ကြိုဆိုနှုတ်ခွန်းဆက်စကား

(ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇)နှစ်ပြည့်အဖြစ် ပြုလုပ်သော မွေးနေ့အထိမ်းအမှတ်ပွဲတွင် – ရဲဘော်မင်းနိုင်မှ ဖတ်ကြားခဲ့ပါတယ်။)

ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်ဖိုးသံချောင်း(ကိုကိုးကျွန်းပြန်) ရဲဘော်ရဲ့ ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့အတွက် ဂုဏ်ပြုအမှာစကား

လူတ‌‌ယောက်ရဲ့ တဘဝ တနေရာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်တုန်းက၊ ကျနော့်ရဲ့လက်ရှိအသက်ရဲ့ တဝက် သာသာ လောက်တုန်းကဗမာပြည်ကြီးရဲ့အနောက်တောင်ဘက် လူမနီးသူမနီး ငါးမန်းကြီးတွေနဲ့ လှိုင်းကြီးတွေသာ စိုးမိုးတဲ့နေရာ လူလုပ်လှောင်ချိုင့်တွေထဲရောက်သွားပြီး ညလည်းရောက်က‌‌ရော ပင်လယ်ရေနဲ့ ခြေဆေးတဲ့ဘဝကို ရောက်သွားတယ်။ ဒီလိုနဲ့ နောက်တနေ့ကစပြီး ဗမာပြည်သမိုင်းမှာ တခါမှ မကြားဖူးတဲ့ ထောင်ဇာတ်လမ်း၊ထောင်အတွေ့….ဒီနောက်မှာတော့ ဗမာပြည်သမိုင်းမှာ ဘယ်တုန်းကမှ မကြားဖူး တဲ့တိုက်ပွဲမျိုးတွေ၊ မဟာမိတ်ဖွဲ့မှုတွေ၊ ရယ်မောသံတွေကို အဲဒီအဆောင် တွေထဲမှာတွေ့ရ၊ တိုးတိုးရော ကျယ်ကျယ်ပါ ကြားကြရပါတော့တယ်။ ဒီလိုနဲ့ဒီကျွန်းပေါ်မှာ ဗမာပြည်သမိုင်းတစ်လျှောက်တခါမှ၊ ဘယ်နေ ရာမှာမှ မကြားဖူး၊ မတွေ့ဖူးတဲ့…

၅၅ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့ အထိမ်းအမှတ် အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ မှ ရဲဘော်အောင်ငြိမ်း (ကျွန်းပြန်ရဲဘော်) ရဲ့ ဂုဏ်ပြုအမှာစကား

ဇူလိုင် ၃၁ ရက်နေ့ဟာ “ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့” ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅ နှစ်က ကိုကိုးကျွန်း အကျဉ်းစခန်းမှာ အာဇာနည် ၈ ဦး ပြည်သူအတွက် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွားခဲ့ကြတယ်။ ဗိုလ်နေဝင်းလက်ထက် ကိုကိုးကျွန်းကို အပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းက ၂၂၃ ယောက် ဖြစ်ပါတယ်။ ခု ဘယ်လောက်ကျန်သေးလဲ ….. အတိအကျတော့ ကျွန်တော် မသိပါ။ ၂၀ ထက် မပိုတော့ဘူးလို့ ခန့်မှန်းမိတယ်။ ဒီမှာတော့ ရဲဘော်ဖိုးသံချောင်းနဲ့ ကျွန်တော် နှစ်ယောက်ပဲ ကျန်ပါတယ်။…

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတာဝန်ကို ဆုံးခန်းတိုင် ထမ်းရွက်ကြ

(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ တင်ပြချက်) ဒီနေ့ခေတ်ဟာ ကမ္ဘာ့ဗိုလ်ကျစိုးမိုးရေးဝါဒ ရှိနေတဲ့ အခြေအနေအောက်မှာ ကြီးမားပြင်းထန်တဲ့ ဒေသန္တရစစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ ခေတ်ကာလ။ တိုင်းပြည်တိုင်းဟာ မိမိတို့တိုင်းပြည်နဲ့ အမျိုးသားအကျိုးစီးပွားကို အဓိက ရှေးရှုဦးတည်ပြီး အစိုးရလုပ်ငန်းများကို ဆောင်ရွက် နေကြတဲ့ကာလ။ ဒီကမ္ဘာ့အခင်းအကျင်းမှာ ဗမာပြည်ရဲ့ နွေဦးတော်လှန်ရေးကို ဗမာပြည်ရဲ့ အိမ်နီးချင်း နိုင်ငံကြီးများနဲ့ အာဆီယံ ဘယ်နိုင်ငံကမှ အားပေးမှာ မဟုတ်ပါ။ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ် ပထဝီစီးပွားရေးကို ထိခိုက်မှာ စိုးရိမ်နေကြတာလည်း ရှိပါတယ်။ ဆိုလိုတာက…