စိန်ရတုအထိမ်းအမှတ် အမှာစာ
ရဲဘော်များ၊ မိတ်ဆွေများ၊ ပြည်သူများခင်ဗျား – ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မွေးနေ့ဖြစ်သလို ၇၅ နှစ် ပြည့်မြောက်သည့် နေ့လည်းဖြစ်သည်။ -၂ဝ၁၄ ခုနှစ် တနှစ်လုံးကို ပါတီအနေနှင့် “ဗမာပြည်ကွန်မြူနစ်ပါတီ၏ စိန်ရတုအခါသမယ” လို့ သတ်မှတ်ထားပါသည်။ – ယင်းကာလအတွင်း စိန်ရတုသဘင်အထိမ်းအမှတ်ပြုသည့် စာစောင်၊ စာတမ်းများ ထုတ်ဝေသွားရန် စီစဉ်ထားသည်များ ရှိကြောင်း ပြောလိုသည်။ ကျွန်တော်တို့ထံတွင် သမိုင်းဝင် စာမူစာတမ်းများ၊ မိန့်ခွန်းများ၊ ဓာတ်ပုံများ၊ သီချင်းခွေများအပြင် ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီလိုလားသူများ၏ စာမူမြောက်မြားစွာ (ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးနဲ့ အဓိဌာန်ပြုချက်များ) လက်ခံရရှိ စုဆောင်းထားပြီးဖြစ်သည်။




