နှစ် ၇၀ ပြည့် ဖက်ဆစ်ဂျပန်တော်လှန်ရေး
ဒီ၂၀၁၅ ခုနှစ်ထဲမှာ ဗမာပြည်သားတွေ ဂုဏ်ယူစွာအထိမ်းအမှတ်ပြုရမယ့် နေ့ထူးနေ့မြတ်တရက်ကို သတိပေးလိုပါတယ်။ သတိပေးတယ်လို့ ဆိုတာက အခုအထိ မီဒီယာတွေထဲမှာ ပြောကြဆိုကြတာ သတိမထားမိလို့ပါ။ လာမယ့်မတ်လ၂၇ ရက်နေ့ဟာ ဗမာပြည်သူတွေက ဖက်ဆစ်ဂျပန်တွေကို စတင်တော်လှန်ခဲ့တာ အနှစ် ၇၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ဖက်ဆစ်ကို တိုင်းပြည်ထဲက လုံးဝမောင်းထုတ်နိုင်တဲ့ အောင်ပွဲဖြစ်သလို၊ အိန္ဒိယကတဆင့် အာရှတိုက်တောင်ပိုင်း အနောက်ဖက်ကိုလှမ်းမယ့် ဖက်ဆစ်ဂျပန်ရဲ့ခြေလှမ်းကို ရိုက်ချိုးပစ်လိုက်နိုင်ပြီး တပါတည်းမှာပဲ ဂျပန်ဖက်ဆစ်တွေရဲ့ တရုတ်ပြည်ကို နောက်ကျောကနေ ထိုးဖောက်ရေး အစီအစဉ်ကြီးကို ခါးကျိုးသွားစေတဲ့ အောင်ပွဲလည်း…
