ပါတီတည်ထောင်သည့် (၇၅) နှစ်မြောက်အထိမ်းအမှတ်အတွက် ဗြိတိန်ကွန်မြူ နစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ
သို့ တာဝန်ခံ နိုင်ငံတကာဆက်သွယ်ရေးဌာန ဗမာပြည်ကွန်မြူ နစ်ပါတီ ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်။ အကြောင်းအရာ။ ။ ဗမာပြည်ကွန်မြူ နစ်ပါတီတည်ထောင်သည့် (၇၅) နှစ်မြောက်အထိမ်းအမှတ်အတွက် သဝဏ်လွှာပေးပို့ခြင်း။ ချစ်လှစွာသောရဲဘော် – ရဲဘော်တို့၏ ပါတီတည်ထောင်သည့် (၇၅) နှစ်မြောက်အထိမ်းအမှတ်အတွက် ဗြိတိန်ကွန်မြူနစ်ပါတီက သဝဏ်လွှာပေးပို့ရင်း ရဲဘော်တို့နှင့်တသားတည်းရှိကြောင်း ဖော်ပြအပ်ပါသည်။ ၁၉၃၉ ခုနှစ်ဆီက ဗမာပြည်ကွန်မြူ နစ်ပါတီမှ ရဲဘော်များနှင့် ကျွန်တော်တို့ပါတီမှ ရဲဘော်များသည် ဗြိတိသျှနယ်ချဲ့သမားနှင့် နိုင်ငံတကာဖက်ဆစ်အင်အားစုတွေကို ဆန့်ကျင်သည့် ဘုံအရေးတော်ပုံတွင် လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည်။ ယနေ့အခါတွင် နယ်ချဲ့စနစ်သည် ကမ္ဘာကြီးကို ထပ်မံခြိမ်းခြောက်လာနေပြန်ပေသည်။ အလားတူပင် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒနှင့် လူမျိုးကြီးဝါဒတို့သည်လည်း ကမ္ဘာကို ခြိမ်းခြောက်လာနေသည်။ ဥရောပတွင် နေတိုးအင်အားစုများကို တိုးချဲ့နေပြီး ပစ္စဖိတ်ဒေသတွင် စစ်ရေးပြင်ဆင်မှုများ အလျင်အမြန်ပြုလုပ်နေပေသည်၊၊ ကွန်မြူ နစ်များနှင့် ကွန်မြူ နစ်လှုပ်ရှားမှုများအဖို့ ငြိမ်းချမ်းရေးနှင့် လူမှုဘဝ လွတ်မြောက်ရေးတို့အတွက် နိုင်ငံတကာ သွေးစည်းညီညွတ်မှုသည် အဓိကဂုဏ်ယူစရာစံ… Read More »




