သေနတ်ခါးချိတ်ထားသလို မဲတောင်းတဲ့သမ္မတ

“မဲပေးကြပါအရပ်ကတို့ရဲ့၊ မဲတပြားလောက်ပေးပါ။” ဒါက ၁၉၅၀ စုနှစ်များတုန်းက ကျင်းပခဲ့တဲ့ ကျောင်းသားပွဲတော်တခုက အမတ်ရူးယိမ်းမှာဆိုတဲ့ ယိမ်းသီချင်းရဲ့ အစပိုဒ်က စာသားတွေပါ။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက သူ့ရဲ့မွေးဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှာ မဲတောင်းတဲ့အခါဗိုလ်သိန်းစိန်က “ပြည်သူများလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ကပြောင်းပြီးပြီ”လို့ရဲရဲတင်းတင်းကြီး၊ စိန်ခေါ်သလို ပြောပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူအဲဒီလိုမာနတခွဲသားနဲ့ ပြောတဲ့နေ့မှာပဲ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို ဖမ်းဆီးခဲ့သလို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီချုပ်အမတ်လောင်းဦးနိုင်ငံလင်းနဲ့ အမျိုးသမီးတွေအပါအဝင် ဒီချုပ်ပါတီဝင်တွေကို…

သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ

သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ (၃၀-၁၀-၂၀၁၅) “၂၀၁၅ ရွေးကောက်ပွဲ ”မကြာခင်ကျင်းပတော့မယ်။ ရက်ပိုင်းသာ လိုပါတော့တယ်။ ရွေးကောက်ပွဲကို အောက်ပါအချက်တွေကြောင့် စိတ်ဝင်စားပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ် အစအဆုံးမှာ အာဏာရကြံ့ဖွံ့ပါတီအစိုးရ၊ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင်တို့ ဘယ်လိုနည်းတွေသုံးပြီး ညစ်ပတ်ကြသလဲ။ ညစ်ပတ်မှုမျိုးစုံကို အတိုက်အခံပါတီတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းသွားကြသလဲ။ ရွေးကောက်ပွဲက ပြည်သူများအတွက် ဘယ်လိုအတွေ့အကြုံနဲ့ သင်ခန်းစာတွေရရှိနိုင်သလဲ စတဲ့အချက်တွေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ တကယ်တော့ အတိုက်အခံပါတီများအဖို့ “၂၀၁၅ ရွေးကောက်ပွဲ”ဟာ ရွေးကောက်ပွဲဆိုတာထက် ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ စစ်တပ်တို့ရဲ့ညစ်ပတ်မှုမှန်သမျှကို ရင်စည်းခံပြီး ယှဉ်ပြိုင်နေတဲ့ပွဲသာ…

ပြီးခဲ့တာတွေကိုမပြောကြပါနဲ့စို့-တဲ့

အခုတလော ဗမာပြည်နိုင်ငံရေးမှာ ပြီးခဲ့တာတွေ/အရင်ကဟာတွေကို ပြန်မဖော်ထုတ်နဲ့၊ လက်ရှိဖြစ်နေတာတွေကိုပဲပြော ဆိုတဲ့အဆိုမျိုး မကြာခဏကြားနေရပါတယ်။ သာမန်အချိန်မှာဆိုရင်တော့ ဒါဟာ စကားနည်းရန်စဲဆိုတဲ့ စိတ်ကောင်းသဘောကောင်းနဲ့ ပြောတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အခုလို ပြောတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဒီလိုအတိတ်ကို ဖျောက်ဖျက်ပစ်ရတာမျိုးလား။ လူတွေဟာ အတိတ်မှာ လုပ်ချင်တာလုပ်ပြီး ဒီနေ့မှာ လူလိမ္မာစကားပြောတာနဲ့ နတ်ရေကန်ထဲဆင်းလိုက်သလို လူကောင်းဖြစ်သွားရောလား။ နောက်ပြီး သမိုင်းဆိုတာဟာ အဖြစ်အပျက်မှန်တွေကို ချောင်ထိုးထားလို့ရတာမျိုးလား။ ပြီးခဲ့တာတွေ၊ အတိတ်တွေကိုပြောတာ မှားသလား။ အမှားတွေကိုပြောတာ မှားသလား။ လူကောင်းကို မကောင်း ပြောတာ၊…

ပွဲမဝင်မီ ဆိုင်းဆော်သံ ကြားရုံမျှနဲ့

ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးဆိုတာ အစကတည်းက တွက်ဆထားကြပြီးသားမို့ သိပ်အံ့သြစရာ မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ရွေးကောက်ပွဲဟာ ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်မယ်။ ၇၀ ရာခိုင်နှုန်းမှားနိုင်တယ်လို့ ပြောလိုက်တာဟာ သူတို့ဘယ်လမ်းကြောင်းသွားမယ်ဆိုတာ ဗြောင် ကြေညာလိုက်တာပဲ။ မဲစာရင်း ဒုတိယအကြိမ်ထုတ်ပြန်လိုက်တော့ ပိုပြီး ပွဲဆူသွားတယ်။ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ကတောင် ဗဟို ရွေးကောက်ပွဲကော်မရှင်ကို မကျေမလည်ဖြစ်ရတဲ့အထိ သူတို့ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်က ပေါ်လွင်ထင်ရှားနေတယ်။ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲဟာ တရားမှာ မဟုတ်ဘူးဆိုတာကို ဖွင့်ပြောလာတဲ့အထိ ဖြစ်နေပြီ။ ရွေးကောက်ပွဲဟာ မတရားရင် မမှန်ကန်ဘူး။ မလွတ်လပ်ဘူး။…

General election 2015: what to expect

As Marx rightly pointed out, the oppressed will be allowed in November ‘to decide which particular representatives of the oppressing class are to represent and repress them in parliament’. Most people will vote in the hope of breaking free from…