ကာချုပ်ရဲ့မူ (၆) ချက် တည်ရှိနေသမျှ ပြည်တွင်းစစ်ရပ်စဲနိုင်မည်မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တတိယအကြိမ် တွေ့ဆုံခဲ့ကြသည့်သတင်းနှင့် ဒီသတင်းရဲ့ နောက်ဆက်တွဲအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ရေးအလားအလာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ချေရှိမရှိတို့နှင့် ပတ်သက်သည့် ခန့်မှန်းခြေသတင်းများ ပြည်တွင်းရော ပြည်ပမှပါ ဆက်တိုက်ထွက်လာခဲ့ပါသည်။ မကြာခင် ဖွဲ့စည်းတော့မည့် အစိုးရသစ်ကိစ္စနှင့် ဒီအစိုးရသစ်ခေတ်မှာ လုပ်ဖို့လိုမည့်အရေးကြီးကိစ္စများအတွက် အပြန်အလှန်ထိန်းညှိ စေ့စပ်ဆွေးနွေးကြခြင်း ဖြစ်နိုင်ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ပြီးတက်လာတာကြောင့် ပြည်သူလူထုများရဲ့ဘဝကို တိုးတက်ပြောင်းလဲပေးလိုတဲ့ ဆန္ဒနှင့် ပြင်းပြစွာပြင်ဆင်မှုလုပ်နေတာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် ဒီချုပ်ပါတီကဖွဲ့မည့် အစိုးရသစ် အဆင်ပြေစွာဖွဲ့နိုင်ပြီး ချောမောစွာ အာဏာလွှဲပြောင်းပေးနိုင်ရေးအတွက် စစ်အုပ်စုဘက်က အရေးပါတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်…

အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇာတ်မျောကြီး

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ် ရှိနေပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတယ်ဆိုတာတွေကို အကြိမ် အများဆုံး လုပ်တဲ့နိုင်ငံ၊ အဲဒီဆွေးနွေးပွဲတွေကို အချိန်အတိုဆုံးနဲ့ အကြာဆုံးလုပ်တဲ့ နိုင်ငံကို ပြောပါလို့ဆိုရင် လူတိုင်းက ဗမာပြည်လို့ပဲ ပြောကြမှာပါ။ ဒီပြည်တွင်းစစ်ကြီး ဘယ်လိုက စဖြစ်တာလဲဆိုတာကို အခုအခါမှာ အထူးအငြင်းပွားစရာ မရှိတော့ဘူး ထင်ပါတယ်။ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ အုပ်စိုးသူ ဖဆပလ – ဆိုရှယ်လစ် အစိုးရက ဒီမိုကရေစီ အခွင့်အရေးတွေကို ရိုက်ချိုးကာ လက်နက်နဲ့ ဖိနှိပ်ပြီး ကွန်မြူနစ်ပါတီကို အမြစ်ပါတူးပစ်ဖို့…

လွှတ်တော်ဆိုတာ စစ်တပ်အဖို့ အာဏာပြစရာ စင်မြင့်ပဲ

ဒေါ်ခင်စန်းလှိုင် တင်ပြတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ထဲက စစ်သားအမတ်အားလုံး မတ်တပ်ထရပ်တာဟာ လူအချို့ရေးသားပြောဆိုနေကြသလို “ဆန္ဒဖော်ထုတ်” တာမဟုတ်ပါဘူး။ သေနတ်ဆိုတာပစ်ရင် မိုးပေါ်ထောင်ဖောက်တာ မပါဘူး၊ တည့်တည့်မှန်အောင်ပစ်တယ်ဆိုတာလို လွှတ်တော်စင်မြင့်ပေါ်ကနေ “အာဏာပြ” လိုက်တာသာ ဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ကာချုပ်နဲ့စစ်တပ်ကို တရားဝင်အာဏာပြခွင့်နဲ့ တရားဝင်အာဏာသိမ်းခွင့်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲက ဒီလို “အာဏာပြမှု”ဟာ ကလောနဲ့ဗထူးစစ်ကျောင်းတွေမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောခဲ့တာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။ အလားတူပါပဲ။ လွှတ်တော်ရဲ့ဖိတ်ကြားမှုကို လက်ရှိအစိုးရဝန်ကြီးတွေ လာရောက်ဖြေဆိုခြင်းမရှိတာကလည်း အများသူငါ ထင်မြင်ယူဆနေကြသလို…

“ဆိုင်းငံ့ရေး” စိတ်ကူး တကယ်ဖြစ်နိုင်/ မဖြစ်နိုင်

(ဇော်လတ်)(၂၀၁၆ ဖေဖေါ်ဝါရီ ၅ ) (ဒီချုပ်ပါတီ) က ဦးစီးတဲ့ လွှတ်တော်နှစ်ရပ်တော့ ပေါ်လာခဲ့ပြီ။ မတ်လကုန်ရင် “အစိုးရသစ်” ပေါ်လာပါတော့မယ်။ပေါ်လာတဲ့ “လွှတ်တော်နဲ့အစိုးရ” ဘယ်လိုလွှတ်တော်နဲ့ဘယ်လိုအစိုးရ ဖြစ်သလဲဆိုတာကို သူတို့ ဘာတွေဘယ်လောက်လုပ် ဆောင်နိုင်သလဲဆိုတဲ့ (မူ၊ပေါ်လစီနဲ့အကောင်ထည်ဖော်မှု) လက်တွေ့ကိုကြည့်ပြီး အကဲဖြတ်ရမှာပါ။ ဘာတွေကိုအမှန်တကယ် ပြောင်းလဲ နိုင်သလဲ။ ပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ (တရားဥပေဒစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး) ကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်သလဲ။ ဒါတွေဟာ အကဲဖြတ်ရမယ့် နယ်ပယ်တွေ ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားပြီး အဓမ္မအတည်ပြုထားတဲ့…

တခြားကမ္ဘာက ဂြိုဟ်သားများ

ဗမာပြည်က တောနဲ့မြို့ကြားမှာ ချောက်ကမ်းပါးကြီးခြားနေတယ်။ အဲဒီချောက်ကမ်းပါးကြီးက ချမ်းသာ၊ ဆင်းရဲ ကွာဟချက် ချောက်ကမ်းပါးကြီး။ တောနဲ့မြို့ဟာ ကမ္ဘာတခုစီက လူတွေလို ဖြစ်နေတယ်။ တောကလူတွေ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသောက်၊ ဘယ်လိုတွေး၊ ဘယ်လိုခေါ်သလဲဆိုတာကို မြို့ကလူတွေ နားမလည်နိုင်ဘူး။ မြို့ကလူတွေနဲ့ ပတ်သက်ရင်လည်း တောကလူတွေရဲ့ စိတ်ထဲမှာ အလားတူ။ တပြည်တည်းနေ၊ တရေတည်း သောက်၊ တမြေတည်းမှာ ကြီးပြီး လူလူချင်း အဆင့်အတန်း ကွဲပြားကွာဟနေတာဟာ ရင်နာစရာလည်း ကောင်းတယ်။ အဲသလို အဆင့်အတန်းကွာဟ ကွဲပြားတဲ့စနစ်ကို သိသိနဲ့…