ရဲဘော်စံသူရဲ့မာ့က်စ်ဝါဒအဘိဓမ္မာပို့ချချက်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ရှင်းလင်းချက်
ရဲဘော်စံသူရဲ့မာ့က်စ်ဝါဒအဘိဓမ္မာပို့ချချက်ကို လေ့လာရေးစာစောင်အဖြစ်လည်းကောင်း၊ သမိုင်းဆိုင်ရာ စာတမ်းတခုအဖြစ်လည်းကောင်း ထုတ်ဝေခဲ့ပါတယ်။ စာတမ်းနှင့်ပတ်သက်သော ဝေဖန်အကြံပြုချက်များ လက်ခံရရှိပါတယ်။ စိတ်ဝင်တစား ဝေဖန်အကြံပြုချက်များကို ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ရဲဘော်စံသူ ပို့ချချက်ပြုစုရာတွင် သူ့မှတ်စုအဟောင်းတွေထဲက ထုတ်နုတ်အသုံးပြုလိုက်ပုံရပါတယ်။ လုပ်ငန်းတာဝန်တွေထဲ မြုပ်နေတာကြောင့် အသစ်တွေ့ရှိချက်ကို သူသတိမထားမိလိုက်တာ ဖြစ်နိုင်ပါတယ်။ ပန်ဆန်းကာလမှကတည်းက ရဲဘော်တချို့သတိထားမိပြီး ထောက်ပြခဲ့တာ ရှိပါတယ်။ ခုပြန်ထုတ်ဖို့ ဖြစ်လာတော့ စာတည်းအဖွဲ့က အကြောင်းကြောင်းကြောင့် အလုံးစုံ တည်းဖြတ်ပြင်ဆင်ချက်များ မပြုလုပ်ရသေးတဲ့ စာမူဟောင်းကိုပဲ တင်လိုက်မိတာ ဖြစ်သွားတယ်။ ဒါကြောင့် ချို့ယွင်းချက်တွေ၊ မှားယွင်းမှုတွေ ပါရှိသွားခဲ့ပါတယ်။…
