ကမ္ဘာ့နိုင်ငံရေးလောကမှာ အစိုးရထဲကအစိုးရ (state within a state) ဆိုတဲ့ဆိုနည်းတခု ရှိပါတယ်။ အဓိပ္ပာယ်က အစိုးရတရပ် တရားဝင်ရှိနေလျက်နဲ့ နောက်ကွယ်မှာ၊ ဒါမှမဟုတ် ဒီအစိုးရထဲမှာပဲ ဒီအစိုးရကို ညွှန်ကြားနေ၊ ချုပ်ကိုင်နေတဲ့ အင်အားစုတရပ် တည်ရှိနေတယ်လို့ ဆိုလိုတာပါ။ဒါဆိုရင် ဘာကိုရေးချင်လို့ အစချီနေတယ်ဆိုတာကို သိကြမှာပါ။ဟုတ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ တက်လာမယ့်အစိုးရနဲဲ့့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အခွင့်အာဏာတွေ ကျင့်သုံးနေမယ့် ကာလုံနဲ့စစ်တပ်တို့ရဲ့အခန်း ဖြစ်ပါတယ်။အခုအခါမှာ ကမ္ဘာကရော ဗမာပြည်သားတွေက ပူပန်မှုအပြည့်နဲ့ စောင့်ကြည့်နေကြတာဟာ စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲမှာ…