ဗိုလ်သန်းရွှေ အမွေဆက်ခံတဲ့ ကာချုပ်မိန့်ခွန်း

၂၀၁၃ နိုဝင်ဘာလက အုပ်ချုပ်မှုမွမ်းမံသင်တန်းဆင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်းဆိုတာ ဖတ်လိုက်ရတယ်။ မိန့်ခွန်းအစမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အရင်ဆုံးတိုင်တည်သစ္စာပြုတာ တွေ့လိုက်ရပါတယ်။ တပ်တည်ဆောက်ရေး တာဝန်ကြီးလေးရပ်ဆိုတာကို ပြောပါတယ်။ တပ်ကိုစစ်အုပ်စုတခုတည်းရဲ့ ခါးပိုက်ဆောင် တပ်ဖြစ်မြဲဖြစ်နေအောင် ချမှတ်ထားတဲ့ တာဝန်လေးရပ် ဖြစ်နေတာတွေ့ရတယ်။ တပ်ကိုသက်သာချောင်ချိရေးနဲ့ တည်ဆောက်ရမယ်လို့ ပါတယ်။ လူထုအပေါ် အဲဒီလုပ်ပေးဖို့ စေတနာတော့ ဖော်ပြသံ မကြားဖူးဘူး။ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့လက်ထက်က စခဲ့တဲ့ ဒီအက်စ်အိုင်လို တပ်သက်သာချောင်ချိရေး အစီအစဉ်တွေမှာ နောက်ဆုံးတော့ ထိပ်ပိုင်းအရာရှိတွေပဲ ချောင်လည် သူဌေးဖြစ်သွားတာတွေ တွေ့ခဲ့ရတယ်။ ဒီနေ့ဆိုရင် ပိုဆိုးတယ်။…

ရွေးကောက်ပွဲကော်မရှင်ရောက် စစ်တပ်ကမိုးကျရွှေကိုယ်တွေ

ရွေးကောက်ပွဲကော်မရှင်ရောက် စစ်တပ်ကမိုးကျရွှေကိုယ်တွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လက်ထောက်ညွှန်မှူးအဆင့် အရာရှိကြီးတွေအဖြစ် တာဝန်ထမ်း ဆောင်ဖို့ စစ်ဘက်အရာရှိ ၆၀ ဦးကို တာဝန်ပေးခန့်ထားလိုက်တယ်ဆိုတဲ့ သတင်းကို ကော်မရှင်က ထုတ်ပြန်ခဲ့တာ တွေ့လိုက်ပါတယ်။ ဒါကို မေးမြန်းကန့်ကွက်သံတွေ ထွက်လာတော့ ၀န်ကြီးဌာနအသီးသီးကို ၀န်ထမ်းတွေလွှဲပြောင်းပေးဖို့ တောင်းခံရာမှာ ဘယ်ဝန်ကြီးဌာနကမှ မပေးဘဲ ကာကွယ်ရေးဝန်ကြီးဌာနကသာ ပေးခဲ့လို့ အခုလိုခန့်အပ်ခဲ့ရတာ ဖြစ်တယ်လို့ ကော်မရှင်က ဖြေရှင်းတာလည်း တွေ့လိုက်ရပါတယ်။ ဒါဘယ်က မြစ်ဖျားခံခဲ့သလဲ ဆိုတာကို ပြန်လည်လေ့လာကြည့်တဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲစာရင်း…

ဘာမှန်းဘယ်သူမှ မသိရတဲ့ စာချုပ်တွေ

ဘာမှန်းဘယ်သူမှ မသိရတဲ့ စာချုပ်တွေ ခုတလောမြစ်ဆုံစီမံကိန်းပြန်စဖို့ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းတွေ ပြန်ထွက်လာပါတယ်။ သက်ဆိုင်ရာ တရုတ်ကုမ္ပဏီဘက်ကလည်း သတင်းစာရှင်းလင်းပွဲတွေ ဘာတွေလုပ်ပြီး သူတို့ဘက်က ဘယ်လို လူမှုရေးဆိုင်ရာ တာဝန်ယူမှု တွေလုပ်ထားတယ်ဆိုတာ အခုတလောခေတ်စားနေတဲ့ CSR (corporate social responsibility) ကိုသုံးပြီး ပြောသွားတာလည်း ကြားလိုက်ရပါတယ်။ တချိန်က အငြင်းအခုံအကြီးအကျယ် ဖြစ်ခဲ့ရတဲ့ ပတ်ဝန်းကျင် ထိခိုက်မှုကိစ္စ EIA (Environment Impact Assessment) ဆိုတာကိုတော့ သိပ်အကျယ်တ၀င့်ပြောသံ မကြားလိုက်ရပါဘူး။ တချိန်တည်းဖြစ်ခဲ့တဲ့ SIA (Social Impact Assessment)…

လူသတ်သမားကိုသူရဲကောင်းလုပ်နေကြတယ်

လူသတ်သမားကို သူရဲကောင်းလုပ်နေကြတယ် အစ္စရေးလ်မှာ ရှာရွန်ရောဂါအသဲအသန်ဖြစ်ပြီး နိုင်ငံရေးလောကကို ပြန်မ၀င်နိုင်တော့တာ သေချာသွားပြီဆိုတော့ အဲဒီ တိုင်းပြည်က နိုင်ငံရေးလောကတခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ တလောတုန်းကမှ သူတည်ထောင်ခဲ့တဲ့ ကာဒီမာ (Kadima Party) မှာ မေးခွန်းထုတ်စရာတွေ အများကြီးပေါ်ထွက်လာလို့ ဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပါတီ၊ ဒီလူ့အဖွဲ့အစည်းဟာ ကွဲပြားနေတာတွေ များလွန်းလို့ လူတယောက်ထဲက အထက်ကနေပြီး အားလုံးကို ထိန်းညှိထားနိုင်တဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ သူမရှိတော့ရင် အထက်ကနေ ထိန်းထားမယ့်လူ မရှိတော့တဲ့အနေအထားလည်း ဖြစ်ပါတယ်။ မာ့က်စ်ပြောတဲ့ “လူတန်းစားတိုက်ပွဲဟာ သာမန်အရည်သွေးမျှသာရှိတဲ့…

တန်ရာတန်ရာပြောပါစေ

တန်ရာတန်ရာပြောပါစေ ပြီးခဲ့တဲ့ဇန္န၀ါရီလ ၁ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ၀န်ကြီးဗိုလ်အောင်မင်းက သူတို့လုပ်နေတဲ့“ငြိမ်းချမ်းရေး”ဟာ ပင်လုံညီလာခံထက်ကျယ်ပြန့်တယ်လို့ ပြောသွားတာကြား လိုက်ကြမယ် ထင်ပါတယ်။ သူ့စကားလုံးအတိအကျက “ကျွန်တော်တို့ ဒါလုပ်တာ ပင်လုံထက်ကျယ်ပြန့်တယ်” တဲ့။ ရာရာစစ။ သူအကြောင်းပြတာက ပင်လုံညီလာခံတုန်းက တိုင်းရင်းသား ၄ မျိုးသာ ပါဝင်ပြီး အခုသူတို့ MPC က လုပ်နေတဲ့ လုပ်ငန်းမှာတော့ တိုင်းရင်းသားအများကြီးပါတယ်လို့ ဖြစ်ပါတယ်။ အရေအတွက်စကား ပြောလှပါကလား။ ဗမာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ…