ရွှေပြည်မသာနိုင်သေးတဲ့ ဗမာပြည်က ရွှေပြည်သာ အလုပ်သမားသပိတ်

ယနေ့ ရွှေပြည်သာစက်မှုဇုန်နယ်မြေမှ အလုပ်သမားသပိတ်များမှာ အလုပ်သမားများ၏ ဘဝအခြေအနေက ပြဌာန်းလိုက်သဖြင့် ဖြစ်ပေါ်လာသော သပိတ်တိုက်ပွဲများ ဖြစ်သည်။ အလုပ်သမားများကို တိုက်ပွဲဝင်စေဖို့ နောက်ကွယ်က ကြိုးကိုင်သူကို အထူးရှာစရာမလို။ သူတို့၏ ဝမ်းပိုက်ပြဿနာက သူတို့ကို ကြိုးကိုင်ထားသည်။ ယနေ့ ဗမာပြည်တွင် ဖြစ်ပေါ်လာနေသော အလုပ်သမားသပိတ်တိုက်ပွဲများ၊ လယ်သမားသပိတ်တိုက်ပွဲများသည် ဗမာပြည်၏ စီးပွားရေးရုပ်ဘဝ ပြဌာန်းမှုကြောင့် ပေါ်ထွက်လာသော ရလဒ်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ တိုက်ပွဲဝင်နေကြသော အလုပ်သမားများ၏ လစာငွေမှာ တလ ကျပ်ငွေ လေးသောင်းမှ ရှစ်သောင်းသာသာလောက်ရသော အလုပ်သမားများက အများစု ဖြစ်နေသည်။ အထည်ချုပ်အလုပ်သမားများသည် မနက် ၈ နာရီမှ ၄ နာရီ ၄၀ မိနစ်အထိ အလုပ်လုပ်ရသည်။ ညနေ ၄ နာရီ ၄၀ မိနစ်မှ ၇ နာရီခွဲအထိ အချိန်ပို အလုပ်ဆင်းရသည်။ အချိန်ပို လုပ်ခကြေးမှာ တနာရီကို သုံးရာသုံဆယ့်ခုနှစ်ကျပ် ဖြစ်သည်။ စုစုပေါင်း အလုပ်လစာမှာ အချိန်ပိုမဆင်းနိုင်ပါက လေးသောင်းငါးရာသာရ၍ အချိန်ပိုဆင်းပါမှ ခုနှစ်သောင်း… Read More »

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဗကပ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်

ရဲဘော်ကြင်မောင် (သို့မဟုတ်) စူးရှတောက်ပသော ကြယ်နီတပွင့်

ဗမာပြည်ရဲ့ကြယ်နီသို့ နှလုံးသားဖြင့် ဦးညွှတ်ခြင်း

အမှတ်တရ ရဲဘော်ထွန်း

ဗဟိုစည်းရုံးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက် ၁-၂၀၁၅

၂၀၁၅ နှစ်သစ်မှာ ပြည်ထောင်စုနိုင်ငံတော်သစ်တရပ် ပေါ်ထွန်းဖို့ ၀ိုင်းဝန်းကြိုးပန်းကြပါစို့

>