ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ ထူးခြားချက်တရပ်ကတော့ နိုင်ငံရေးအင်အားစု ၉၀% ကျော်တို့က ဒီမိုကရေစီရရှိရေး/ထူထောင်ရေး ကြွေးကြော်သံကို ထိပ်ဆုံးမှာထားကြတာပဲ။ လူထုဆီက မဲရဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အာဏာတည်မြဲရေးအတွက် လူထုကို လိမ်ညာဖို့ပဲဖြစ်ဖြစ် အားလုံးက ဒီစကားကို ပြောကြရပါတယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီမရှိသေးဘူး။ လူထုဟာ ဒီမိုကရေစီကို တောင့်တလိုလားတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အခါလောက် အစိုးရရဲ့အဖွဲ့အစည်း မဟုတ်သူတွေ ကွဲပြားနေ၊ လက်မတွဲနိုင်ဘဲဖြစ်နေကြတာ ဒီနေ့ပဲရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအကြားက တပ်ပေါင်းစုဖွဲ့တာတွေ ကစင့်ကလျားဖြစ်ပြီး တချို့သဏ္ဍာန်လောက်ကျန်တာ၊ ဥပဒေတွင်း လှုပ်ရှားနေသူတွေချင်း တူတာတွေ တွဲလုပ်ဖို့မစဉ်းစားကြတာ၊ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေကြတာ စတာတွေကလည်း စောင့် ကြည့်နေသူတွေအဖို့ မမြင်ချင့်အဆုံးလို ဖြစ်နေပါတယ်။ ဒါတွေနဲ့တဆက်ထဲ မြင်တွေ့နေရတာတွေကတော့ နိုင်ငံရေးအင်အား စုတွေဟာ ဒီကနေ့ ဗမာနိုင်ငံ အနှံ့အပြားမှာ တနေ့မပြတ် အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ အောက်ခြေပြည်သူလူထုတွေရဲ့ တိုက်ပွဲတွေကို မပါဝင်၊ မထောက်ခံရုံမက သူတို့ရဲ့သဘောထား မှတ်ချက်စကားလေးတောင် မပြောတာပါပဲ။… Read More »