သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ
သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ (၃၀-၁၀-၂၀၁၅) “၂၀၁၅ ရွေးကောက်ပွဲ ”မကြာခင်ကျင်းပတော့မယ်။ ရက်ပိုင်းသာ လိုပါတော့တယ်။ ရွေးကောက်ပွဲကို အောက်ပါအချက်တွေကြောင့် စိတ်ဝင်စားပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ် အစအဆုံးမှာ အာဏာရကြံ့ဖွံ့ပါတီအစိုးရ၊ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင်တို့ ဘယ်လိုနည်းတွေသုံးပြီး ညစ်ပတ်ကြသလဲ။ ညစ်ပတ်မှုမျိုးစုံကို အတိုက်အခံပါတီတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းသွားကြသလဲ။ ရွေးကောက်ပွဲက ပြည်သူများအတွက် ဘယ်လိုအတွေ့အကြုံနဲ့ သင်ခန်းစာတွေရရှိနိုင်သလဲ စတဲ့အချက်တွေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ တကယ်တော့ အတိုက်အခံပါတီများအဖို့ “၂၀၁၅ ရွေးကောက်ပွဲ”ဟာ ရွေးကောက်ပွဲဆိုတာထက် ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ စစ်တပ်တို့ရဲ့ညစ်ပတ်မှုမှန်သမျှကို ရင်စည်းခံပြီး ယှဉ်ပြိုင်နေတဲ့ပွဲသာ ဖြစ်တယ်လို့ဆိုရင် အဖြစ်မှန်နဲ့ အတော်နီးစပ်ပါလိမ့်မယ်။ ဒါကြောင့် “၂၀၁၅ရွေးကောက်ပွဲ”ကို အစိုးရနဲ့ အတိုက်အခံတို့က ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကိုယ် “အပြောင်းအလဲ” ဖြစ်တယ်တို့၊“သမိုုင်းဝင်တယ်”တို့ စသဖြင့် ဘယ်လိုပဲ အမြီးတပ်အမွှမ်းတင်ကာ ပြောဆိုနေပါစေ “၂၀၁၅ ရွေးကောက်ပွဲ” ဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့မတရားမှု၊ သိက္ခာမဲ့မှုနဲ့ညစ်ပတ်မှုမျိုးစုံကို မှတ်တမ်းတင်ရမယ့်ပွဲဖြစ်သလို၊ အတိုက်အခံပါတီများ လည်စင်းခံရတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို မှတ်သားထားရမယ့်ပွဲလည်း ဖြစ်ပါတယ်။ “၂၀၁၅ ရွေးကောက်ပွဲ”… Read More »




