အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၈)
aydb2-8download
aydb2-8download
စစ်အေးစစ်ပွဲဆိုတာကြီး ပြီးသွားတာ အနှစ်သုံးဆယ်နီးပါး ရှိပြီဖြစ်ပေမယ့် စစ်အေးစစ်ပွဲပြီးဆုံးသွားတာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နယ်မြေလုပွဲတွေကတော့ ဒီနေ့အထိ မပြီးဆုံးနိုင်တာကို ကမ္ဘာအနှံ့အပြားမှာ တွေ့နေကြရပါတယ်။ စစ်အေးစစ်ပွဲနဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့အကြားမှာ မတူတာတခုက တကယ်အားပြိုင်တဲ့ဘက်နှစ်ဘက်တို့ တဦးနဲ့တဦး ထိပ်တိုက်စစ်ရေးအရ မရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ကမ္ဘာစစ်တွေဟာ နယ်မြေလုတဲ့စစ်ပွဲလို့ ခေါ်ဆိုနိုင်သလို စစ်ကြီးတွေ ပြီးသွားတဲ့အခါမှာလည်း ကိုလိုနီ၊ ဒါမှမဟုတ် ကိုလိုနီတပိုင်းနိုင်ငံတွေ၊ သြဇာခံနယ်မြေတွေ ခွဲဝေပြီးသားဖြစ်သွားပေမယ့် စစ်အေးစစ်ပွဲ ပြီးသွားတဲ့နောက်မှာတော့ နယ်မြေလုပွဲ၊ သြဇာခံဒေသလုပွဲတွေဟာ ဒီတော့မှ စတယ်လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို…
ရက်စွဲ- ၂ဝ၁ရခုနှစ်၊ မတ်လ ၂၈ရက်။ သို့- သဘာပတိအဖွဲ့ (၂ဝ)ကြိမ်မြောက်ပါတီကွန်ဂရက် ဂရိကွန်မြူနစ်ပါတီ မှ- ဗဟိုစည်းရုံးရေးကော်မတီ ဗမာပြည်ကွန်မြူနစ်ပါတီ အကြောင်းအရာ။ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း။ ချစ်လှစွာသောရဲဘော်များခင်ဗျား- ရဲဘော်တို့နှင့်ကွန်ဂရက်ကိုတက်ရောက်လာသူများ၊ ဂရိကွန်မြူနစ်ပါတီဝင်များအား ဂုဏ်ယူ၊ ကျေနပ်မှုအပြည့်ဖြင့် ဤညီနောင်ချင်းဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ကမ္ဘာအဝှမ်းရှိညီနောင်ပါတီများ၏ လုပ်ဆောင်မှုများကို အတတ်နိုင်ဆုံး မျက်ခြေမပြတ်အောင် လုပ်နေပါသည်။ ဂရိကွန်မြူနစ်ပါတီကွန်ဂရက်တွင် ဖတ်ကြားမည့်စာတမ်းကို ဖတ်ရသောအခါ လွန်စွာမှ အားတက်ရပါသည်။ ဗမာနိုင်ငံမှ အဖိနှိပ်ခံပြည်သူများအတွက် နည်းနည်းမှ အကျိုးမရှိသော နိုင်ငံကြီးများအတွင်း အားပြိုင်မှုမှာ သိသိသာသာ ထင်ရှားလာနေပြီး ဤသည်က…
ToCPgreece20 Th by aungpwe on Scribd toCPgreece20 th
pd40
သတင်းနှင့် မှတ်ချက် (၂၉-၁၁-၂၀၁၆) – ကာချုပ်က နိုဝင်ဘာလ ၂၆ ရက်နေ့က ကာကွယ်ရေးတက္ကသိုလ်မှာ ပြောသောမိန့်ခွန်းတွင် ‘အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်”အကြောင်း ထည့်သွင်းပြောဆိုပြီး မျက်ရိပ်ပြလိုက်သည်။ – ၁၃ ပါတီတို့က အမျိုးသားကာကွယ်ရေးှနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံး ခေါ်ဆိုရန် နိုဝင်ဘာ ၂၈ ရက်နေ့မှာ နှပ်ကြောင်းပေး လမ်းခင်းလိုက်ပြန်သည်။ – ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အရ အာဏာအားလုံးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချုပ်ကိုင်ခွင့် ရယူတော့မှာလား။ – ရခိုင်ပြည်နယ် အရေးအခင်း၊ အရှေ့မြောက်ဒေသ…