ကျေးရွာ စည်းရုံးရေးတာဝန်ခံ
စခန်းမှ နေ့ဝက် ခြေကျင်ခရီးလောက်ဝေးသော တဲစုတစုမှာ စပါးကူရိတ်ပေးရာမှ စခန်းသို့ ပြန်အရောက်တွင် ခရိုင်အတွင်း ရေးမှူးက ကျွန်တော့်ကို တာဝန်ပေးသည်။ ကျောက်တောင်ရွာ စည်းရုံးရေးတာဝန်ခံအဖြစ်ဆောင်ရွက်ရန်ဖြစ်သည်။ “ကျွန်တော်တို့မှာ ခင်ဗျားသိတဲ့အတိုင်း ဒီရွာတရွာပဲ ရှိတော့တယ်။ အဲဒီရွာကို ကျွန်တော်တို့ စနစ်တကျ တည်ဆောက် ရ မယ်” ဟုလည်းပြောပါသည်။ (၁၉၉၁)ခုနှစ် မိုးဦးကျတွင် ရန်သူက ကျွန်တော်တို့ပါတီနယ်မြေတွင် ဖြတ်လေးဖြတ် စစ်ဆင်ရေးစခဲ့သည်။ စစ်ဆင်ရေးကို ရေပက်စစ်ဆင်ရေးဟု ခေါ်ကြောင်း သိရသည်။ ငါးနှင့်တူသော ကျွန်တော်တို့တပ် အသက်မရှင်နိုင်အောင် ရေနှင့်တူသော ကျွန်တော်တို့၏ အခြေခံဒေသ ပြည်သူများကို သူတို့ မျက်စိအောက် နေရာသို့ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ခြင်းပင် ဖြစ်သည်။ နိုင်သလောက်ပစ္စည်းမျှသာ ယူဆောင်ပြီး၊ ချက်ချင်း ပြောင်းရွှေ့ခိုင်းခြင်း တနည်းအားဖြင့် ရွာများမှ နှင်ထုတ်၊ မောင်းထုတ်ခြင်းပင်။ အသုဘအိမ် ကိုပင် အလောင်း မြေမြှုပ် သင်္ဂြိုဟ်ခွင့်မပေးချေ။ ဆောင်းလယ်လောက်မှာ သည်နယ်သို့ ကျွန်တော် ရောက်လာခဲ့ခြင်းဖြစ်ရာ၊ လူသူကင်းမဲ့သော ရွာများကို ဖြတ်လာခဲ့စဉ်က စိတ်ထဲမှာ ကြေကြေကွဲွဲကွဲ နာနာကြည်းကြည်း… Read More »




