အထိမခံတဲ့ ပြစ်မှုများ (လှသောင်း)

အထိမခံတဲ့ ပြစ်မှုများ (လှသောင်း) ဘယ်ပြည်သူမဆို အချိန်မရွေးဖမ်းဆီးချုပ်နှောင် ထောင်ချခံရနိုင်ခြင်းဆိုတဲ့ ဖက်ဆစ်ခြိမ်းခြောက်မှုကို စစ်အုပ်စုက ဖန်တီးထားတယ်၊ သူတို့က ဒီပြစ်မှုကို လက်ညှိုးအထိုးမခံပေမဲ့ ရံဖန်ရံခါ ဝန်ထုပ်ခါတဲ့သဘော လွတ်ငြိမ်းခွင့်ပေးတာလေးတွေကိုတော့ လူထုက ကျေးဇူးတင် ကြိုဆိုပေးရမယ့်သဘောဖြစ်နေပါတယ်။ ထုနဲ့ထည်နဲ့ ကျုးလွန်ခဲ့တဲ့ လယ်သိမ်းယာသိမ်းပြစ်မှုများကိုလည်း တို့ထိလို့မရပေမယ့် အသုံးမလိုတဲ့ မြေအနည်းအကျဉ်း ပြန်စွန့်ပေးတာလေးတွေကိုတော့ လူထုက အမျက်ဖြေကြေအေးပေးရမယ့်သဘော ဖြစ်နေပြန်ပါတယ်။ အလေးထားပြောလိုတာက စစ်အုပ်စုဟာ ပြည်သူအပေါ်ကျူးလွန်ထားတဲ့ပြစ်မှုတွေကို ဝန်ခံဖို့ဝေလာဝေး အတို့အထိတောင်မခံဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ဂျူလိုင်-၇ ကျောင်းသားသတ်ဖြတ်မှု၊ သပိတ်အလုပ်သမားများကို သတ်ဖြတ်မှု၊ ၈၈ အရေးတော်ပုံနှောင်းပိုင်းကာလမှာ ပြည်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဒီပဲရင်းလုပ်ကြံမှု၊…

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက်

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက် ၁။ ယခုအခါ COVID-19 ကူးစက်မြန်ရောဂါသည် ရခိုင်ဒေသအတွင်း အလျှင်အမြန်ပျံ့နှံ့နေကြောင်းသတင်းများ ကြားသိနေရပါသည်။ ဩဂုတ်လ ၁၆ မှ ၂၃ ရက်နေ့ည ၈ နာရီအထိ ရောဂါပိုးတွေ့ရှိသူ ၅၉ ဦးအထိရှိလာပြီ။ တပြည်လုံး ကူးစက်ခံရသူစုစုပေါင်း ၄၅၀ ဦး ရှိခဲ့ပြီ။ ကျန်းမာရေးဝန်ကြီးဌာနသတင်းများအရ ယခုကူးစက်မှုမှာ မျိုးဗီဇပြောင်းလဲနေသော ဗိုင်းရပ်စ်အမျိုးအစား ဖြစ်နိုင်သောကြောင့် ကူးစက်မှုနှုန်း ဆယ်ဆမြန်ကြောင်းနှင့် ဒုတိယလှိုင်း တကြော့ပြန်လာတာဖြစ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ကာကွယ်ဆေးစမ်းသပ်ခြင်းနှင့် ကာကွယ်ဆေးလူတိုင်းစေ့ဖြန့်နိုင်ရေးမှာ နှစ်ချီကြာဦးမှာဖြစ်ကြောင်း…

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်(နီအောင်ဝေ)

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ် (နီအောင်ဝေ) စစ်အုပ်စုက ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်နဲ့ တဆင့်ပြီးတဆင့် ‘ဒီမိုကရေစီ အခင်းအကျင်း’ တခုကို ဦးတည်ပုံဖော်ခဲ့ပါတယ်။ ပြည်သူတွေက အညာမခံပါဘူး။ ၂၀၀၇ မှာ လူထုတိုက်ပွဲနဲ့ဖျက်သိမ်းပစ်ဖို့ကြိုးစားပါတယ်။ လူထုအုံကြွမှုကို ပြင်းပြင်းထန်ထန်ဖိနှိပ်ဖြိုခွဲပြီး တနှစ်မပြည့်ခင် ၂၀၀၈ နာဂစ်ကာလမှာ သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုလိုက်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ပါတီကြံ့ဖွံ့ကို အာဏာလွှဲပြီးတဲ့အခါ လမ်းပြမြေပုံအတိုင်း သူတို့လိုရာပန်းတိုင်ကို ရောက်သွားပါပြီ။  လမ်းပြမြေပုံရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ သူတို့ရဲ့ပန်းတိုင်ပါ။ ဒါပေမဲ့ အဲဒီလို သူတို့တည်ဆောက်ထားတဲ့ ဒီမိုကရေစီအရေခြုံ နိုင်ငံတော်သစ် မပြိုလဲအောင်…

ဂျင်နီ့ဘဝရုပ်ပုံလွှာ(သိန်းထွန်းနိုင်)

ဂျင်နီ့ဘဝရုပ်ပုံလွှာ (သိန်းထွန်းနိုင်) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —— မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ…

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ)

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၀ သြဂုတ် ၅ နေ့စွဲနဲ့ သတင်းတပုဒ်ဖတ်ရတယ်။ လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ဦးအား ခံဝန်ဝရမ်းထုတ်ပြီး ရုံးချိန်းထပ်မံပျက်ကွက်ပါက ဒဏ်ငွေသိန်း၅၀ ဆောင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့ဆိုတယ်။ မလာရင်ခွင့်မဲ့ဝရမ်းထုတ်မယ်။ တရားခံပြေး အဖြစ်ကြေညာမယ်။ ရဲကိုလွှတ်လိုက်ပြီး ရှာမယ်။ ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် တွေ့တဲ့နေရာဖမ်းမယ်လို့ ဆိုတယ်။ ဖြစ်စဉ်မှာ ဆန္ဒပြသပိတ်စခန်းဖွင့်တောင်းဆိုမှုကြောင့် အလုပ်သမား ၉၇ ဦးအား လှိုင်သာယာမြို့နယ် အလဆဦးစီးမှုးဦးသိန်းမင်းထွန်းက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ…

ကိုဗစ်လွန် ပုံမှန်အနေအထားသစ်(ညီဌေးကျော်)

ကိုဗစ်လွန် ပုံမှန်အနေအထားသစ် (ညီဌေးကျော်) ဩဂုတ်လလယ်မှာစတင်လာတဲ့ COVID-19 ဒုတိယလှိုင်းဟာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ရန်ကုန်ကို ဗဟိုပြုပြီး အကြီးအကျယ်ပျံ့နှံ့နေပါပြီ။ (၁၆−၁၀−၂၀၂၀ ည ၈ နာရီသတင်းအရ စုစုပေါင်းအတည်ပြုလူနာ ၃၃၄၈၈ ဦး၊ သေဆုံး ၇၉၉ ဦး ရှိပြီဖြစ်ပါတယ်)။ ဘယ်လောက်ထိ တိုးဦးမလဲ၊ ဘယ်တောါ့ထိန်းချုပ်နိုင်မလဲက ရေရေရာရာမရှိပါဘူး။ သာမန်လူထုသာမက ဆေးဝန်ထမ်းတွေ ဘုန်းကြီးတွေ သီလရှင်တွေ စစ်သားရဲသားတွေ ဝန်ထမ်းနဲ့အလုပ်သမားတွအထိ ပျံ့နှံ့နေပါပြီ။ ကျောင်းတွေပိတ်ထားလို့ တော်တော့တယ်။ (ရွေးကောက်ပွဲက ကိုဗစ်နဲ့တန်းတူမက ပိုအရေးကြီးတာကြောင့်) လူစုလူဝေးနဲ့ ဟေးလားဝါးလား မဲဆွယ်ပွဲတွေတော့ခွင့်ပြုထားပါတယ်။      ကုလသမဂ္ဂကော ပြည်သူတရပ်လုံးကပါ ရခိုင်စစ်ပွဲရပ်ဖို့…