ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ (လှကျော်ဇော)
ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။ ဆောင်းပါးအမှတ်( ၅၄)။ ဖေဖေနဲ့ရဲဘော်တင်ရီ။ အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —ဟာ –ဟာ -ခင်ဗျား ခင်ဗျား သခင်ဇင်နောက်ကပါလာတဲ့ ဝေါကပြည်သူ့စစ်ခေါင်းဆောင်မဟုတ်လား။—– ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီကိုရောက်လာပြီးနောက် ဖေဖေနဲ့ကျွန်မကို ရဲဘော်ထွန်းက ဥက္ကဋ္ဌသခင်ဗသိန်းတင်နဲ့တွေ့ဖို့ ခေါ်သွားပါတယ်။ အဲဒီကာလက ဥက္ကဋ္ဌဦးစီးတဲ့ ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကေ-အိုင်-အေအဖွဲ့ ခေါင်းဆောင်ဦးဘရန်ဆိုင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပေါင်းစုဖွဲ့ရေးဆွေးနွေးနေတဲ့ကာလပါ။ အစည်းအဝေးရှိတဲ့နေ့တွေမှာဆိုရင် မနက်အစောစာ အားလုံးစားပြီးရင် ကျွန်မတို့သားအဖက ကိုယ့်အခန်းကိုယ်ပြန်လာပါတယ်။ ဖေဖေနဲ့(ဂျပန်ခေတ်ဘီဒီအေကာလကတည်းက) ရင်းနှီးတဲ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဆင်းတွေဖြစ်တဲ့ ရဲဘော်မျိုးမြင့်(ရဲဘော်အောင်-နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)နဲ့ဗိုလ်သန်းရွှေ(၇၅ ဗဟိုကော်မတီ) တို့နှစ်ယောက် တယောက်တလှည့် ကျွန်မတို့သားအဖအခန်းကိုလာပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပါတီတွင်းအခြေအနေတွေကို မိတ်ဆက်ပေးပါတယ်။ တနေ့တော့ ဒီနေ့အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးရဲဘော်တင်ရီ(နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)ရောက်မယ်လို့ကြားထားပါတယ်။ နေ့လည်ထမင်းစားခန်းမှာ အားလုံးဆုံတော့ ဥက္ကဋ္ဌက ရဲဘော်တင်ရီနဲ့မိတ်ဆက်ပေးချိန်မှာ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း ဖေဖေကတအံ့တသြပြောလိုက်တာပါ။ ရဲဘော်တင်ရီကဘာမှပြန်မပြောဘဲ သူ့သင်္ကေတမချိုမချဉ်ပြုံးထေ့ထေ့နဲ့…
